Auto Screen On/Off Apps









ဂိမ်းဆော့တဲ့အခါ Video ကြည့်တဲ့အခါတွေမှာ disable ပြုလုပ်ထားနိုင်လို့ တန်ဖိုးနည်းတန်ဖိုးသင့် Android စမတ်ဖုန်းတွေ Tablet တွေနဲ့အထူးသင့်တော်လှပါတယ်…

  
Android စမတ်ဖုန်းတွေပေါ်ကာစအချိန်တုန်းက စမတ်ဖုန်းနဲ့အတူ တွဲဖက်အသုံးပြုလေ့ရှိတဲ့ အသုံး အဆောင်တစ်ခုကတော့ Flip- cover လို့ခေါ်တဲ့ စမတ်ဖုန်းကိုနောက်ကျောဘက်ရော ရှေ့ဘက်မျက်နှာစာ ပါ စာအုပ်သဖွယ်ဖုံးအုပ်ကာကွယ်ပေးထားတဲ့ ဖုန်းကာဗာတစ်မျိုးပါပဲ၊ နောက်ပိုင်းမှာ စမတ်ဖုန်းတွေရဲ့ Light sensor, Priximity Sensor တွေကိုအသုံးချပြီး flip-cover အဖွင့်/အပိတ် လုပ်လိုက်တာနဲ့ စမတ်ဖုန်းရဲ့ မျက်နှာပြင်ဟာ အလိုအလျောက်ဖွင့်ပြီး/ ပိတ်ပြီးသားဖြစ်အောင် အသုံးပြုကြပါတယ်။ 

ဒီတစ်ခါမှာစမတ်ဖုန်းရဲ့ မူလPower button ကို အသုံးပြုရတဲ့အကြိမ်ရေလျော့နည်းသွားတာကြောင့် အပျက်သက်သာတဲ့အပြင် အသုံးပြုရပိုမိုလွယ်ကူလာတာကြောင့် အတော်များများအကြိုက်တွေ့ခဲ့ကြ ပါတယ်။ ဒီလုပ်ဆောင်ချက်ကို Smart Cover လို့ခေါ်တဲ့ အလိုအလျောက်အဖွင့်အပိတ်ကို လုပ်ဆောင်ပေးနိုင်တဲ့ Apps လေးနဲ့တွဲဖက်ပြီး အသုံးပြုကြရပါတယ်။ ဒါပေမဲ့ ခုနောက်ပိုင်းမှာ Smart Cover Apps ထက် ပိုမိုကောင်းမွန်တဲ့ ဘက်ထရီရော resource ပါ အသုံးပြုမှုအလွန်နည်းပါးတဲ့ Auto Screen On/Off Apps လေးကို ပြောင်းလဲအသုံးပြုလာခဲ့ကြပါတယ်။ 

အထူးသဖြင့် တန်ဖိုးသင့်တင့်ပြီး proximity sensor သာ အဓိကပါဝင်တဲ့ ဈေးချိုစမတ်ဖုန်းတွေမှာ flip-cover နဲ့အတူ အလိုအလျောက်အဖွင့်အပိတ်ပြုလုပ်ချင်တဲ့အခါ ဒီ Apps ထည့်သွင်းပေးထား ရမှာဖြစ် ပါတယ်။ Android Tablet တွေမှာလည်း flip-cover နဲ့အတူ တွဲဖက်အသုံးပြုနိုင်တာကြောင့် အလွန်အသုံးဝင်လှတဲ့ Apps လေးပဲဖြစ်ပါတယ်။ proximity sensor ကို အသုံးပြုတဲ့ အခြား Apps တွေနဲ့လည်း အနှောင့်အယှက်ကင်းကင်း အသုံးပြုနိုင်ပြီး ဂိမ်းဆော့တဲ့အခါ video ကြည့်တဲ့အခါတွေမှာ disable ပြုလုပ်ထားနိုင်သလို အချိန်တစ်ခုသတ်မှတ်ကာ အလိုအလျောက်ရပ်နားထားနိုင်တဲ့အတွက် တန်ဖိုးနည်းတန်ဖိုးသင့် Android စမတ်ဖုန်းတွေ Tablet တွေနဲ့ အထူးသင့်လျော်လှပါတယ်။
ပထမဆုံးပေးထားတဲ့ Link http://1DSbbM5ကနေ Apps ကို ထည့်သွင်းပါ။ ပြီးရင် Apps ကို ဖွင့်လိုက်ပါ။ အရင်ဆုံးလက်ရှိထည့်သွင်းထားတဲ့ Apps ရဲ့ version တွေအလိုက် ဘာတွေကိုပြင်ဆင်ခဲ့တယ်ဆိုတဲ့ history ကို တွေ့ရပါလိမ့်မယ်။ OK ကိုနှိပ်ပါ။ ပြီးရင် Appကို စတင်အသုံးပြုဖို့အတွက် Enable ကို On ပေးရပါမယ်။

2/Enable ကို On လိုက်တာနဲ့ device administer ကို activate လုပ်ဖို့ပေါ်လာပြီး Activate ပြုလုပ်ပေးလိုက်ပါ။ ပြီးရင် Enable ကို On ထားတာမြင်ရမှာဖြစ်ပါတယ်။ အခုဆိုရင် များသောအားဖြင့် စမတ်ဖုန်းရဲ့အရှေ့ဘက် ကင်မရာနားမှာရှိတတ်တဲ့ proximity နားကို လက်ဝါးနဲ့အုပ်ကြည့်လိုက်ပါ။ စမတ်ဖုန်းရဲ့မျက်နှာပြင်ပိတ်သွားမှာဖြစ်ပြီး ပြန်ဖယ်လိုက်ရင်တော့ မျက်နှာပြင်ပြန်ပွင့်သွားမှာဖြစ်ပါတယ်။ ဒါဟာ flip-cover နဲ့ တွဲဖက်အသုံးပြုဖို့အဆင်သင့်ဖြစ်နေပြီဆိုတဲ့သဘောဖြစ်ပါတယ်။

ပြီးရင်အောက်နားလေးမှာရှိတဲ့ “which apps to exclude” ဆိုတဲ့ နေရာလေးကတော့ ဘယ် Apps တွေအသုံးပြုနေတဲ့အချိန် ဒီ Auto Screen On-Off Apps ကို ယာယီပိတ်ထားပေးမလဲဆိုတာ ရွေးချယ်ပေးရမှာဖြစ်ပါတယ်။ ဥပမာ ကင်မရာရိုက်နေတုန်း ပိတ်သွားတာမျိုး၊ ဂိမ်းဆော့နေတုန်း ပိတ်သွားတာမျိုးမဖြစ်ရအောင် ကိုယ့်စိတ်ကြိုက် Apps တွေကို ရွေးထည့်ပေးပါ။ 

ဒါဆိုရင် ဒီလိုရွေးချယ်ပေးထားတဲ့ Apps တွေအသုံးပြုနေတဲ့အချိန်မှာ ဒီ Apps လုံးဝအလုပ်လုပ်မှာ မဟုတ်ပါဘူး။ Apps ရဲ့အောက်နားလေးကိုဆက်ပြီးဆင်းသွားရင်တော့ Advanced ရဲ့အောက်မှာ ဆက်ပြီးတွေ့ရမှာတွေကတော့ Notification Bar မှာဖော်ပြစေတာမျိုး၊ မျက်နှာပြင်ပိတ်သွားတဲ့အခါ အသံမြည်တာမျိုး၊ vibrate ဖြစ်တာမျိုးကို ရွေးချယ်ထားနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် အောက်ဘက်ကိုဆက်သွားလိုက်ပြီး Sleep Time Setting နေရာမှာတော့ Disable While Sleep ကို ရွေးချယ်ကာ Start Time, End Time ကို ထည့်သွင်းပေးပြီး ကိုယ်သတ်မှတ်လိုက်တဲ့ အချိန်တစ်ခုအတောအတွင်း ဒီ Apps ကို အလိုအလျောက်ပိတ်ပေးမှာဖြစ်ပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment