ကားမမောင်းမီဘာတွေစစ်ဆေးမလဲ










ကားမောင်းတယ်ဆိုတာ လူသားတွေ လုပ်ဆောင်နေတဲ့အရာတွေထဲက အန္တရာယ်အကြီးဆုံး အကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ''ယောက်ျားဖောင်စီး၊ မိန်းမမီးနေ'' ဆိုတဲ့စကားက အားလုံးနီးပါး ကား မောင်းလာကြတဲ့အခုခေတ်မှာ အမျိုးသားရော၊ အမျိုးသမီးတွေအတွက်ပါ အန္တရာယ်ရှိတယ်ဆိုတဲ့ ခေါင်းစဉ် အောက်မှာ အကျုံးဝင်နေတာပါ။ ဒါကြောင့် ကားမောင်းသူတွေအနေနဲ့ မဖြစ်မနေခရီးတစ်ခုသွားရတော့မယ် ဆိုရင် ကားနဲ့ပတ်သက်လို့ အန္တရာယ်မကြုံရအောင် ကြိုတင်ကာကွယ်မှုတွေ ပြုလုပ်ထားရပါလိမ့်မယ်။ အဲဒါကတော့ မမောင်းနှင်ခင်ကြိုတင်စစ်ဆေးမှု ပြုလုပ်ခြင်းပဲဖြစ်ပါတယ်။


အောက်ပိုင်းစစ်ပါ
ကားကိုမမောင်းနှင်ခင် အနည်းဆုံးတစ်ကြိမ်လောက်တော့ စစ်ဆေးပါဆိုလိုက်လို့ ဘာတွေစစ်ဆေး မလဲလို့မေးစရာရှိပါတယ်။ ပထမဆုံးစစ်ဆေးသင့်တဲ့အပိုင်းကတော့ ကားအောက်ပိုင်းတွေလို့ပဲ ဆိုရပါလိမ့်မယ်။ ကားအောက်ပိုင်းမှာ ဆီယိုစိမ့်မှုတွေရှိနေပြီလားဆိုတာ အရင်ဆုံးစစ်ဆေးသင့်တာပါ။ ဒီအချက်က တစ်ထိုင် တည်း လှမ်းကြည့်လိုက်ရုံနဲ့ ထင်သာမြင်သာရှိပြီး တွေ့မြင်လွယ်တဲ့အကြောင်းအရာဖြစ်ပါတယ်။ ဆီယိုစိမ့်တဲ့ အချက်ကိုဘာကြောင့် ဦးစားပေးအကြောင်းအရာတစ်ရပ်အနေနဲ့ ကြည့်သင့်တာလဲဆိုရင်တော့ ဆီယိုစိမ့်မှုတွေ ကတစ်ဆင့် စတီယာရင်ကို ထိန်းချုပ်လို့မရတော့တာ၊ ဘရိတ်မှာပြဿနာရှိလာတာစတဲ့ ပြဿနာမျိုးတွေ ပေါ်ပေါက်လာတတ်လို့ပါပဲ။

တာယာနဲ့လေ
ကားအောက်ပိုင်းနဲ့ ဆက်စပ်ပြီး နောက်ထပ်သတိထားစစ်ဆေးသင့်တာကတော့ ကားဘီးတွေပါပဲ။ ကားဘီးတွေမှာရှိသင့်တဲ့ လေပေါင်ချိန်ပမာဏရှိနေလား၊ ရှိမနေဘူးလားဆိုတာ အမြဲတမ်းသတိထားနေဖို့ လိုအပ်သလို တာယာတွေကရော ကိုယ်သွားမယ့်လမ်းကြောင်းအတွက် သင့်လျော်မှုရှိရဲ့လားဆိုတာ အမြဲ မပြတ်စစ်ဆေးနေဖို့ လိုအပ်နေတာပါ။ ကားဘီးတွေအတွင်းမှာ လေနည်းလွန်းနေရင် မကောင်းသလို လိုအပ် တာထက် ပိုများနေတဲ့အချိန်မျိုးတွေမှာလည်း ကားမတော်တဆမှုဖြစ်အောင် တွန်းအားပေးလိုက်သလို ဖြစ်သွား တတ်တာကြောင့်ပါ။

မီးလိုင်းကိုမေ့မထားနဲ့
တစ်ယောက်ယောက်ကို ကိုယ့်ကားနောက်မှာရပ်ပြီးနောက်က မီးလုံးတွေအလုပ်လုပ်၊ မလုပ်စစ်ဆေး ရပါလိမ့်မယ်။ ကားစက်နှိုးပါ။ ပြီးရင်ကိုယ်တိုင်မောင်းနှင်နေချိန်မှာ မမြင်တဲ့နောက်ဘက်က အချက်ပြမီးတွေ အလုပ်လုပ်ရဲ့လားဆိုတာ စစ်ဆေးရပါလိမ့်မယ်။ တစ်ခါတစ်ရံမှာ အချက်ပြမီးစနစ်တွေဟာ မှားယွင်းနေတတ်ပြီး ကိုယ်ကညာဘက်ကိုနည်းညွှန်ပေမယ့် ဘယ်ဘက်ကိုညွှန်ပြနေတဲ့အခါ မလိုလားအပ်တဲ့ မတော်တဆမှုတွေ ဖြစ်လာတတ်တယ်ဆိုတာ သတိပြုမိဖို့လိုအပ်ပါတယ်။ ကားနောက်ပိုင်းက မီးလိုင်းတွေအပြင် ရှေ့ဘက်ကိုပါ စစ်ဆေးဖို့လည်း လိုအပ်တယ်ဆိုတာ မေ့မထားသင့်ပါဘူး။

ကားအတွင်းပိုင်းကိုစစ်ဆေးပါ
ကားစတင်မမောင်းနှင်ခင် ပထမဆုံးစစ်ဆေးသင့်တဲ့အရာတွေထဲမှာ ကားအတွင်းပိုင်းလည်းအပါအ၀င် ဖြစ်ပါတယ်။ ထင်မှတ်မထားတာတွေ ဖြစ်တတ်တဲ့ပတ်ဝန်းကျင်မှာ ကားအနုကြမ်းစီးသူတွေဟာ ကားအတွင်း ပိုင်းကိုရောက်နေတတ်ပါတယ်။ ဒါကြောင့် သတိဆိုတာပိုတယ်မရှိတဲ့ထုံးစံအတိုင်း ကားစတင်မမောင်းနှင်ခင် ကားအတွင်းပိုင်းကို ကြိုတင်စစ်ဆေးထားသင့်တာပါ။ နောက်ထပ်စစ်ဆေးသင့်တဲ့အရာတွေကတော့ ကားမှန် တွေ ဖြစ်ပြီး ကြင်လင်ပြတ်သားမှု ရှိရဲ့လားဆိုတာ စစ်ဆေးရမှာဖြစ်ပါတယ်။ ဒါတွေအားလုံးပြည့်စုံပြီဆိုရင်တော့ ကားအတွင်းပိုင်းက ဆီဂိတ်တွေအလုပ်လုပ်ရဲ့လားဆိုတာ နောက်ဆုံးထားပြီး စစ်ဆေးရပါလိမ့်မယ်။

ံHigh Way မောင်းမယ်ဆိုရင်
တကယ်လို့ ကိုယ်က High Way မောင်းဖို့ရှိတယ်ဆိုရင်တော့ အထက်ကအရာတွေအပြင် ဘက်ထရီ၊ Air Filter, လေကာမှန်က Wiper စတာတွေကိုပါ မဖြစ်မနေ စစ်ဆေးရပါလိမ့်မယ်။ ဒါ့အပြင် High Way သွားရဖို့ ရှိနေသူတစ်ယောက်အနေနဲ့ ကားတစ်စုံတရာဖြစ်တဲ့အခါ ပြုပြင်နိုင်ဖို့ Tool box ထဲမှာ ပစ္စည်းကိရိယာ အပြည့်အစုံ ထည့်သွားဖို့လည်း လိုအပ်မှာဖြစ်ပါတယ်။

အာကာထက်ဝေ

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment