ကားအင်ဂျင်အလုပ်လုပ်ပုံကို ဘယ်လိုလေ့လာမလဲ









ကားအင်ဂျင်အလုပ်လုပ်ပုံကို ကိုယ်နဲ့မသက်ဆိုင်ဘူးလို့ တချို့ကားစီးနင်းသူတွေက ထင်တတ်ပါတယ်။ တကယ်တော့ဒါက ကိုယ့်အတွက်နည်းလမ်းပေါင်းများစွာနဲ့ အကျိုးဖြစ်ထွန်းစေသလို အထောက်အကူလည်း ဖြစ်တာပါ။ ကိုယ်စီးနင်းနေတဲ့ကားနဲ့ နိစ္စဓူဝပြဿနာတိုင်းကို ကိုယ်တိုင်ဖြေရှင်းနိုင်မယ်။ အရေးပေါ်အခြေ အနေမျိုးနဲ့ကြုံတွေ့ရရင် အခြားလူတစ်ယောက်ရဲ့ အကူအညီမလိုဘဲ ကိုယ့်ကားကို ကိုယ်တိုင်ပြုပြင်နိုင် မယ်။ ဒီလိုအခွင့်အရေးတွေက သာမန်ကားစီးနင်းသူတွေရရှိဖို့ မဖြစ်နိုင်တဲ့အားသာ ချက်တွေပဲဖြစ်ပါတယ်။



ရလာနိုင်တဲ့အခွင့်အရေးများ
ပရော်ဖက်ရှင်နယ် စက်ဆရာတစ်ယောက်လို ကားကိုကျွမ်းကျွမ်းကျင်ကျင် မပြုပြင်တတ်ပေမယ့် အနည်းငယ်တီးခေါက်မိတယ်ဆိုရင်ပဲ ငွေထွက်ပေါက်ကိုအတော်လေး လျော့ချနိုင်မှာပါ။ မဟုတ်ရင် သာမန်ဆီ ပျောက်၊ မီးပျောက်လောက်ဆိုရင်တောင် စက်ပြင်ဆရာကိုအားကိုးနေရမှာဖြစ်တာကြောင့် မလိုအပ်ဘဲ ငွေကုန် ကြေးကျများစေမှာမလွဲပါဘူး။ ဒါ့အပြင် ကိုယ်တိုင်ကားကိုပြုပြင်တတ်တာကြောင့် ကားတစ်စီးနဲ့ခရီးသွားရာမှာ လည်း စက်ပျက်မှာစိုးရိမ်ပူပန်နေစရာမလိုဘဲ အေးအေးချမ်းချမ်းနဲ့ သွားလာလှုပ်ရှားနိုင်မှာပါ။ ဒါတွေက ပထမဆုံးရလာနိုင်တဲ့ အားသာချက်တွေပါ။


အင်တာနက်ကလေ့လာမယ်
ကားအင်ဂျင်အလုပ်လုပ်ပုံကို လေ့လာလိုသူတစ်ယောက်အနေနဲ့ ပထမဆုံးနဲ့ အလွယ်ကူဆုံး ပြုလုပ် နိုင်တာတစ်ခုကတော့ အင်တာနက်မှာ မွှေနှောက်ခြင်းပါပဲ။ နည်းပညာခေတ်ထဲကိုရောက်ရှိလာမှုနဲ့အတူ ကားအင်ဂျင်အလုပ်လုပ်ပုံနဲ့ ပတ်သက်တဲ့အချက်အလက်တွေကိုလည်း အင်တာနက်စာမျက်နှာထက်မှာ ရှာဖွေနိုင်ပါတယ်။ ကားအင်ဂျင်အလုပ်လုပ်ပုံနဲ့ ပတ်သက်ပြီး ရှင်းပြထားတဲ့ အချို့အွန်လိုင်းစာမျက်နှာေ တွဟာ ဒီနယ်ပယ်မှာ အမှန်တကယ်အတွေ့အကြုံရှိသူတွေ ကိုယ်တိုင်ရေးသားထားတာဖြစ်လို့ တန်ဖိုးဖြတ်လို့တောင် မရဘူးလို့ ဆိုရပါမယ်။


Forum တွေတက်ပါ
နောက်တစ်ခုကတော့ ကားတွေနဲ့သက်ဆိုင်တဲ့ Work Shop တို့၊ Forum တို့တက်ရောက်ဖို့ပဲ ဖြစ်ပါ တယ်။ အချို့ကား Forum တွေဟာ ကားအရောင်းသီးသန့်တင်မကဘဲ ကားတွေကို ဘယ်လိုပြုပြင်ရမလဲဆိုတဲ့ အကြောင်းတွေကိုပါ မျှဝေပေးတာကြောင့် ကားအင်ဂျင်အလုပ်လုပ်ပုံနဲ့ ပတ်သက်လို့ အများကြီးဗဟုသုတ ရနိုင်မှာပါ။ ဒါမှမဟုတ်ရင်လည်း အင်တာနက်ကတစ်ဆင့်ပဲ Car Forum ကို ရိုက်ထည့်ပြီး အင်ဂျင်အကြောင်း ရှင်းလင်းပြသထားတဲ့ အချက်အလက်တွေကို ရှာဖွေလေ့လာနိုင်ပါတယ်။

ဗီဒီယိုဖိုင်တွေကြည့်ပါ
အကယ်၍ ကိုယ်ကစာတွေကို ဖတ်ရမှာစိတ်မပါဘူးဆိုရင်တော့ ဗီဒီယိုသင်ခန်းစာတွေက တစ်ဆင့် လေ့လာမှုပြုနိုင်တာပါ။ “How to…” နဲ့စတဲ့ Website တွေ၊ အတွေ့အကြုံရှိသူတွေမျှဝေထားတဲ့ ကား အကြောင်း Website တွေကတစ်ဆင့် ဗီဒီယိုဖိုင်တွေရှိရာဆီ သွားနိုင်သလို Yor Tube မှာလည်း ကား အင်ဂျင်အလုပ်လုပ်ပုံတွေနဲ့ ပတ်သက်လို့ လေ့လမှုပြုလုပ်နိုင်ပါတယ်။ တကယ်တော့ ဗီဒီယိုဖိုင်တတစ်ဆင့် လေ့လာရတာဟာ စာဖတ်နေရတာထက် သင်ယူသူအပေါ် ပိုပြီးအကျိုးများစေတယ်လို့ ဆိုနိုင်တာပါ။ အကြောင်းကတော့ ပညာရှင်တွေ ရှင်းလင်းပြနေတာကို ကိုယ်တိုင်ကိုယ်ကျ အသေအချာလေ့လာနိုင် တာကြောင့်ပဲဖြစ်ပါတယ်။


စာအုပ်တွေကလေ့လာမယ်
ကိုယ်ကအလုပ်တွေ မအားလပ်နိုင်အောင်ဖြစ်နေမယ်။ အင်တာနက်နဲ့ ဝေးရာမှာလည်း ရှိနေချင်သူ ဆိုရင်တော့ စာအုပ်စာတမ်းတွေကတစ်ဆင့် လေ့လာမှုပြုလုပ်တာ အကောင်းဆုံးပါပဲ။ တကယ်တော့ ကား WorkShop တွေမှာ သင်ကြားတတ်မြောက်ထားသူတွေတောင် အင်ဂျင်အလုပ်လုပ်ပုံ အကြောင်း ပိုပြီးပြည့်ပြည့် စုံစုံသိချင်ရင် စာအုပ်တွေထဲကတစ်ဆင့် လေ့လာမှုတွေပြုလုပ်ရတာပါ။ ဒါကြောင့် ကိုယ်ကလည်းစာအုပ်တွေ ဖတ်ရတာအားသန်သူဖြစ်နေရင်တော့ စာအုပ်တွေထဲမှာ ကားအင်ဂျင်အကြောင်းလေ့လာတာ နည်းလမ်း ကောင်းတစ်ခုဖြစ်မှာ အသေအချာပါပဲ။


ပြင်ဆိုင်မှာအလုပ်လုပ်ပါ
ကားအင်ဂျင်နဲ့ပတ်သက်ပြီး လေ့လာရာမှာ စာတွေ့တင်မကဘဲ လက်တွေ့ပါလုပ်ရင်း အသေအချာ တတ်သိနားလည်ချင်ရင်တော့ Workshop တစ်ခုမှာ အလုပ်သင်စက်ပြင်ဆရာအဖြစ် သွားရောက်လုပ်ကိုင် သင့်တာပါ။ ဒီလိုလုပ်ကိုင်နေချိန်အတွင်း ကိုယ်ကစာတွေ့ သဘောတရားတွေကိုပါ ပူးတွဲလေ့လာနိင်တယ် ဆိုရင်တော့ ကားအင်ဂျင်အကြောင်း အခြေခံကျကျနားလည်သူဖြစ်လာပါလိမ့်မယ်။



အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment