ကားအရောင်းသမားကောင်း တစ်ယောက်ဖြစ်လာစေဖို့










ကားအရောင်းသမားတစ်ယောက်ကို ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုပါမလဲ။ သေချာတာတစ်ခုကတော့ ကား ရောင်းသူတစ်ဦးဟာ သာမန်အရောင်းစာရေးလေးတစ်ယောက်နဲ့ လုံးဝမတူပါဘူး။ ကားရောင်းချသူ တစ်ဦး ဟာ အနုပညာမြောက်တဲ့ အရာတစ်ခုကိုပြုလုပ်နေတာဖြစ်သလို သိပ္ပံပညာနဲ့နှီးနွယ်တဲ့လုပ်ငန်းတစ်ခုကို လုပ်ကိုင် နေတာလို့လည်း သတ်မှတ်နိုင်တာပါ။ ကိုယ့်ရဲ့ကိုယ်ရည်ကိုယ်သွေး ရုပ်ရည်ချောမောပြေပြစ်မှု၊ စိတ်ချယုံကြည် မှု၊ လူတစ်ဖက်သားကိုဆွဲဆောင်နိုင်စွမ်းစတဲ့ အရာတွေဟာ ကားရောင်းသူတစ်ဦးအတွက် လိုအပ်တဲ့ အရည် အချင်းတွေဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ ကားရောင်းသူတစ်ဦးဟာ ၀ယ်သူရဲ့စိတ်ကိုပြောင်းလဲသွား အောင်ဖန်တီးရတဲ့ လူတစ်ဦးဖြစ်နေတာကြောင့်ပါပဲ။ အရောင်းသမားကောင်းတစ်ယောက်မှာရှိရမယ့် အရည် အသွေးတွေကိုဖော်ပြချင်ပါတယ်။



နှစ်လိုဖွယ်ဖြစ်အောင်ကြိုးစားပါ
Customer တစ်ယောက်ကို နှုတ်ဆက်တော့မယ်ဆိုရင် စိတ်အားတက်ကြွမှု အပြည့်နဲ့နှုတ်ဆက် နိုင်ဖို့လို အပ်ပါတယ်။ ဒီအချက်က ပထမဆုံးမဖြစ်မနေပြုလုပ်ရမယ့် အရာဖြစ်ပါတယ်။ Customer တစ် ယောက် ဟာ ကိုယ့်ဆီရောက်လာပြီဆိုကတည်းက ယုံကြည်မှုတစ်ခုကို အခြေခံပြီးရောက်လာတာပါ။ ဒါကြောင့် ကိုယ်ကသူ့ကို စကားပြောတဲ့နေရာမှာ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိနေဖို့လိုအပ်သလို နွေးထွေးမှုနဲ့ ကြင်နာ မှုတွေလည်းပြသနိုင်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါ့အပြင် ဘယ်နေရာမှာမဆို First Inpression က အရေးကြီးတယ်ဆိုတဲ့အတိုင်း Customer တစ်ယောက်က ကိုယ့်ကိုပထမဆုံးအကြိမ်စမြင်ကတည်းက ယုံကြည်သွားရလောက်အောင် ကိုယ့်ကိုယ်ကိုယ်တည် ဆောက်ထားရမှာဖြစ်ပါတယ်။

အလာပသလာပပြောတတ်ပါစေ
အရေးကြီးအကြောင်းအရာတွေမပြောခင် ၀ယ်သူနဲ့အလာပသလာပပြောနိုင်ခြင်းကလည်း အရေးပါတဲ့ အရာတစ်ခုပဲဖြစ်ပါတယ်။ တကယ်တော့ စကားဖွယ်ဖွယ်ရာရာဖြစ်အောင် ပြောတတ်ခြင်းက နယ်ပယ်တိုင်း အတွက် အရေးပါသလို ကားအရောင်းသမားကောင်းတစ်ယောက်မှာလည်း ရှိကိုရှိနေရမယ့် အရည်အချင်း တစ်ရပ်ဖြစ်ပါတယ်။ ဒီနေရာမှာတစ်ချို့ကတော့ အလာပသလာပပြောတာကို ကြိုက်ချင်မှကြိုက်မှာပါ။ ဒါပေမဲ့ ဒီလိုလူမျိုးက အနည်းစုပဲဖြစ်နေမှာ အသေအချာပဲဖြစ်ပါတယ်။ များသောအားဖြင့်တော့ တစ်ဖက်လူကိုယ့်ဘက် ပါလာအောင် စကားပြောတဲ့နေရာမှာ အလာပသလာပလေးတွေပြောတာကလည်း အရေးကြီးပြီး ကိုယ့်ကို အများယုံကြည်လာအောင် ကူညီပေးနိုင်တယ်ဆိုတာ သတိရနေသင့်ပါတယ်။

အမူအရာ သေမနေဖို့ဂရုစိုက်ပါ
စကားပြောကောင်းသူတစ်ယောက် (ဒါမှမဟုတ်) အရောင်းသမားကောင်းတစ်ယောက်ဟာ ကိုယ်နေ ဟန် အနေအထားကောင်းမွန်ပြေပြစ်သူဖြစ်ပါတယ်။ ကိုယ်လိုချင်တာကတော့ ၀ယ်သူတစ်ယောက်နဲ့ စကား ပြောဆိုတဲ့နေရာမှာ ခန္ဓာကိုယ်ကတောင့်တောင့်ကြီးဖြစ်မနေဘဲ ဆွဲဆောင်မှုရှိရှိနဲ့ လှုပ်ရှားနေနိုင်ဖို့သတိပြု ရမှာပါ။ ၀ယ်သူတစ်ယောက်နဲ့ စကားပြောနေချိန်မှာ သူ့ရဲ့မျက်လုံးကိုကြည့်ပြီး လေးလေးနက်နက်ပြောနိုင်ဖို့ လိုအပ်သလို ခန္ဓာကိုယ်ကလည်းလိုက်လျောညီထွေဖြစ်အောင် လှုပ်ရှားနေနိုင်ဖို့ သတိထားရမှာဖြစ်ပါတယ်။

မေးခွန်းကောင်းမေးနိုင်ပါစေ
ဝယ်သူတစ်ယောက်နဲ့ စကားပြောရာမှာ သူဘယ်လိုကားအမျိုးအစားကို ရှာဖွေနေတယ်။ ဘယ်လို လိုအပ် ချက်တွေရှိနေတယ်ဆိုတာ ပြောနိုင်အောင် ကိုယ့်ဘက်ကအခွင့်အရေးပေးနိုင်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် သူစိတ်ဝင်စားတဲ့အမျိုးအစားထဲက ဘယ်လိုကားတွေက အားသာချက်ရှိတယ်၊ ဘယ်ကားတွေက အားနည်း ချက်တွေရှိတယ်ဆိုတာ သူရွေးချယ်လောက်တဲ့အထိရှင်းပြနိုင်ဖို့ လိုအပ်သလို ဘယ်လိုနယ်ပယ်မှာသုံးမယ်၊ ငွေဘယ်လောက်သုံးမယ်စတဲ့ မေးခွန်းတွေမေးနိုင်ရမှာပါ။ တချို့ကားဝယ်သူတွေဟာ ကားအကြောင်း ကိုသိပ် ပြီးနားလည်တတ်တာကြောင့် ကိုယ့်မေးခွန်းတွေအပေါ်မူတည်ပြီး သူတို့ဆုံးဖြတ်နေ တာမျိုးတွေ ရှိနေတတ် ပါတယ်။ ဒါကြောင့် ၀ယ်သူအဆင်ပြေအောင် ကိုယ့်ဘက်ကအရေးကြီးတဲ့ မေးခွန်းလေးတွေမေးနေတတ်ဖို့ လည်းလိုအပ်နေတာပါ။


အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment