ကားပေါ်က အစွန်းအထင်းတွေကို ဘယ်လိုဖျောက်ဖျက်ပစ်မလဲ







ကားတစ်စီးဟာ ဖုန်တွေ၊ သဲတွေနဲ့ညစ်ပတ်နေမယ်ဆိုရင် ဘယ်ကားပိုင်ရှင်ပဲဖြစ်ဖြစ် စိတ်အနှောင့် အယှက်ဖြစ်ကြမှာ အသေအချာပါ။ ဖုန်တွေ၊ သဲတွေဆိုတာဟာ ကားတစ်စီးကို အကြည့်ရဆိုးစေသလို မဆေး ကြောဘဲကြာရှည်ထားရင် ရေ၊ လေစတာတွေနဲ့ပေါင်းစပ်ပြီး ဒီဖုန်မှုန့်တွေက ဘော်ဒီဆေးသားတွေကိုပါ ပျက်ဆီး သွားစေနိုင်ပါတယ်။ ဒါကြောင့် ကားတစ်စီးကို အမြဲတမ်းစီးဖို့အတွက် ရည်ရွယ်ဝယ်ယူထားသည်ဖြစ်စေ၊ ၀ယ်/ ရောင်းဖြစ်တာကြောင့် ပြန်ရောင်းဖို့ရည်ရွယ်ထားသည်ဖြစ်စေ ဖုန်တွေ၊ သဲတွေပေကျံညစ်ပတ်နေရင် ပစ်မ ထားဘဲ ဆေးကြောရမှာအသေအချာပါပဲ။ ကားပေါ်က ဖုန်မှုန့် သဲမှုန့်တွေနဲ့ အစွန်းအထင်းတွေကို ဘယ်လို သုတ်သင်ရှင်းလင်းပစ်မလဲဆိုတာနဲ့ ပတ်သက်ပြီး နည်းလမ်းကောင်းလေးတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဆေးလိုက်ပါ
ပထမဆုံးပြောချင်တာကတော့ ကိုယ့်ကားပေါ်က အစက်အပြောက်ဟာ သာမန် ရေဆေး၊ ပေါ်လစ်တင် ရုံနဲ့မပျောက်တော့ဘူးဆိုရင်တော့ အဲဒီနေရာကို ဆေးပြန်ကိုင်ရတော့မှာပါ။ ဒီနည်းမှာတော့ အချက်နှစ်ချက်ကို မဖြစ်မနေပြုလုပ်ရမှာဖြစ်ပါတယ်။ တစ်အချက်က မျက်နှာကို ဖုန်သုတ် Mask နဲ့ ကာကွယ်ထားဖို့ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ကွက်နေတဲ့ဆေးသားတွေကို ရှင်းလင်းပစ်ဖို့အတွက် Grinder အသုံးပြုဖို့ပါပဲ။ Grinder နဲ့ ပွတ်လိုက်ချိန်မှာ မျက်စိနဲ့မမြင်နိုင်လောက်အောင် သေးငယ်လွန်းတဲ့ဖုန်မှုန့်တွေဟာ နှာခေါင်းတွေထဲ ၀င်လာ နိုင်တာကြောင့် Mask ကို မဖြစ်မနေ အသုံးပြုဖို့လိုအပ်မှာဖြစ်ပါတယ်။ နောက်ထပ် လိုအပ်မှာတွေကတော့ ခန္ဓာကိုယ်ကို ဒဏ်ရာအနာတရမဖြစ်ရအောင် လက်အိတ်၊ အကာအကွယ်ပေးမယ့် မျက်မှန်စတာတွေကိုပါ ၀တ်ဆင်ဖို့ပဲ ဖြစ်ပါတယ်။

မျဉ်းသားထားပါ
နောက်တစ်ခုကတော့ အစက်အပြောက်ဖြစ်နေတဲ့နေရာနဲ့ အကောင်းပကတိအတိုင်းရှိနေတဲ့ နေရာ ကြားမှာ အမှတ်အသားတစ်ခုခုနဲ့ မျဉ်းသားထားဖို့ပါပဲ။ ဒါဆိုရင် သတိလက်လွတ်ဖြစ်ပြီး မလိုအပ်တဲ့နေရာတွေ ကိုထိခိုက်မှုက အလိုအလျောက်ကာကွယ်ပြီသား ဖြစ်နေပါလိမ့်မယ်။ ဒီလိုအမှတ်အသားပြုလုပ်ရာမှာ သတင်း စာတွေ၊ Masking Paper တွေကို အသုံးပြုတာထက် တိပ်ကိုအသုံးပြုတာအကောင်းဆုံးပါ။

ပြန်စစ်ဆေးဖို့ မမေ့ပါနဲ့
Grinder နဲ့ ပွတ်တိုက်ပြီးရင်တော့ အစက်အပျောက်ထင်နေတဲ့နေရာတွေမှာ ဖုန်မှုန့်တွေ ရှိမရှိသိရ အောင် လက်နဲ့အသာအယာ ပွတ်သပ်ကြည့်သင့်ပါတယ်။ Grinder ကိုအသုံးပြုတဲ့နေရာမှာလည်း Dual Action နဲ့အသုံးပြုသင့်တာပါ။ ဒါမှအသုံးပြုနေချိန်မှာ အရှိန်လွန်သွားတာမျိုးမဖြစ်အောင် အလိုအလျောက် ထိန်းချုပ် ပေးထားနိုင်မှာဖြစ်ပါတယ်။ အားလုံးပွတ်တိုက်ပြီးသွားပြီဆိုရင်တော့ အဲဒီမျက်နှာပြင်ချောမွေ့နေမှုရှိမရှိကို လက် ခံ ပွတ်သပ်ပြီး စစ်ဆေးရမှာဖြစ်ပါတယ်။

ဆေးမှုတ်ပါ
Grinder နဲ့ အစက်အပြောက်တွေကို တိုက်ပြီးရင်တော့ အဲဒီနေရာကို ဆေးပြန်မှုတ်ရမှာပါ။ ဒါကြောင့် ဆေးပြန်မှုတ်မယ့်နေရာအနီးအနားက ဖုန်မှုန့်တွေကိုအကုန်စင်ကြယ်အောင် တိုက်ချွတ်ပြီးဆေးပြန်မှုတ်ဖို့ ပြင်ဆင်ရပါလိမ့်မယ်။ ဆေးမှုတ်တဲ့နေရာမှာ အလိုအလျောက်ဆေးမှုတ်ပေးနိုင်တဲ့ Auto Spray ဘူးတွေကို အသုံးပြုသင့်တာပါ။ ဘာကြောင့်လဲဆိုရင်တော့ Auto Spray ဗူးတွေဟာ ကိုယ်တိုင်ကိုယ်ကျဆေးမှုတ်လို သူတွေအတွက် သင့်လျော်သလို အမှာစာထဲမှာလမ်းညွှန်ထားတဲ့အတိုင်း လိုက်လုပ်ရင်လည်း သိပ်အခက် မတွေ့တာကြောင့်ဖြစ်ပါတယ်။ ဒါပေမဲ့ ဆေးမှုတ်တဲ့နေရာမှာ ဆေးအထူအပါးညီညာနေအောင် ဂရုစိုက်ဖို့ လိုအပ်သလို ဆေးမမှုတ်မယ့်နေရာတွေကိုလည်း သတင်းစာနဲ့ ဖုံးအုပ်ထားဖို့ လိုအပ်ပါလိမ့်မယ်။

ခံဆေးသုံးဖို့ မမေ့ပါနဲ့

ဆေးမမှုတ်ခင် ပထမဆုံးလုပ်ရမှာကတေွာ့မငညိနမ နဲ့ ပွတ်တိုက်ထားတဲ့နေရာကို ခံဆေးအရင်မှုတ်ဖို့ ပဲဖြစ်ပါတယ်။ ဒါမှ ကားရဲ့မူလအရောင်ကိုမှုတ်တဲ့နေရာကို အရောင်ကွဲတာမျိုးမဖြစ်မှာဖြစ်ပါတယ်။ တချို့ ကတော့ ခံဆေးမှုတ်ပြီးတစ်ညလောက်ထားပြီးမှ နောက်ထပ် ဆေးတစ်ကျော့ထပ်လိုက်ကြတာပါ။ တကယ် တော့ ဒီနည်းက အချိန်ယူနိုင်ရင်အကောင်းဆုံးဖြစ်ပြီး စိတ်အေးလက်အေးလည်း လုပ်နိုင်မှာဖြစ်လို့ အကောင်း ဆုံးနည်းလမ်းလို့တောင် သတ်မှတ်နိုင်မှာဖြစ်ပါတယ်။

လိုအပ်ရင် ဘတ်တိုက်ပါ
ဆေးအချောမှုတ်ပြီးသွားချိန်မှာ မူလကားကဆေးရောင်နဲ့မတူဘဲ ဆေးတွေထူနေတာမျိုးဖြစ်နေပြီ ဆိုရင်တော့ မဖြစ်မနေဘတ်တိုက်ပစ်ရတော့မှာဖြစ်ပါတယ်။ ဒါမှအသစ်မှုတ်ထားတဲ့ဆေးသားနဲ့ မူလဆေးသား တစ်ထပ်တည်းဖြစ်ပြီး လိုက်လျောညီထွေဖြစ်လာမှာပါ။ အားလုံးအဆင်ပြေသွားပြီဆိုရင်တော့ ဆေးငြိမ်အောင် နောက်ထပ် (၂) ရက်လောက် ဒီအတိုင်းထားလိုက်သင့်ပါတယ်။ ဒါကတော့ ဆေးအိပ်အောင် မဖြစ်မနေပြုလုပ် ရမှာပါ။ တချို့ကားပိုင်ရှင်တွေဟာ ကားကိုဆေးပြန်မှုတ်ပြီးတာနဲ့ အလောတကြီးအသုံးပြုတတ်ကြတာကြောင့် ဆေးတွေကြွတက်လာတာ၊ မှုတ်ထားတဲ့ဆေးသား အရောင်ပြောင်းသွားတာတွေဖြစ်တတ်လို့ ဆေးမှုတ်ပြီးရင် ကားကို (၂)ရက်လောက် မဖြစ်မနေအနားပေးထားရမှာ ဖြစ်ပါတယ်။


ဒါတွေအားလုံးပြုလုပ်ပြီးပြီဆိုရင်တော့ ကားကိုရေဆေး၊ ပေါ်လစ်တင်ဖို့ပဲရှိတော့တာပါ။ ကိုယ့်ကားပေါ် က အစက်အပြောက်တွေနဲ့ အညစ်အကြေးတွေမရှိတော့တာကြောင့် မူလဆေးသားအတိုင်း တောက်ပြောင် နေတဲ့ကားကို စိတ်ချလက်ချ ပြန်အသုံးချနိုင်ပြီဖြစ်ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment