ကားတစ်စီးကိုလုံခြုံမှုရှိအောင် ဘယ်လိုသော့ခတ်မလဲ










တချို့ကားတွေက အလိုအလျောက်သော့ပိတ်လို့ရတဲ့စနစ် Automatically Locks စနစ်ရှိပေမယ့် တချို့ ကတော့ ဒီနေ့အထိ (Manually) စနစ်နဲ့သွားနေကြတဲ့ ကားတွေလည်းရှိနေကြတာပါ။ ဒါပေမဲ့ ဒါက သိပ် အရေးမကြီးလှပါဘူး။ အရေးကြီးတာကတော့ ကားတစ်စီးကိုလုံခြုံမှုရှိအောင် ဘယ်လိုသော့ပိတ်ရမလဲ ဆိုတဲ့အချက်ဖြစ်ပါတယ်။ သော့အဖွင့်အပိတ်ပြုလုပ်တာဟာ ကားတစ်စီးအတွက် လွယ်ကူတဲ့အ လုပ်တစ်ခုဖြစ် ပေမယ့် ကားရဲ့လုံခြုံရေးအတွက်နဲ့ အတွင်းမှာရှိနေတဲ့ပစ္စည်းတွေ အပျောက်အရှ မရှိစေရေးအတွက် အရေးကြီး တဲ့လုပ်ရပ်တစ်ခုဖြစ်နေတာပါ။


ဘယ်လိုစနစ်ကျအောင် (Lock)ချမလဲ ကားတစ်စီးကိုလော့ချတဲ့နေရာမှာ တချို့က ကားအတွင်းမှာရှိမနေမှ လော့ချရမယ်လို့ထင်တတ်ကြပါ တယ်။ တကယ်တော့မဟုတ်ပါဘူး။ ကားအတွင်းပိုင်းမှာ လူရှိနေချိန်တွေမှာတောင် လုံခြုံမှုရှိနေဖို့ လော့ချထားရ မယ်ဆိုတာ သတိရသင့်ပါတယ်။ မော်ဒန်ကား အတော်များများဟာ အော်တိုလော့စနစ်ကို တပ်ဆင်ထား တာပါ။ ဒါကြောင့် Opreator’s Manual စာအုပ်ထဲက လမ်းညွှန်ချက်တွေကို အသေအချာဖတ်မှတ်ပြီး စနစ်တကျ လော့ချတတ်ဖို့ ပြင်ဆင်ထားရပါလိမ့်မယ်။ ကားတံခါးကိုလော့ အဖွင့်အပိတ်ပြုလုပ်ရတာ ခက်ခဲတဲ့လုပ်ရပ် တစ်ခုမဟုတ်ပေမယ့် ကိုယ့်ကားရဲ့လော့စနစ်က ဘယ်လိုဖန်တီးထားတယ်ဆိုတာ သိအောင်တော့ လေ့လာ ထားသင့်တာပါ။

Auto နဲ့ Manual ဘယ်လိုခွဲမလဲ
များသောအားဖြင့်တော့ ကားသော့ကိုကြည့်လိုက်ရုံနဲ့ သိနိုင်မှာဖြစ်ပါတယ်။ ဒါမှမဟုတ်ရင်လည်း ကားအတွင်းပိုင်းမှာ တပ်ဆင်ထားတဲ့ Auto နဲ့ Manual ရဲ့ဖွဲ့စည်းပုံချင်းက ကွာခြားတာမို့ အလွယ်တကူ ခွဲခြားပြီးသိနိုင်မှာ အသေအချာပါပဲ။ Manual လော့အများစုဟာ ကားပြတင်းပေါက်ဖရိန်အောက်နားမှာ တပ်ဆင်ထားပြီး အသုံးပြုရလွယ်ကူတာကြောင့် အသုံးပြုသူအတွက် ပြဿနာမရှိနိုင်ပေမယ့် အချို့ Auto လော့တွေကတော့ တည်ဆောက်ထားပုံအရကို ရှုပ်ထွေးလှတာကြောင့် ကားနဲ့ရင်းနှီးမှုမရှိသူတစ်ယောက် အနေနဲ့ ဘာလုပ်လို့ဘာကိုင်ရမယ်မှန်း မသိလောက်အောင်ကို ရှုပ်ထွေးသွားစေမှာပါ။ များသောအားဖြင့် Auto ကားတွေမှာ လော့ဟာပုံတွေနဲ့ ပြထားသလို (၄၊၅)ခုလည်းဖြစ်နေတတ်တာကြောင့် အဖွင့်အပိတ်မ မှန်ရင် ကားရဲ့လုံခြုံမှုကိုထိခိုက်စေနိုင်တဲ့အချက်ကို သတိပြုရပါလိမ့် မယ်။

ဘာကြောင့်လော့ချရသလဲ
ရိုးရိုးရှင်းရှင်းနဲ့ အထိရောက်ဆုံးအဖြေကိုပေးရရင်တော့ သူခိုးရန်ကကာကွယ်ဖို့ပဲဖြစ်ပါတယ်။ ကိုယ်က ကားကိုစနစ်တကျလော့ချထားလိုက်ရင် အနည်းဆုံးသူခိုးရန်က ကာကွယ်ပြီးဖြစ်သွားမှာပါ။ တစ်ခါတစ်ရံ လော့ချထားတဲ့ကားတွေလည်း အခိုးခံရတတ်ပေမယ့် သူခိုးတစ်ယောက်လော့ဖွင့်နေတဲ့ အချိန်အတိုင်းအတာ တစ်ခုအတွင်း သူ့ကိုလူတွေမြင်တွေ့သွားနိုင်ပါတယ်။ ဒါက လော့ချလို့ရလာတတ်တဲ့ပထမဆုံး အကျိုးတရား ပါပဲ။ ကားအခိုးခံရမှုတွေကို ''မြို့ပြ၊ ဆင်ခြေဖုံးနဲ့ နယ်''ဆိုပြီး ဒေသသုံးခုခွဲလေ့လာရာမှာ များသောအားဖြင့် လော့ချထားဖို့ ပျက်ကွက်တဲ့ကားတွေသာ အခိုးခံရတာများကြောင်း စစ်တမ်းတစ်စောင်ကဖော်ပြထားပါတယ်။

အခြားပြုလုပ်ထားသင့်တဲ့အရာများ
အချို့ကားပိုင်ရှင်တွေကတော့ သူတို့ကားတွေကိုလော့ချထားတာအပြင် Alarm စနစ်ပါတပ်ဆင်ထား ကြပါတယ်။ ကောင်းမွန်တဲ့လုပ်ဆောင်ချက်တစ်ရပ်လို့ သတ်မှတ်နိုင်မှာပါ။ တစ်ခါတစ်ရံမှာ မတော်တဆ ထွက်ပေါ်လာတတ်တဲ့ ဆူညံအသံတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရတတ်ပေမယ့် ဒီလိုတပ်ဆင်တာဟာ ကိုယ့်ကားရဲ့လုံခြုံရေးကို အကောင်းဆုံးအထောက်အကူဖြစ်စေတယ်ဆိုတဲ့အချက်ကို မေ့မထားသင့်ပါဘူး။ နောက်ထပ်ပြုလုပ်သင့်တာတစ်ခုကတော့ ညအချိန်မတော် အပြင်သွားရတာ၊ ဒါမှမဟုတ် ယာဉ်ကြောပိတ်ဆို့တဲ့ လမ်းတွေကို ဖြတ်သန်းရတဲ့အခါ လော့ချထားသင့်တာပါ။ အကြောင်းကတော့ ကားရပ်နားထားချိန်အတွင်း လူရှိနေလျက်တောင် တံခါးကိုအတင်းဖွင့်ပြီး ကားပေါ်တက်လာတတ်တဲ့ဖြစ်ရပ်မျိုးတွေ မကြာခဏဖြစ်ပွား နေတာကြောင့်ပဲဖြစ်ပါတယ်။


အာကာထက်ဝေ

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment