တန်ဖိုးအထားတတ်ဆုံး ကားပိုင်ရှင်တစ်ယောက်ဖြစ်လာစေဖို့



ကားလောင်စာဆီတန်ဖိုးတွေ မြင့်တက်လာတာ၊ ပြင်ဆင်စရိတ်တွေ မြင့်မားလာတာစတဲ့အချက်တွေ က ကားပိုင်ရှင်တွေကို တစ်ပူပေါ်နှစ်ပူဆင့်လာစေတဲ့ အချက်တွေဖြစ်လာနေပါတယ်။ ဒါ့အပြင် ကားပိုင်ရှင်တွေ နောက်ထပ် စိုးရိမ်နေရတဲ့အချက်တစ်ချက်လည်း ရှိနေပါတယ်။ အဲဒါကတော့ လွယ်လွယ်ကူကူနဲ့ ကိုယ့်ကား ပျက်ဆီးသွားမှာကို ပူပန်ကြောင့်ကြနေရတဲ့အချက်ပါပဲ။ ဒါပေမယ့် ဒီလို အကြောင်းမဲ့ထိုင်ပြီး ပူပန်နေမယ့် အစား သတ်မှတ်ထားတဲ့အချိန်မတိုင်ခင် ကိုယ့်ကားပျက်ဆီးမသွားအောင် ကာကွယ်လို့ရတဲ့ နည်းလမ်းတွေ လည်း ရှိနေပါတယ်။ အဲဒါတွေကတော့ ရင်းနှီးမြုပ်နှံမှုတစ်ခုလို့ယူနိုင်လို့ရတဲ့ ကိုယ့်ကားကို ပြန်လည်ရောင်း ထုတ်ချိန်မှာ တန်ဖိုးလျော့ကျမသွားအောင် ကူညီပေးနိုင်သလို ကိုယ်တိုင်စီးနင်းနေချိန်မှာလည်း အသစ်အတိုင်းစမတ်ကျကျ ရှိနေအောင် ကူညီပေးနိုင်မှာမလွဲပါဘူး။

စဉ်ဆက်မပြတ် လေ့လာနေပါ
ပထမဆုံးပြုလုပ်ဖို့ လိုအပ်တာကတော့ ကိုယ့်ကားရဲ့သက်တမ်းကို ဘယ်လိုနည်းနဲ့တာရှည်လာအောင် ဆွဲဆန့်နိုင်မလဲဆိုတဲ့ နည်းလမ်းတွေရှာဖွေဖို့ပဲ ဖြစ်ပါတယ်။ ဘယ်လိုနယ်ပယ်မှာမဆို နည်းမှန်၊ လမ်းမှန်ပြု လုပ် ဖို့က အရေးကြီးတာကြောင့် ကားတစ်စီးကိုထိန်းသိမ်းတဲ့နေရာမှာလည်း နည်းမှန်လမ်းမှန်ရှိနေမှ အကောင်းဆုံး ထိန်းသိမ်းနိုင်သူတစ်ဦးဖြစ်လာမှာဖြစ်သလို တန်ဖိုးကြီးပေးဝယ်ထားရတဲ့ကားကိုလည်း အကောင်းဆုံး ထိန်း သိမ်းရာ ရောက်မှာပါ။ ပြီးတော့ ကားကိုစိတ်ရမှထညပီး ဂရုစိုက်တာထက် ပုံမှန်သန့်ရှင်းရေးပြုလုပ်ပြီး အမြဲ မပြတ်ဂရုစိုက်နေဖို့ လိုအပ်တယ်ဆိုတဲ့အချက်ကိုလည်း မေ့ထားလို့မရပါဘူး။ ကားကိုယ်ထည်တွေ၊ အတွင်းပိုင်း တွေအပြင်၊ အင်ဂျင်အတွင်းက အစိတ်အပိုင်းတွေကို ဘယ်လိုဆေးကြောသန့်စင်မလဲဆိုတဲ့ အချက်ကို အရင်ဦး ဆုံးသိအောင် လေ့လာထားရမှာက ပထမဆုံးပြုလုပ်သင့်တဲ့အချက်တစ်ချက်ပါ။ ဒီလိုထိန်းသိမ်းစောင့်ရှောက်မှု ပြုလုပ်လိုသူတစ်ဦးအနေနဲ့ ကားဝယ်စဉ်မှာ ပါလာတဲ့ Manual ကို မဖြစ်မနေဖတ်ထားဖို့လည်း လိုအပ်မှာဖြစ်ပါ တယ်။

သိပ်မမောင်းနဲ့
သိပ်လက်တွေ့မကျတဲ့ နည်းလမ်းတစ်ခုဖြစ်ပေမယ့် ကိုယ့်ကားသက်သာရာ၊ သက်သာကြောင်း အတွက်ကတော့ အင်မတန်အရေးပါတဲ့ အချက်အဖြစ် အကြုံးဝင်နေတာပါ။ အထူးသဖြင့် တာတိုခရီးစဉ်တွေကို ရှောင်ရှားထားတာ အရမ်းအေးခဲနေတဲ့အခြေအနေမျိုးတွေမှာ ကားအင်ဂျင်ကို မနှိုးတာကောင်းပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အေးခဲနေတဲ့အခြေအနေမျိုးတွေမှာ ကားစက်ကိုမကြာခဏ နှိုးနေတာဟာ အင်ဂျင် ကို ထိခိုက်နိုင်စေတာကြောင့်ပါပဲ။

အရေးပါတာတွေကို စစ်ဖို့မမေ့နဲ့ မဖြစ်မနေ စစ်ဆေးသင့်တဲ့အရာတွေကို မေ့မထားဖို့အရမ်းအရေးကြီးပါတယ်။ အဲဒါတွေကတော့ ကား အင်ဂျင်ဝိုင်၊ ပါဝါစတီယာရင်ဆီ၊ ဘရိတ်ဆီစတဲ့အရာတွေပါပဲ။ ကားတစ်စီးအကောင်းဆုံး အလုပ်လုပ်နိုင်ဖို့ အတွက် ဒီအရာတွေဟာ အရေးပါလွန်းသလို သူတို့မရှိဘဲ အင်ဂျင်ကိုခိုင်းစေရင်လည်း အချိန်တိုအတွင်း ပျက်ဆီးသွားမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် အင်ဂျင်အလုပ်လုပ်ဖို့အတွက် လိုအပ်တဲ့ဒီအရာတွေ လိုအပ်တဲ့ပမာဏထက် လျော့ကျမသွားအောင် အမြဲသတိထားနေသင့်ပြီး တစ်ခုခု ချွတ်ချော်နေတာတွေ့တာနဲ့ ချက်ချင်း အသစ်ဖြည့်ဆည်းနိုင်ဖို့ မေ့မနေသင့်ပါဘူး။

အင်ဂျင်ဝိုင် အမြဲလဲလှယ်ပါ
သတ်မှတ်မိုင်နှုန်း ပြည့်တာမပြည့်တာထက် သတ်မှတ်ထားတဲ့ အချိန်အကန့်အသတ်တစ်ခုပြည့်ချိန်မှာ အင်ဂျင်ဝိုင်မဖြစ်မနေ လဲလှယ်ဖို့လိုအပ်မှာဖြစ်ပါတယ်။ ဥပမာ တစ်လတစ်ကြိမ် လဲလှယ်နေကြဆိုရင် လကုန်တဲ့ အခါ မမေ့မလျော့အင်ဂျင်ဝိုင်အသစ်ထည့်တာမျိုး ပြုလုပ်သင့်တာပါ။ ကားအင်ဂျင်လည်ပတ်အလုပ်လုပ်နိုင်ဖို့ အတွက် အင်ဂျင်ဝိုင်ကအရေးပါဆုံး အစိတ်အပိုင်းကပါဝင်နေပါတယ်။ သူရှိမှ အင်ဂျင်အတွင်းက အစိတ် အပိုင်းတွေဟာ ရှောရှောရှုရှုအလုပ်လုပ်နိုင်မှာဖြစ်သလို အင်ဂျင်ဝိုင်အရည်အသွေး ကျဆင်းသွားတာနဲ့ အင်ဂျင် ကိုပါ ထိခိုက်သွားနိုင်တာပါ။ အင်ဂျင်ဝိုင်ကုမ္ပဏီ အများစုကတော့ အင်ဂျင်ဝိုင်တစ်ခါလဲလှယ်ရင် မိုင် (၃၀၀၀) ကနေ မိုင်(၆၀၀၀)အထိ အမောင်းနှင်ခံတယ်လို့ ဆိုကြပါတယ်။ အချိန်ကာလကတော့ (၃)လ၊ (၆)လ စသဖြင့် အာမခံချက်ပေးကြတာပါ။ ဒါကြောင့် ကုမ္ပဏီက သတ်မှတ်ပေးထားတဲ့ အချိန်ကာလအတိုင်း အင်ဂျင်ဝိုင်ကို ပုံမှန်လဲလှယ်ပေးရင်လည်း အဆင်ပြေမှာဖြစ်ပါတယ်။ အဓိကအရေးကြီးတာကတော့ အင်ဂျင်ဝိုင်ကို မေ့မထား ဘဲ အရည်အသွေးကျဆင်းမသွားခင် လဲလှယ်ပေးသင့်တယ်ဆိုတဲ့ အချက်ကိုမှတ်သားထားရမှာပါ။

လေစစ်ကို လဲလှယ်ပါ
အင်ဂျင်ဝိုင်လိုပဲ နောက်ထပ် လဲလှယ်ဖို့ လိုအပ်တာတစ်ခုကတော့ လေစစ်ပဲဖြစ်ပါတယ်။ လေစစ်ဟာ ကားဝပ်ရှော့အထိ သွားရောက်လဲလှယ်စရာမလိုလောက်အောင် အလွယ်တကူဖြုတ်နိုင်တတ်နိုင်ပစ္စည်းဖြစ်တာ ကြောင့် လေစစ်လဲလှယ်ဖို့ လိုအပ်လာတဲ့အခါ ကိုယ်တိုင်လဲလှယ်လိုက်လို့လည်း အဆင်ပြေပါတယ်။ လေစစ် တစ်ခုကို ဘယ်လောက်ကြာအောင် အသုံးပြုသင့်သလဲဆိုရင်တော့ မိုင်(၁၂၀၀)လောက်အထိ အသုံးပြုသင့် တယ်လို့ ကားပညာရှင်တွေကဆိုကြတာပါ။ အလွယ်တကူ (ဖြုတ်၊ တပ်)နိုင်သလို ကိုယ်တိုင်လည်း ပြုလုပ်နိုင် ပေမယ့် ကားတစ်စီးမှာ သူ့အခန်းကဏ္ဍကလည်း အရေးပါတာကြောင့် ဂရုစိုက်ပြီး လဲလှယ်ပေးဖို့ လိုအပ်မှာဖြစ် ပါတယ်။

မေ့မထားသင့်တဲ့ ကျန်အစိတ်အပိုင်းတွေ
နောက်ထပ် အလေးထားရမယ့် အစိတ်အပိုင်းတွေကတော့ ဘရိတ်ဆီ၊ စတီယာရင်ဆီ၊ တာယာ စတာတွေပဲဖြစ်ပါတယ်။ ကားတစ်စီးကို သက်တမ်းရှည်အောင် ထိန်းသိမ်းနိုင်တဲ့ ယာဉ်ပိုင်ရှင်တစ်ယောက်ဖြစ် ချင်ရင်တော့ ဒီအစိတ်အပိုင်းတွေ အမြဲမပြတ်သားနားနေအောင် ဂရုစိုက်နိုင်ဖို့လည်း မေ့မထားသင့်တာပါ။ ဒီအချက်တွေအပြင် အခြားအရာတွေကိုလည်း ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ လိုအပ်ပေမယ့် အထက်က အရေး ကြီးတဲ့ အစိတ်အပိုင်းတွေကို ကောင်းကောင်း ဂရုစိုက်ထားနိုင်မယ်ဆိုရင် ကားတစ်စီးကို လွယ်လွယ်တန်ဖိုးကျ မသွားအောင် ထိန်းသိမ်းထားနိုင်တဲ့ ယာဉ်ပိုင်ရှင်ဖြစ်ပြီလို့ ဆိုရမှာပဲဖြစ်ပါတယ်။
အာကာထက်ဝေ

Share on Google Plus

0 comments:

Post a Comment