ကားတစ်စီးကို ဘယ်လိုရောင်းမလဲ







ကာတစ်စီးကို အရောင်းအ၀ယ်ပြုလုပ်ရတာ လွယ်ကူတဲ့အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ သူ့အဆင့်နဲ့ သူ စနစ်တကျလုပ်ဖို့ လိုအပ်တဲ့အလုပ်တစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ အခြားတစ်ဖက်ကကြည့်ရင်လည်း ခက်ခဲလွန်း တဲ့ အလုပ်တစ်ခုတော့မဟုတ်ပါဘူး။ ဆိုလိုတာကတော့ အရမ်းရှုပ်ထွေးနက်နဲမနေဘူးလို့ ပြောချင်တာပါ။ နယ်ပယ်တိုင်း၊ နေရာတိုင်းမှာ သူ့လုပ်ငန်းလည်ပတ်ပုံတွေနဲ့ သူရှိနေသလို ကားရောင်းတဲ့နေရာမှာလည်းဖော်ပြ ထားတဲ့ အဆင့်တွေကိုတစ်ဆင့်ချင်းလိုက် လုပ်နိုင်ခဲ့မယ်ဆိုရင်တော့ လွယ်ကူတဲ့အလုပ်တစ်ခု ဖြစ်လာနိုင်သလို အရောင်းသမားကောင်းတစ်ယောက်လည်း ဖြစ်လာမှာသေချာနေပါတယ်။

ကိုယ့်ဈေးကွက်နဲ့ ကိုယ်ရောင်းခြင်း

ပထမဆုံးပြုလုပ်သင့်တာကတော့ ကိုယ့်ရဲ့နယ်ပယ်ဘယ်လောက်အထိ ကျယ်ပြန့်နိုင်ချေရှိသလဲဆို တာကိုလေ့လာရမှာဖြစ်ပါတယ်။ ဥပမာ ကိုယ်ရောင်းချမယ့် ကားအမျိုးအစားနဲ့ ကိုယ်ရောင်းချလိုတဲ့ နယ်ပယ်တစ်ခုနဲ့က လိုက်လျောညီထွေရှိရဲ့လားဆိုတာ ပထမဆုံးစဉ်းစားရမှာဖြစ်ပါတယ်။ ကိုယ်ကလုပ်ငန်းသုံး ကားတွေရောင်းချချင်တယ်ဆိုရင်တော့ လုပ်ငန်းခွင်တွေနဲ့ မဝေးလှတဲ့ဧရိယာအတွင်းမှာ ကိုယ်တိုင်ရောက်နေဖို့ လိုအပ်နေမှာ အသေအချာပါပဲ။ ပြီးတော့ ဈေးကွက်တစ်ခုတည်ဆောက်နိုင်ခဲ့ပြီ ဆိုရင်လည်း ကိုယ်ရောင်းချတဲ့ ကုန်ပစ္စည်းအတွက် အရန်အသုံးအဆောင်ပစ္စည်းတွေ အမှန်တကယ် လွယ်လွယ်ကူကူရနိုင်ပါ့မလားဆိုတာ စဉ်းစားဖို့လိုအပ်ပါတယ်။ တကယ်လို့ ရနိုင်မယ်ဆိုရင် ကိုယ်ရောင်းချမယ့်ကားအတွက် အပိုပစ္စည်းတွေပါ အသင့်ထားရှိဖို့ လိုအပ်နေမှာအသေအချာပါ။

သေချာပြင်ဆင်ထားပါ

ကိုယ်က လက်ကားရောင်းချမှာမဟုတ်ဘဲ တစ်စီးတည်းကို ရောင်းချဖို့ပြင်ဆင်ထားတာဆိုရင်တော့ မရောင်း ခင်ကြိုတင်ပြင်ဆင်မှု တချို့ပြုလုပ်ထားရပါလိမ့်မယ်။ ကိုယ့်ရဲ့ကားထဲမှာရှိနေတဲ့ ကိုယ်ရေး ကိုယ်တာ စာရွက်စာတမ်းတွေကို သိမ်းဆည်းထားဖို့လိုအပ်မှာ ဖြစ်သလို၊ ကားအတွင်းပိုင်းကိုလည်း သန့်ရှင်းရေးပြု လုပ်ထားရမှာဖြစ်ပါတယ်။ ဖြစ်နိုင်ရင် ကားကိုအသန့်ပြန့်ဆုံးဖြစ်အောင် ပြင်ဆင်ထားသင့်တာပါ။ အညစ် အကြေးတွေ သန့်ရှင်းသွားအောင်ရေဆေးထားတာ၊ ကားတစ်စီးလုံးကို ပေါလစ်တိုက်ထားတာမျိုးတွေ ပြုလုပ်ထားဖို့လည်း မေ့မနေသင့်ပါဘူး။ ကားဘော်ဒီ၊ မှန်စတဲ့အရာတွေကအစ ကားတာယာတွေအဆုံး သန့် ရှင်းနေအောင်ဖန်တီးထားသင့်တာပါ။

ဈေးကွက်ဖန်တီးပါ

အချို့နိုင်ငံတွေမှာ ပြုလုပ်လေ့ရှိတဲ့ နည်းလမ်းတစ်ခုကိုဖော်ပြချင်ပါတယ်။ For Sale ဆိုတဲ့ Sing board လေးဖြစ်ဖြစ် ကိုယ့်ကားပေါ်မှာတပ်ထားသင့်တာပါ။ စတိုးဆိုင်တစ်ခုက အလွယ်တကူဝယ်ယူလို့ ရနိုင်မယ့် For Sale Sing Board ပေါ်မှာ ကိုယ်ရောင်းချလိုတဲ့ကားဈေးနှုန်းနဲ့ ဖုန်းနံပါတ်ကိုတစ်ပါတည်းရေးပြီး ကားအရှေ့ ပြတင်းပေါက်ပေါ်မှာ တင်ထားရမှာဖြစ်ပါတယ်။ နောက်တစ်ခုကတော့ အထက်ကအတိုင်း လုပ်ပြီး ပြီဆိုရင် ကိုယ့်ကားကို လူအများမြင်နိုင်မယ့် နေရာတစ်ခုမှ Parking ထိုးထားဖို့လိုအပ်မှာပါ။ ကားဝယ်ဖို့ စိတ်ဝင်စားသူအချို့ ကိုယ့်ကိုဆက်သွယ်လာနိုင်သလို တချို့ကလည်းကိုယ့်ကားကို ဓာတ်ပုံရိုက်ကူးရင်း သတင်း စာမှာထည့်ပေးတာ ဒါမှမဟုတ် လူမှုကွန်ယက်ဝက်ဘ်ဆိုက်မှာ တင်တာစတာတွေကို ပြုလုပ်ရင်လည်း ကူညီ ပေးတတ်ကြပါတယ်။

ဈေးတိုးမြှင့်ထားပါ
အရောင်းအ၀ယ်လုပ်ငန်းနဲ့ ပတ်သက်ဖူးသူတိုင်းသိရှိပြီးဖြစ်မယ့် အကြောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ဒါ ပေမဲ့ ဈေးကိုလိုအပ်တာထက် နည်းနည်းဖြစ်ဖြစ် ပိုတင်ထားရမယ့်အချက်က ဒီနေရာမှာပိုပြီးအသုံးဝင်နေမှာပါ။ ကိုယ်လိုချင်တဲ့ဈေးထက် ပိုပိုသာသာတောင်းဆိုနိုင်မှ မျှော်လင့်ထားတဲ့ဈေးရမှာဖြစ်လို့ ဒီနေရာမှာ ဈေးနှုန်း ဖော်ပြဖို့ကို ရှက်မနေသင့်ပါဘူး။ ၀ယ်မယ့်သူကတော့ ဘယ်လောက်ပဲသင့်တော်တဲ့ ဈေးနှုန်းဖြစ်နေပါစေ ဈေးဆစ်ဦးမှာအသေအချာပါ။ ဒါကြောင့် ကိုယ်ကဈေးအတိကျကိုပဲတင်ထားရင်၊ ဒါမှမဟုတ် တစ်ခွန်းဈေးဖြစ် နေရင် ကိုယ့်ကားကိုဘယ်သူမှ လာဝယ်တော့မှာမဟုတ်ပါဘူး။

ပွင့်လင်းမြင်သာမှုရှိပါ

ဝယ်သူရှိလာပြီဆိုရင်တော့ ကိုယ့်ကားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကို သူတို့ကိုအမှန်အတိုင်း ပြောပြနိုင်ဖို့ လိုအပ်မှာအသေအချာပဲဖြစ်ပါတယ်။ ကိုယ့်ကားမှာ ဘယ်အပိုင်းက အားနည်းချက်တွေရှိနေတယ်၊ ဘယ်အပိုင်းကပြန်ပြုပြင်ထားတယ် စတဲ့အချက်တွေကို တတ်နိုင်သလောက်ပွင့်ပွင့်လင်းလင်း ပြောပြထားသင့် တာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment