ကားတွေကိုဘယ်လိုသယ်ယူပို့ဆောင်မလဲ..






ကားတွေကို တစ်နေရာက တစ်နေရာကို ပို့ဆောင်ပေးရတဲ့လုပ်ငန်းက အင်တာနက်ကြော်ငြာတွေ အားကောင်းလာပြီး နောက်ပိုင်း သိသိသာသာကြီးကို မြင့်တက်လာပါတယ်။ ဒီနေ့ခေတ်မှာတော့ လူတွေ ဟာ ကမ္ဘာ့ဘယ်နေရာကကားကိုမဆို ဒါမှမဟုတ် Truck သင်္ဘောပေါ်တင်ပြီး ကိုယ့်အိမ်ရှေ့ တံစက် မြိတ်အောက် ရောက်သည်အထိ ၀ယ်ယူနေနိုင်ပါပြီ။ တကယ်တော့ ဒီလိုအွန်လိုင်းကတစ်ဆင့် Markation ပြုလုပ်နေ တာဟာ တစ်ကမ္ဘာလုံးအတိုင်းအတာအထိ အကျိုးသက်ရောက် မှုရှိချင်တာကြောင့်ဆိုရင် ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ အမှန်က ဒီနည်းလမ်းဟာ အမြတ်အစွန်းပိုရစေတဲ့ နည်း လမ်းလည်းဖြစ်နေပါတယ်။

သယ်ယူပို့ဆောင်ခြင်း
ကားတစ်စီးကို သယ်ယူပို့ဆောင်တယ်ဆိုတာ ရောင်းသူလက်ထဲမှာရှိနေတဲ့ကားကို အခြားနေရာမှာ ရှိနေ တဲ့ဝယ်သူလက်ထဲရောက်အောင် လွှဲပြောင်းပို့ဆောင်ခြင်းကို ဆိုလိုပါတယ်။ တစ်နိုင်ငံက အခြားတစ်နိုင်ငံ ကိုပို့တာ၊ ပြည်နယ်တစ်ခုကနေ အခြားပြည်နယ်တစ်ခုဆီပို့တာ စတာတွေအားလုံးအကျုံးဝင်ပါတယ်။ လွန်ခဲ့တဲ့ ဆယ်နှစ်၊ ဆယ့်ငါးနှစ်လောက်ကစလို့ ရောင်းချသူတွေ၊ ထုတ်လုပ်သူတွေအပြင် ပွဲစားတွေပါ အကြီးအကျယ် စီးပွားဖြစ် ပါဝင်ပတ်သက်လာတဲ့လုပ်ငန်းဆိုရင် မမှားပါဘူး။ ဒါပေမဲ့ ဒီဘက်ခေတ်မှာတော့ အင်တာနက်ကျေးဇူး ကြောင့် ဒီလုပ်ငန်းဟာ ပိုပြီးအမြင်ကျယ်လာသလို ပုံမှန် Customer တွေရှိနေတဲ့ ဈေးကွက်နေရာ လို့တောင် သတ်မှတ်နေနိုင်ပါပြီ။

ပြင်ဆင်ခြင်း
တစ်နေရာကတစ်နေရာကို သယ်ဆောင်ရာမှာ ကိုယ့်ကားလေးအဆင်သင့်ဖြစ်နေဖို့ ကိုယ့်မှာအပြည့် အ၀ တာဝန်ရှိပါတယ်။ ဒါပေမဲ့ သတိထားရမှာတစ်ချက်က ကားလွှဲဖို့ပြင်ဆင်နေတာအတွက် အချိန် အများ ကြီး မယူသင့်ဘူးဆိုတဲ့အချက်ကိုပါ။ လျင်လျင်မြန်မြန်ဆောင်ရွက်နိုင်ရမှာဖြစ်သလို ချောချောမွေ့မွေ့ ရောက် သွားဖို့ အတွက်လည်း စီမံနိုင်ရမှာဖြစ်ပါတယ်။ ကားလွှဲဖို့အတွက် သာမန်လုပ်ရိုးလုပ်စဉ်တွေတင်မကဘဲ နောက်ထပ် ထပ်တိုးလုပ်ဆောင်စရာတွေ ရှိ၊ မရှိ သိချင်ရင်တော့ သက်ဆိုင်ရာ တာဝန်ရှိသူတွေကို မေးမြန်းတာ အကောင်း ဆုံးပါပဲ။

အာမခံခြင်း
ကားအာမခံကုမ္ပဏီက တစ်နေရာကတစ်နေရာကို ကိုယ့်ကားရွေ့ပြောင်းချိန်မှာ အမှန်တကယ် ဒီလို အာမခံပေးထားတဲ့ အချက်ပါသလားဆိုတာကတော့ ကိုယ်တိုင်စစ်ဆေးထားရမှာပါ။ တစ်ခုရှိတာက ကုမ္ပဏီက ဆောင်ရွက်မပေးရင်တောင် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီကတော့ ကိုယ့်ကားအတွက် အာမခံဆောင်ရွက်ပေး မှာ မလွဲပါဘူး။ ကိုယ်ကကားပို့မယ့်သူဖြစ်နေရင် ကိုယ့်ရဲ့ ကိုယ်ရေးကိုယ်တာ နဲ့ဆိုင်တဲ့ စာရွက်စာတမ်းတွေ ကားထဲမှာပါမသွားအောင်တော့ ဂရုစိုက်ရပါလိမ့်မယ်။ ဘာကြောင့်လဲ ဆိုရင်တော့ ကားအတွက်အာမခံရနိုင်ပေ မယ့် ဒီလိုစာရွက်စာတမ်းတွေအတွက် မရနိုင်လို့ပျောက် ဆုံးသွားနိုင်တာကြောင့်ပါပဲ။

ဘယ်လိုဝန်ဆောင်မှုတွေရမလဲ…
ကားသယ်ယူပို့ဆောင်တဲ့ ကုမ္ပဏီတွေက ၀န်ဆောင်မှုအမျိုးမျိုးပေးလေ့ရှိပါတယ်။ ဘယ်လောက်မြန် မြန်ရောက်စေချင်လဲ၊ ဘယ်လောက်ပေးချေချင်လဲ၊ ကိုယ့်ကားကို ဘယ်နေရာမှာလာတင်ရမလဲ၊ ဘယ်နေရာ မှာ ချပေးရမလဲ စသဖြင့်ပါ။ များသောအားဖြင့် ကမ်းလှမ်းခံရနိုင်တဲ့ ၀န်ဆောင်မှုတွေကတော့ Door to Door Terminal to Ternimal တွေပါပဲ။ အိမ်ရှေ့အရောက်လား၊ သတ်မှတ်ထားတဲ့ ဂိတ်တင်ပဲလား။ ကိုယ် ကြိုက် နှစ်သက်ရာရွေးချယ်နိုင်မှာဖြစ်ပါတယ်။

အလုံပိတ်လား၊ ရိုးရိုးလား
တချို့က ကွန်တိန်နာထဲ ထည့်သွင်းပြီးရွေ့ပြောင်းတာမျိုးကို နှစ်သက်တတ်ကြသလို တချို့ကျတော့ Stand ပါတဲ့ ကားပေါ်သည်အတိုင်းတင်ပြီး ကိစ္စပြီးသွားတာမျိုးတွေရှိပါတယ်။ ဒါပေမဲ့ ဒီလိုအကာအကွယ် မရှိဘဲ တစ်နေရာကနောက်တစ်နေရာဆီပို့တာကို အချို့ကတော့မကြိုက်ကြပါဘူး။ အဝေးပြေးလမ်းမကြီး တွေကို ဖြတ်သန်းမောင်းနှင်ရတဲ့အခါ ရာသီဥတုဒဏ်၊ ဖုန်ဒဏ်၊ သဲဒဏ်တွေကြောင့် ကားပျက်စီးနိုင်ခြေ ပိုများလို့ပဲဖြစ်ပါတယ်။


အာကာထက်ဝေ

-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment