ချောင်းသာရောက်ရင် .........





မြင့်မြတ်သော်တာ
ချောင်းသာရောက်ရင် အုန်းရေသောက်တယ်၊ ပုဇွန်ကင်၊ ငါးကင်စားတယ်…

ညီမအနုပညာလောကထဲကို ဘယ်အချိန်လောက်ကစပြီးတော့ ၀င်ရောက်ဖြစ်ခဲ့တာလဲ။
အနုပညာလောကထဲကို ၂၀၁၁ ခုနှစ်လောက်ကနေစပြီးတော့ ၀င်ရောက်ဖြစ်ခဲ့တာပါ။ အဲဒီတုန်းက ပဟေဋိနန်းတော်တစ်ခုပဲရိုက်ကူးတာပါ။ အခုနောက်ပိုင်းမှသာ ဓာတ်ပုံ စသဖြင့်အကုန်လုံးနီးပါးလုပ်ဖြစ်တာပါ။

အနုပညာလောကထဲကို ဘယ်လိုဆက်စပ်ပြီးတော့ ၀င်ရောက်ဖြစ်ခဲ့တာလဲ။

MRTV 4 ကလုပ်တဲ့ Style ရှိမှ Star ဖြစ်မယ် အစီအစဉ်မှာ ၀င်ပြိုင်ရင်းနဲ့ စခဲ့တာပါ။ အဲဒီမှာ Miss Talent ဆုရခဲ့ပါတယ်။ ဆုရပြီးသားသူတွေပဲ သီးသန့်ပြိုင်တဲ့ပွဲမှာလည်း ဆုထပ်ရခဲ့ပါတယ်။

တခြားမော်ဒယ် Show တွေ ၀င်ပြိုင်ဖူးတာမျိုးရှိလား။

အရင်တုန်းကတော့ ၂၀၁၁ လောက်ကတော့ Miss Now How တော့ ၀င်ပြိုင်ဖူးပါတယ်။ အဲဒီတုန်းက တစ်ခါပါပဲ။ နောက်ပိုင်းတော့ ပြိုင်ပွဲတွေမပြိုင်ဖြစ်ပါဘူး။

ညီမမှာ အနုပညာမျိုးရိုးရှိလား
အနုပညာမျိုးရိုးမရှိပါဘူး။ ၀ါသနာပါလို့သာ ပြိုင်ပွဲဝင်ပြိုင်ရင်းနဲ့ အခုလိုရပ်တည်ဖြစ်ခဲ့တာပါ။

အခု Model အပြင်တခြား အနုပညာအလုပ်ကို ၀ါသနာပါတာမျိုးရှိသေးလား။
အဲဒီလိုမျိုးတော့ ၀ါသနာမပါပါဘူး။ ညီမ အခုလောလောဆယ်တော့ စားဖိုမှူးသင်တန်းတော့ တက်နေ ပါတယ်။ နောက်ပိုင်းတော့ အစားအသောက်နဲ့ပတ်သက်တဲ့ စီးပွားရေးတစ်ခုခုတော့ လုပ်မယ်လို့တော့ စဉ်းစား ထားတာတော့ရှိပါတယ်။

စားဖိုမှူးသင်တန်းတက်တယ်ဆိုတော့ အစားအသောက်ကို ၀ါသနာပါတယ်ပေါ့။
အစားအသောက်ပိုင်းကို ၀ါသနာပါပါတယ်။ Hotel စာတွေ ကို ချက်ပြုတ်ရတာကို ၀ါသနာပါတာပါ။

အိမ်ကနေပြီးတော့ ကန့်ကွက်တာမျိုးတွေနဲ့ကြုံခဲ့ဖူးလား။
ညီမ Style ရှိမှ Star ဖြစ်မယ်မှာ သွားပြီးတော့ပြိုင်တုန်းက အိမ်ကမသိခဲ့ဘူး။ ခိုးပြီးတော့သွား ပြိုင်တာပါ။ ဆုရပြီးတော့ တီဗီမှာပါလာမှသာ အိမ်ကသိခဲ့တာပါ။ ဆုလည်းရတယ်ဆိုတော့ ဘာမှတော့ သိပ်မပြောတော့ပါဘူး။

ညီမမော်ဒယ်သင်တန်းက ၄ နှစ်လည်းရှိပြီဆိုတော့ အနုပညာဆိုတဲ့စကားလုံးကို ဘယ်လိုမြင်လဲ။ ဘယ်လို နားလည်လဲ။
အနုပညာဆိုတာကတော့ မော်ဒယ်အလုပ်မှမဟုတ်ပါဘူး။ ပန်းချီဆွဲတာကလည်း အနုပညာပါပဲ။ သီချင်းဆိုတာကလည်း အနုပညာပါပဲ။ အနုပညာတွေက အများကြီးရှိပါတယ်။ အဲဒီလောက်ပဲနားလည်ပါ တယ်။

ညီမအနေနဲ့ မော်ဒယ်လောကမှာအောင်မြင်မှုရနေပြီလို့ ကိုယ့်ကိုယ်ကိုယ်ယူဆထားလား။
အဲဒီလိုတော့ မယူဆထားပါဘူး။ ကိုယ့်ထက်အောင်မြင်တဲ့ သူတွေလည်းကိုယ့်ရှေ့မှာ အများကြီးရှိပါတယ်။ ညီမက၀ါသနာပါလို့သာ လုပ်နေတာပါ။ ကိုယ့်ကိုယ်ကိုယ် အောင်မြင်တယ်လိုတော့ မယူဆပါဘူး။ အများကြီးကြိုးစားဖို့လိုပါသေးတယ်။

အောင်မြင်မှုဆိုတာကို ဘယ်လိုမျိုးခံယူထားလဲ။
အောင်မြင်မှုဆိုတာကတော့ ကိုယ်လုပ်တဲ့အလုပ်တစ်ခုမှာ အတော်ဆုံးဖြစ်တဲ့သူ၊ ထိပ်ဆုံးရောက်နေ တဲ့သူကို ညီမကအောင်မြင်တဲ့သူလို့ သတ်မှတ်ထားပါတယ်။

ညီမခရီးသွားဖြစ်လား။
ခရီးကတော့ တော်တော်တော့သွားဖြစ်တယ်။

ဘယ်တွေကိုအများဆုံးသွားဖြစ်လဲ။
ပြည်တွင်းခရီးတွေပဲ အများဆုံးသွားဖြစ်ပါတယ်။ ပြည်ပခရီးစဉ်ကတော့ ၂၀၀၈ ခုနှစ်ကတည်းကမသွား ဖြစ်တော့တာပါ။ ပြည်တွင်းခရီးသွားရတာ အကြိုက်ဆုံးကတော့ ငပလီကိုသွားရတာကြိုက်ပါတယ်။ ပုဂံသွား ရတာလည်းကြိုက်တယ်။ ပြီးတော့ အင်းလေးဘက်ကိုလည်း သွားရတာသဘောကျပါတယ်။

ကမ်းခြေမှာ  ရိုက်တဲ့ အတွက် ညီမရဲ့ခံစားချက်လေး ပြောပြပေးပါဦး။
ကမ်းခြေမှာ တစ်ခါမှမရိုက်ဖူးတော့ စိတ်လှုပ်ရှားတာတော့ အမှန်ပါပဲ။ ပျော်လည်းပျော်ပါတယ်။ ပြီးတော့ ကိုယ်နဲ့အတူတွဲဖက်ပြီးတော့ရိုက်တဲ့ နှစ်ယောက်ကလည်း သူငယ်ချင်းတွေဆိုတော့ ပိုပြီးတော့ ပျော်ပါ တယ်။ အယ်ဒီတာချုပ်အစ်မ နဲ့ ဓာတ်ပုံဆရာက အားလုံးသင်ပေးတဲ့အတွက် အဆင်ပြေပါတယ်။

ကိုယ်သွားတဲ့ခရီးကို ရောက်ရင်ဘာကိုအရင်ဆုံးလုပ်လေ့ရှိလဲ။
ညီမအရင်ဆုံးလုပ်တာတော့ အစားအသောက်ပါပဲ။ ညီမဒေသထွက်အစားအသောက်တွေကို စားရတာ အရမ်းဝါသနာပါပါတယ်။ ညီမချောင်းသာရောက်တော့လည်း အုန်းရေသောက်တယ်။ ပုဇွန်ကင်၊ ငါးကင် အစရှိသဖြင့်စားပါတယ်။ ပုဂံရောက်ရင်လည်း မြန်မာ့လက်ရာထမင်းဟင်းတွေ စားဖြစ်ပါတယ်။ အဲဒီအစား အသောက်ကို ဘယ်လိုပြုလုပ်တယ်ဆိုတာကို လေ့လာဖြစ်ပါတယ်။ နောက်ပိုင်းတော့ အမှတ်တရပစ္စည်းလေး တွေကိုတော့ စုဖြစ်ပါတယ်။

အိနြေ္ဒခင်

လွတ်လွတ်လပ်လပ် သူငယ်ချင်းတွေနဲ့သွားရမယ်ဆိုရင် ပုဂံညောင်ဦးကိုသွားချင်ပါတယ်…


အနုပညာလောကထဲကို ဘယ်အချိန်လောက်ကစပြီးတော့ ၀င်ရောက်ခဲ့တာလဲ။ ၂၀၁၁ အကုန်လောက်က ၀င်ရောက်ဖြစ်ခဲ့တာပါ။

ဘယ်လိုမျိုးဆက်စပ်ပြီးတော့ ၀င်ရောက်ခဲ့တာလဲ။
သတင်းစာထဲမှာ MWD အတွက် မော်ဒယ်တွေခေါ်ပါတယ်။ အဲဒီမှာသွားလျှောက်တယ်။ အဲဒီမှာ ကိုဆန်းထွဋ်တို့နဲ့တွေ့တာပါ။ သူတို့နဲ့တွေ့ပြီးနောက်ပိုင်းမှာ တခြားပွဲတွေလျှောက်ဖြစ်တာပါ။

ညီမအနုပညာမျိုးရိုးရှိလား။
မရှိပါဘူး။ ညီမတစ်ယောက်တည်းပါပဲ။

မော်ဒယ်အပြင် တခြားဝါသနာပါတာမျိုးရှိသေးလား။
မရှိပါဘူး။ မော်ဒယ်အပြင် စီးပွားရေးဘက်ကိုပဲ ၀ါသနာပါတယ်။ ငယ်ငယ်တုန်းကတော့ အဆိုတော် ရူး ရူးဖူးတယ်။ မဖြစ်ခဲ့ပါဘူး။

မော်ဒယ်လုပ်တော့အိမ်က ကန့်ကွက်ခဲ့လား။
အစတုန်းကတော့ အစ်ကိုတွေကလုပ်ခိုင်းတာပါ။ နင်လူတကာနဲ့စကားပြောရတာ အဆင်ပြေအောင် ဆိုပြီးတော့ မော်ဒယ်သင်တန်းတက်ခိုင်းတာပါ။ အဲဒီကနေ ဖောင်ဝင်လျှောက်ရင်းနဲ့ ဆက်လုပ်ဖြစ်သွားတာ။ ဦးလေးတွေဆိုလည်း လုံးဝကန့်ကွက်တယ်။ အချိန်တွေကြာလာတော့လည်း ယုံကြည်မှုရသွားတာပါပဲ။

မော်ဒယ်လောကထဲမှာ အားကျတဲ့စီနီယာတွေရှိလား။
မနန်းခေးမားတို့ကို အရမ်းသဘောကျတယ်။ သူတို့ခန္ဓာကိုယ်အနေအထားနဲ့ ဆက်ပြီးတော့ထိန်းထား နိုင်တာကိုသဘောကျတယ်။ ကိုယ့်ရဲ့စီနီယာဖြစ်တဲ့အပြင် အခုအချိန်မှာလည်း ဘာမှပြောင်းလဲသွားတာမျိုးမရှိ ဘူး။ အရင်အတိုင်းပဲ။ အဲဒါကိုသဘောကျတာပါ။

အနုပညာဆိုတာကိုညီမအနေနဲ့ ဘယ်လိုမျိုးနားလည်ထားလဲ။ အနုပညာဆိုတာကတော့ ကျယ်ပြန့်လွန်းပါတယ်။ ကိုယ့်အတွက်လည်း လေ့လာစရာတွေနဲ့ သင်ယူ စရာတွေအများကြီးရှိပါတယ်။ ညီမဆိုလည်း ဒီအနုပညာလောကထဲရောက်မှ မိတ်ကပ်ပြင်တတ်လာတာပါ။ ဒါကလည်း သင်ယူစရာတစ်ခုပါပဲ။ ကောင်းတာလေးတွေ သင်ယူမယ်ဆိုလည်း အများကြီးရှိပါတယ်။ မကောင်း တာတွေလည်း အများကြီးရှိပါတယ်။

ကိုယ့်ကိုယ်ကိုယ်အောင်မြင်မှုရနေပြီလို့ ခံယူထားလား။
သူများတွေလို အရမ်းအောင်မြင်တဲ့မော်ဒယ်တွေနဲ့ ယှဉ်နိုင်တဲ့အထိတော့ မအောင်မြင်သေးပါဘူး။ အလယ်အလတ်လောက်ရှိတယ်လို့ ထင်ပါတယ်။

ညီမအနေနဲ့ အောင်မြင်မှုဆိုတာကိုဘယ်လိုမြင်လဲ။
အောင်မြင်မှုဆိုတာက ဆိုးတဲ့ဘက်မှာလည်းရှိသလို ကောင်းတဲ့ဘက်မှာလည်းရှိပါတယ်။ ညီမကတော့ ကိုယ်အလုပ်တစ်ခုလုပ်လိုက်တယ်။ ကောင်းကောင်းမွန်မွန်နဲ့ အောင်မြင်တယ်ဆိုရင်တော့ အောင်မြင်မှုရတယ် လို့ပဲခံယူပါတယ်။

ခရီးတွေသွားဖြစ်လား
ပြည်တွင်း ပြည်ပကတော့ အလုပ်နဲ့တော့သွားဖြစ်တယ်။ တစ်ခါတလေပါပဲ။ စင်ကာပူ၊ ဘန်ကောက်၊ ကွာလာလမ်ပူစသဖြင့်တော့ ရောက်ခဲ့ဖူးပါတယ်။ ပြည်တွင်းဆိုရင်တော့ ပုဂံညောင်ဦး၊ မန္တလေး၊ နေပြည်တော် တို့ကို ရောက်ခဲ့ဖူးပါတယ်။ လွတ်လွတ်လပ်လပ်နဲ့ သူငယ်ချင်းတွေနဲ့ အတူသွားရမယ်ဆိုရင်တော့ ပုဂံ ညောင်ဦး ကို သွားချင်ပါတယ်။

ချောင်းသာရောက်ရင် 

ပျော်လည်းပျော်ပါတယ်။ ခံစားမှုတွေအရမ်းကောင်းတယ်။ သူငယ်ချင်းတွေနဲ့ အပျော်သွားရင်း မရည်ရွယ်ဘဲရိုက်ဖြစ်ခဲ့တာပါ။ အားလုံးကအဆင်ပြေပြေနဲ့ လုပ်ပေးတဲ့အတွက်လည်း အရမ်းဝမ်းသာပါတယ်။ ပျော်ပါတယ်။

ညီမအနေနဲ့ ဒေသတစ်ခု ရောက်ရင်ဘာတွေလုပ်လေ့ရှိလဲ။
ဒေသတစ်ခုရောက်ပြီဆိုတာနဲ့ ဓာတ်ပုံရိုက်ပါတယ်။ အိမ်ရောက်ရင် ပြန်ပြမယ်ဆိုပြီးတော့ ရည်ရွယ် တာပါ။ ပြီးတော့ ဒေသအစားအစာတွေ စားဖြစ်ပါတယ်။

အမှတ်တရစကားလက်ဆောင်။
ဒီ Cover လေးက သူငယ်ချင်းသုံးယောက် အဆင်ပြေပြေလေး ရိုက်ကူးထားပါတယ်။ အဲဒါ လေးကိုလည်း ပရိသတ်ကြိုက်မယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ ညီမကိုလည်းအားပေးပါလို့ ပြောချင်ပါတယ်။



ကြာညို
ခရီးသွားတယ်ဆိုတာကို ပျော်ရွှင်ခြင်းလို့ပဲ သတ်မှတ်ပါတယ် …


အနုပညာလောကကို ဘယ်အချိန်လောက်ကစပြီးတော့ ၀င်ရောက်ခဲ့တာလဲ …
၂၀၁၃ အရင်လောက်ကစပြီးတော့ အနုပညာကိုစတင်ခဲ့ပါတယ်။ ကြိုးစားခဲ့တာကတော့ကြာပါပြီ။ ၂၀၁၃ ခုနှစ်ရောက်မှပဲ ထဲထဲဝင်ဝင်လုပ်ဖြစ်ခဲ့တာပါ။

ဘယ်လိုဆက်စပ်ပြီးတော့ ၀င်ရောက်ဖြစ်ခဲ့တာလဲ …
အမှန်အတိုင်းပြောရရင်တော့ အနုပညာလောကနဲ့ အဆက်အသွယ်လုံးဝမရှိဘူး။ ၁၀ တန်းပြီးသွား တော့ မော်ဒယ်သင်တန်းတက်ဖြစ်တယ်။ အဲဒီကနေဖြစ်ခဲ့တာပါပဲ။

မော်ဒယ်အပြင်တခြားအလုပ် သို့မဟုတ် စိတ်ဝင်စားတာတစ်ခုခုရှိသေးလား…
အမျိုးမျိုးတော့မရှိပါဘူး။ မော်ဒယ်တစ်မျိုးတည်းပဲ သီးသန့်လုပ်ပါတယ်။

မော်ဒယ်စလုပ်တုန်းက အိမ်ကကန့်ကွက်တာမျိုးတွေရှိခဲ့ဖူးလား…
အတိုက်အခံတွေကတော့ ရှိခဲ့ပါတယ်။ အဖေဆို အခုထိကန့်ကွက်နေတုန်းပါပဲ။ အမေကတော့ ကြည် ကြည်ဖြူဖြူသဘောတူပါတယ်။

အနုပညာရှင်တွေထဲမှာ ညီမအရမ်းအားကျတဲ့အနုပညာရှင်တွေရှိခဲ့ဖူးလား…
အကုန်လုံးနီးပါးကို အားကျခဲ့ဖူးပါတယ်။ အားလုံးကလည်း ကိုယ့်ရဲ့စီနီယာတွေလို့ပဲ ခံယူထားပါတယ်။

ဖြတ်သန်းခဲ့တဲ့အနုပညာ သက်တမ်းက …
၂ နှစ် လောက်ရှိသွားပါပြီ။

အနုပညာကို ဘယ်လိုနားလည်သလဲ…
အနုပညာကို ဘယ်လိုနားလည်လဲဆိုတာကို အကျယ်ချဲ့ပြီးတော့ မပြောတတ်ပါဘူး။ ဒါပေမဲ့ အနုပညာ ဆိုတာက စကားလုံးအနေနဲ့ သို့မဟုတ် ခံစားမှုအနေနဲ့တော့ အရမ်းနူးညံ့ပါတယ်။ ဒါပေမဲ့တကယ်တမ်းတော့ အရမ်းခက်ခဲပြီး ထင်သလောက်မလွယ်ပါဘူး။

အောင်မြင်မှုဆိုတာရော ညီမအနေနဲ့ ဘယ်လိုခံယူထားလဲ
အောင်မြင်မှုကတော့ အမျိုမျိုးရှိပါတယ်။ ဒါပေမဲ့ ညီမသိတာကတော့ ကောင်းတဲ့ဘက်က အောင်မြင်မှုနဲ့ ဆိုးတဲ့ဘက်က အောင်မြင်မှုနှစ်မျိုးတော့သိပါတယ်။

ခရီးသွားဖြစ်လား။
ညီမ ခရီးခဏခဏတော့သွားဖြစ်ပါတယ်။ များသောအားဖြင့်တော့ အလုပ်ကိစ္စနဲ့ပဲသွားဖြစ်ပါတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင်တော့ မိသားစုနဲ့ဘုရားဖူးတွေပဲသွားဖြစ်ပါတယ်။

အဲဒီလိုခရီးသွားတဲ့အခါ ဘယ်တွေကိုအများဆုံးသွားဖြစ်လဲ …
ပြည်ပဆိုရင်တော့ ဘန်ကောက်ကိုပဲသွားဖြစ်ပါတယ်။ ပြည်တွင်းဆိုရင်တော့ ကျိုက်ထီးရိုးပဲအများဆုံး သွားဖြစ်ပါတယ်။

ခရီးသွားရင်ဘာဦးဆုံးလုပ်ဖြစ်လဲ …
အဓိကကတော့ ဓာတ်ပုံရိုက်တာပါပဲ။ ညီမက အသစ်အဆန်းတွေကို သဘောကျတော့ ရောက်တဲ့ နေရာမှာ လေ့လာစူးစမ်းတာမျိုးတော့ရှိတယ်။ အဲဒီလောက်ပါပဲ။

ခရီးသွားတာနဲ့ ပတ်သက်ပြီးတော့ အမှတ်တရတွေရှိလား။
အမှတ်တရတွေကတော့ အများကြီးပါပဲ။ Shape ဂျာနယ် မျက်နှာဖုံးရိုက်ကူးတာကတော့ ညီမရဲ့ အခုလတ်တလော အမှတ်တရတစ်ခုပါပဲ။ ကမ်းခြေမှာရိုက်ကူးတာဖြစ်တဲ့အပြင် အဲဒီက ကလေးတွေ ကောက်ပေးလိုက်တဲ့ ခရုခွံလေးတွေကိုရေဆေးရင်းနဲ့လည်း သူတို့ကိုသတိရပါတယ်။ ပြီးတော့ သူတို့လေးတွေ ကို ပညာတတ်ကြီးတွေ ဖြစ်စေချင်တယ်။ အခုလိုမြင်တွေ့ခဲ့ရတာတွေစိတ်မကောင်းပါဘူး။

ကမ်းခြေမှာဓာတ်ပုံရိုက်ကူးတဲ့ ခံစားချက်လေးပြောပြပေးပါဦး …
Studio ခန်းထဲမှာရိုက်ကူးတာကတော့ ဘောင်ခတ်ထားတဲ့ သဘောခံစားရတယ်။ ကမ်းခြေမှာ Out door ရိုက်ကူးတာကျတော့ လွတ်လွတ်လပ်လပ်ဖြစ်တဲ့အပြင် လန်းလန်းဆန်း ဆန်းဖြစ်တယ်လို့လည်း ခံစားရတယ်။

ညီမအနေနဲ့ခရီးသွားတယ် ဆိုတာကို ဘယ်လိုနားလည်ထားလဲ …
ခရီးသွားတယ်ဆိုတာကတော့ အလုပ်ကိစ္စနဲ့ပဲဖြစ်ဖြစ် အပျော်ခရီးပဲဖြစ်ဖြစ် ကိုယ့်ရဲ့စိတ်ကို ထွက်ပေါက် တစ်ခုပေးလိုက်တာနဲ့ အတူတူပဲလို့ထင်ပါတယ်။ နေရာတစ်နေရာရောက်ရင် စိတ်ကတစ်မျိုးပြောင်းသွားတတ် ပါတယ်။ ညီမကတော့ ခရီးသွားတယ်ဆိုတာကို ပျော်ရွှင်ခြင်းလို့ပဲ သတ်မှတ်ထားပါတယ်။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape
Share on Google Plus

0 comments:

Post a Comment