ကားအင်ဂျင်နဲ့ဟင်းချက်ကြရအောင်







ကားအင်ဂျင်နဲ့ဟင်းချက်မယ် ဆိုလိုက်တာကြောင့်နဲ့ အချိန်ပေးရတာကြောင့် အနည်းငယ်စိမ်းနေတာ ဖြစ်ပေ မယ့် ဒီနည်းက ရှေးကျနေတဲ့နည်းဟောင်းတစ်ခုလို့ ဆိုနိုင်တာပါ။ အခြားတစ်ဖက်မှာလည်း အခုလို ပြု လုပ်နိုင်ဖို့က လောင်စာမဖြစ်မနေအသုံးပြုရမှာကြောင့် မြင့်မားနေတဲ့ဈေးနှုန်းကိုအကြောင်းပြပြီး လက်ရှောင် ကြတာလည်း ဖြစ်နိုင်ပါတယ်။ ဘာပဲပြောပြော ကားအင်ဂျင်ကိုအသုံးပြုပြီး ဘယ်လိုချက်ပြုတ်နိုင် တယ်ဆို တဲ့အ ကြောင်းဖော်ပြပေးလိုက်ပါတယ်။

အဆင့်(၁)
များသောအားဖြင့် ပျော်ပွဲစားထွက်သူတွေ ပြုလုပ်တာများပါတယ်။ ပထမဆုံးပြုလုပ်သင့်တာက ခရီးစဉ် နဲ့ ကိုက်ညီမယ့် ဟင်းလျာကိုရွေးချယ်နိုင်ဖို့ပါပဲ။ တချို့ကတော့ ဘယ်မှမသွားဘဲ အိမ်မှာနေရင်း အင်ဂျင်အား ကိုး နဲ့ ချက်ပြုတ်စားတတ်ပေမယ့် ဒါကအကုန်အကျအများဆုံးချက်ပြုတ်နည်း တစ်ခုဖြစ်လာမယ်ဆို တာ ကိုတော့ သတိချပ်ရပါလိမ့်မယ်။ ပျော်ပွဲစားထွက်ရာမှာ ပျော်ပျော်ပါးပါးချက်ပြုတ်စားသောက်တဲ့ ဒီနည်းလမ်းက ရေလုံပြုတ်ချက်သလို နည်းနည်းတော့အချိန်ပေးရပါတယ်။ အတိအကျပြောရရင် သမာရိုးကျ ပေါင်းအိုးနဲ့ချက် တာထက် အချိန်ပိုပြီးယူရသလို နှေးကွေးတဲ့ပေါင်းအိုးတွေထက်တော့ ပိုပြီးမြန်ဆန်တတ် တာပါ။ ကိုယ်က ခရီးရှည်သွားသူဖြစ်နေရင်တော့ ဘယ်လိုဟင်းလျာမျိုးမဆို ချက်ပြုတ်နိုင်မှာဖြစ်ပါတယ်။ အသားကင်မလား၊ အပြည့်ကျက်အောင်ချက်မှာလား၊ အားလူးဟင်းလားအစရှိသဖြင့် အားလုံးနေရာကျ မှာပါ။ ဘာကြောင့်လဲဆိုရင် တော့ ဟိုင်းဝေးမောင်းနှင်ထားတဲ့ ကားအင်ဂျင်ကလုံလောက်တဲ့ အပူချိန် ထုတ်ပေးနိုင်တာကြောင့် ဖြစ်ပါတယ်။ ကိုယ်က သာမန်ထက်ပိုပြီး တွင်တွင်ကျယ်ကျယ် ချက်ပြုတ် ချင်တယ်ဆိုရင်တော့ ''Engine Block Cooking''ဆိုပြီး Google လိုက်ရင်း ကားအင်ဂျင်နဲ့ ဟင်းချက်နည်းပေါင်းစုံကို သေချာပေါက်ရရှိနိုင်မှာပါ။

အဆင့်(၂)

ကားအင်ဂျင်ကိုအသုံးပြုပြီး ဟင်းလျာတွေချက်ပြုတ်တော့မယ်ဆိုရင်တော့ ဘာပဲချက်ချက် အလူမီနီယံ ပြားနဲ့ ရစ်ပတ်ပြီးမှချက်ပြုတ်သင့်ပါတယ်။ အနည်းငယ်ထူတဲ့ အလူမီနီယံပြားနှစ်ပြား၊ သုံးပြားလောက်အသုံးပြု ပြီး အခုလိုရစ်ပတ်ရပါလိမ့်မယ်။ ဒီနေရာမှာ သတိထားရမှာကတော့ အလူမီနီယံပြားပေါ်မှာ သုတ်လိမ်းထားတဲ့ ဆီတွေကို ဖယ်ရှားမပစ်ဖို့ပဲဖြစ်ပါတယ်။ ဟင်းလျာတွေကို အလူမီနီယံပြားအုပ်တော့မယ်ဆိုရင် ထောင့်စွန်းလေး တွေကအစ သေချာအောင်ခေါက်ပြီး အုပ်သိမ်းမိဖို့ကိုလည်း မျက်ခြည်မပြတ်သင့်ပါဘူး။ များများအသုံးပြုမယ် ဆိုရင် ပိုပြီးတော့တောင်အဆင်ပြေစေမှာပါ။ အသားနဲ့ထိတွေ့မယ့်အပိုင်းကို နောက်ထပ် ဆီသုတ်ထားမယ်ဆို ရင်လည်း ပြဿနာမရှိနိုင်ပါဘူး။

အဆင့်(၃)
ကားအင်ဂျင်ပေါ်မှာ ဟင်းချက်ဖို့သင့်တော်လောက်တဲ့နေရာကို ရှာရပါလိမ့်မယ်။ ကားစက်ဖုံးအောက် ထဲထိုးထည့်လိုက်ရုံနဲ့တော့ အဆင်မပြေနိုင်ပါဘူး။ ပထမဆုံးကောင်းမွန်ပြီး ပူနေမယ့်နေရာကိုမှန်ကန်အောင် ရွေးချယ်နိုင်ရပါလိမ့်မယ်။ ပူတဲ့နေရာရှာမတွေ့ဘူးဆိုရင်တော့ အင်ဂျင်ပူသွားအောင် နည်းနည်းဖြစ်ဖြစ်ပတ် မောင်းပြီးမှ ကားစက်ဖုံးကိုဖွင့်လိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ ဟင်းချက်လို့ရ၊ မရ အသေအချာသိချင်ရင် တော့ လက်နဲ့မသိမသာစမ်းသပ်ကြည့်ဖို့ပဲရှိပါတယ်။ လျင်မြန်ဖို့နဲ့ လက်ချောင်းတွေနဲ့အင်ဂျင်ကို လုံးဝထိစရာ မလိုဘဲ ပါးပါးနပ်နပ်စမ်းသပ်ကြည့်နိုင်ဖို့တော့ လိုအပ်တာပါ။ မဟုတ်ရင်လက်ကို အပူလောင်သွားတတ်လို့ ပဲဖြစ်ပါတယ်။

အဆင့်(၄)
ချက်ပြုတ်နေချိန်မှာ ကားစက်ကိုနှိုးထားဖို့တော့ မဖြစ်မနေလိုအပ်ပါတယ်။ ဒါ့အပြင် ကားအင်ဂျင်နဲ့ ချက်ပြုတ်တဲ့နည်းလမ်းအတိုင်း ချက်ပြုတ်နေတယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့အချိန်မပြည့်ခင်မှာ မကြာခဏ စစ်ဆေးမှုတွေပြုလုပ်နေသင့်တာပါ။ အကြောင်းကတော့ ဒီလိုချက်ပြုတ်ရာမှာ မမျှော်လင့်ထားတဲ့ Error တွေက ကိုယ့်အစီအစဉ်တွေကို ဖျက်ဆီးပစ်နိုင်စွမ်းရှိတာကြောင့်ပဲဖြစ်ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment