ပြင်းထန်တဲ့
ကားမတော်တဆမှုတိုင်းမှာ ကိုယ်ကကားအတွင်း လုံခြုံတဲ့နေရာမှာရှိနေမယ်ဆိုရင် အသက် ရှင်ကျန်ရစ်ဖို့
အကောင်းဆုံးအခွင့်အလမ်းလို့ သတ်မှတ်နိုင်မှာပါ။ ဒါပေမဲ့ ဒီလိုမဟုတ်တဲ့ကားက ခြောက်ကမ်းပါး
တစ်ခုပေါ်မှာ တင်နေတဲ့အခြေအနေမျိုးမှာဆိုရင်တော့ ဘယ်သူမှကားထဲမှာ ဆက်ရှိနေ လို့ကြမှာမဟုတ်ပါဘူး။
ကားက ချောက်ထဲကိုကျဖို့ (၅၀/၅၀)ရာခိုင်နှုန်းဖြစ်နေပြီ။ အချိန်မရွေးအောက်ကို ပြုတ်ကျသွားနိုင်တယ်။
ဒီလို အခြေအနေမျိုးမှာ ဘယ်လိုကားထဲက ရုန်းထွက် မလဲ။ အကောင်းဆုံး နည်းလမ်းလေးတွေကို ပြောပြပေး
ချင်ပါတယ်။
စိတ်ငြိမ်အောင်ထား
အခက်အခဲတွေ့နေတဲ့အချိန်မို့ စိတ်ငြိမ်ငြိမ်ထားနိုင်အောင်
ပထမဆုံးကြိုးစားသင့်ပါတယ်။ ကိုယ့်ကား က ချောက်ထဲကျဖို့ အရမ်းနီးစပ်တဲ့ အခြေအနေမျိုးကိုရောက်နေတာက
တကယ့်ကို အသည်းယားစရာပါပဲ။ ဒါပေမဲ့ ဒီလိုအခြေအနေမျိုးမှာ ကိုယ်ကတည်တည်ငြိမ်ငြိမ်၊ နည်းစနစ်ကျကျနဲ့
လုပ်စရာရှိတာကို အဆင့်ဆင့် လုပ်သွားနိုင်လေလေ အန္တရာယ်ကြားက လွတ်မြောက်နိုင်ဖို့အခွင့်အရေး
များလေလေဖြစ်မှာပါ။ ကားကအောက် ကိုကျသွားဖို့ နီးစပ်နေတဲ့အနေအထားမှာ အမြန်ဆုံးကားထဲက
ထွက်လိုက်ဖို့ လိုအပ်သလို မှန်ကန်တဲ့နည်းလမ်း ဖြစ်နေဖို့လည်း လိုအပ်ပါတယ်။
ဘရိတ်ကိုမမေ့နဲ့
ခြေထောက်ကိုဘရိတ်ပေါ်တင်ထားဖို့ မေ့မနေသင့်ပါဘူး။
ဒီလိုဘရိတ်ကိုနင်းထားလိုက်စဉ်မှာ ရလာ တဲ့ အချိန်လေးကိုအကောင်းဆုံး အသုံးချပြီး Hand
Brake ကိုပါ ဖမ်းထားလိုက်ဖို့ လိုအပ်ပါတယ်။ ဒီနှစ်ချက်က ကားနဲ့အတူ ကိုယ်ပါ ချောက်ထဲကျမသွားအောင်
ပထမဆုံးလုပ်ရမယ့် အရေးကြီးဆုံးအလုပ် ဖြစ်ပါတယ်။
တံခါးဖွင့်ပါ
ဒီနေရာမှာကားတံခါးဖွင့်တယ်ဆိုတာထက်
ကားမှန်ကိုဖွင့်လိုက်ဖို့က ပိုပြီးသင့်တော်မှာ အသေအချာ ပါပဲ။ ကိုယ့်ကားက Auto ဆိုရင်တော့
ကားမှန်တွေကိုလိပ်ချလိုက်ရမှာ ပြဿနာတစ်စုံတရာရှိမှာ
မဟုတ်ပေ မယ့် ရိုးရိုးကားဆိုရင်တော့ ကားကိုလှုပ်ရမ်းမသွားအောင် ထိန်းထားနိုင်ဖို့အထူးလိုအပ်ပါတယ်။
တကယ်လို့ ဒီလို ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့အခြေအနေမျိုးမှာတောင် မှန်ကချလို့မရဖြစ်နေရင်တော့
အညင်သာ ဆုံးနည်းနဲ့ မှန်ကိုခွဲထွက်လိုက်တာအကောင်းဆုံးဖြစ်မှာပါ။
စက်ပိတ်ပါ
ဒီအချိန်အထိကားစက်က နိုးနေတုန်းဆိုရင်တော့
ပိတ်လိုက်ရမှာ ဖြစ်ပါတယ်။
ခါးပိတ်တွေချွတ်
ကားစက်ပိတ်ပြီးချိန်မှာလုပ်ရမှာက ထိုင်ခုံခါးပတ်တွေချွတ်လိုက်ဖို့ပဲဖြစ်ပါတယ်။
တကယ်လို့ ခါးပတ် ကို ရုတ်တရက် ချွတ်မရဘူးဆိုရင်တော့ မမျှော်လင့်ဘဲလိမ်ညှစ်ခံရမယ့် အခြေအနေမျိုးနဲ့ မကြုံ ရအောင်
ထိုင်နေနိုင်ဖို့ မဖြစ်မနေလိုအပ်မှာ အသေအချာပါပဲ။
တံခါးအတွက်မစိုးရိမ်နဲ့
အရမ်းအရေးကြီးနေတဲ့အချိန်ဖြစ်သလို စိတ်တွေလှုပ်ရှားနေတဲ့
အခြေအနေမျိုးလည်း ဖြစ်နေတာ ကြောင့် တံခါးကိုစစ်ဆေးဖို့ မေ့လျော့သွားတတ်ပါတယ်။ ဥပမာ
Lock ချထားတဲ့တံခါးကို ဖွင့်မရတော့ဘူး အထင်နဲ့ အားသုံးပြီး အတင်းဖွင့်တာမျိုးလုပ်တတ်ကြတာပါ။
ဒီလိုလုပ်ရပ်မျိုးက ကားကိုလှုပ်ရှားမှုတွေဖြစ် စေသလို အန္တရာယ်ရှိတဲ့ အခြေအနေမျိုးဆီကိုလည်း
ဦးတည်သွားစေနိုင်ပါတယ်။ ဒါကြောင့် တံခါးဖွင့်မရတာကို စိတ်ပူမနေဘဲ Lock ကျနေတာမျိုး
ဟုတ်၊ မဟုတ် အရင်စစ်ဆေးကြည့်သင့်တာပါ။
မလှုပ်မိဖို့ပထမ
တကယ်လို့ ကိုယ့်ကားထဲမှာ အခြားလူပိုတွေပါလာခဲ့ရင်
မလှုပ်ရှားကြဖို့ သူတို့ကိုလည်း သတိပေးပါ။ ချောက်ကမ်းပါးနှုတ်ခမ်းပေါ် မေးတင်နေချိန်မှာ
လှုပ်ရှားမှုမရှိဖို့က အရေးအကြီးဆုံးဖြစ်ပါတယ်။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment