၂၀၀၆ ခုနှစ်မှာ
တက္ကသိုလ်ကျောင်းဝန်းတစ်ခုထဲအတွက်ရည်စူးပြီးဖွင့်ခဲ့တဲ့ Facebook ဟာ အခုဆိုရင် ကိုးနှစ်အတွင်းကြီးမားတဲ့အောင်မြင်မှုနဲ့အတူ
ပြောင်းလဲမှုတွေကိုလည်းပြုလုပ်နေပြီဖြစ်ပါတယ်။ မာခ်ဇူကာဘတ်နဲ့ သူ့ရဲ့အင်ဂျင်နီယာတွေက
Web နဲ့ မိုဘိုင်း app ကို အမြဲတိုးတက်အောင်ကြံ စည်ပြုလုပ်နေတဲ့အတွက် သုံးစွဲသူတွေအနေနဲ့
မသိလိုက်ဘဲလွတ်သွားတဲ့ Feature တွေလည်းရှိမှာပါ။ ဒါကြောင့်ပိုပြီးကျင်လည်စွာသုံးစွဲတတ်လာနိုင်ဖို့အတွက်
အကူအညီပေးမယ့် tips တွေကိုဖော်ပြပေးလိုက် ပါတယ်။
အရေးကြီးတဲ့သူငယ်ချင်းတွေကိုဦးစားပေးသတ်မှတ်ပါ
New Feed
ကိုစိတ်ကြိုက်ပြုပြင်ခန့်ခွဲတာဟာ Facebook အတွက်အသစ်အဆန်း Feature မဟုတ်ပါဘူး။ ဒါပေမဲ့
မကြာခဏအသေးစိတ်ပြုပြင်ပေးလေ့ရှိပါတယ်။ ကွန်ပျူတာမှာပဲဖြစ်ဖြစ် မိုဘိုင်းမှာပဲဖြစ်ဖြစ်
News Feed Preferences ကိုရွေးချယ်လိုက်ရင် Screen တစ်ခုပေါ်လာမှာဖြစ်ပြီး သင်လက်လွတ်မခံချင်တဲ့ ပုဂ္ဂိုလ်သို့မဟုတ်
အချစ်ဆုံးသူငယ်ချင်းရဲ့ Update တွေကိုဦးစားပေးဖော်ပြအောင်ပြုလုပ်ရွေးချယ်နိုင်တယ်။
ကိုယ်မကြိုက်တဲ့သူတွေကိုလည်း Unfollow လုပ်ထားနိုင်ပါတယ်။
RSS မှတစ်ဆင့်နိုတီယူပါ
RRS အသုံးပြုရတာကြိုက်နှစ်သက်တဲ့သူတွေကတော့
သင့်ရဲ့အကြိုက်ဆုံး ၀က်ဘ်ဆိုက်တွေကနေ Up to date Content တွေကိုအမြဲလိုက်မှီနေအောင်
Facebook ကနေလုပ်ထားနိုင်ပါတယ်။ ဒါ့အပြင် နိုတီကိုလည်းယူထားနိုင်တယ်။ Noti Setting
ကိုအရင်ပြုပြင်ထားပြီးတဲ့နောက် Facebook ၀က်ဘ်ဆိုက်ရဲ့ Noti Panel အောက်ဘက်မှာ See
All ကိုရွေးချယ်ထားနိုင်ပါတယ်။
သံသယဖြစ်စရာ Activity တွေကိုစစ်ဆေးပါ
သင့်အကောင့်နဲ့ပတ်သက်တဲ့
Activity တွေကိုစစ်ဆေးဖို့ ရိုးရှင်းတဲ့နည်းလမ်းတစ်ခုကိုကမ်းလှမ်းထားတယ်။ Setting ထဲက
Security Page မှာမြင်နိုင်ပါတယ်။ edit Link ကို ကလစ်နှိပ်ပြီး Where You’re
Logged In ကိုဝင်ကြည့်ပြီး ကိုယ်မသိတဲ့နေရာကနေကိုယ့်အကောင့်ထဲဝင်ထားလားလို့စစ်ဆေးနိုင်ပါတယ်။
ကွန်ပျူတာ၊ လက်ပ်တော့နဲ့ စမတ်ဖုန်းမည်သည့် Device ကိုမဆိုပြသသွားမှာပါ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment