ဒီတစ်ပတ်တော့
ငါးကြင်းခုတ်သားလေကိုပဲ ကြော်နှပ်လေးချက်မယ်။ အရည်ဟင်းကတော့ဘူးသီးကို ချဉ်ဟင်းလေးချက်လိုက်တာပေါ့။
နောက်ပြီး အခုအချိန်မှာသရက်သီး၊ မရမ်းသီးတွေပေါ်တဲ့ရာသီရောက်နေ ပြီမလား။ အဲဒီတော့ ရာသီပေါ်
သရက်သီးစိမ်း၊ မရမ်းသီးစိမ်းလေးတွေကို တို့စရာအနေနဲ့ စားချင် လာပြန်ရော။ တို့စရာနဲ့လည်း
စားလို့လိုက်ဖက် ကြာကြာလည်းအထားခံမယ့် ဘာလချောင်ကြော်လေးတွေ လည်း ကြော်လိုက် မယ်။ ဒါဆိုရင်တော့
မိသားစုထမင်းဝိုင်းလေးက အသေချာမှအသေချာပဲပေါ့ ဆွေမျိုး တို့ရာ။ မယ်တော်မားသား ပြန်လာတာနဲ့
အရင်ဆုံးတို့စရာလုပ်ဖို့ဝယ်လာတဲ့ သရက်စီးစိမ်းလေးတွေကို အစေးတွေထွက်သွားအောင် အစိပ်လေးတွေစိပ်ပြီး
ရေစိမ်ထားလိုက်မယ်။ ပြီးမှကျန်တဲ့ဟင်းတွေ ဆက်ချက်ဖို့ပြင်တာပေါ့နော်။
ငါးကြော်နှပ်
မယ်တော်မားသားက
ငါးကြင်းခုတ်သားဝယ်လာတာဆိုတော့ ငါးကိုအရိုးထွင်ရတာလွယ်အောင် အ လယ်ရိုးထုတ်ပြီး အပြားလိုက်ပဲအတုံးကြီးကြီးတုံးထားလိုက်မယ်။
ပြီးမှဆားလေးနဲ့နယ်ပြီးကြော်လိုက်တာ ပေါ့နော်။ ဖယ်ထုတ်ထားတဲ့ အလယ်ရိုးလေးပါထည့်ပြီး
ကြော်လိုက်တာပေါ့။ သူ့ကိုတော့ဘူးသီး ချဉ်ဟင်း ချက်ဖို့ အတွက်ဟင်ခပ်လေးလုပ်ရအောင်လေ။
ငါးကြော်ပြီးသွားပြီဆိုရင် ကြက်သွန်ဖြူကို ဓားပြားရိုက်ထား။ ကြက်သွန်နီကိုမထူမပါးလှီးထား။
ဂျင်းကိုလည်းမထူမပါး အလွှားလေးတွေလှီးထား။ အရင်ဆုံးဆီပူလာရင် ကြက်သွန်ဖြူဓားပြားရိုက်နဲ့
ဂျင်းအပြားအလွှာလေးတွေကိုဆီသတ် ပြီးမှာကက်သွန်နီလှီးထားတာထည့် အားလုံး စိမ်းနံ့ပျောက်ပြီဆိုမှ
ပဲငံပြာရည်အကြည် ကြက်သားမှုန့်၊ ဆား၊ သကြား၊ ခရုဆီထည့် ပြီးရင်ကြော် ထားတဲ့ငါး ကြော်တုံးလေးတွေလုံးပေး။
ရေနည်းနည်းထည့်ပြီး ငါးကြော်လေးထဲအရသာလေးလည်းဝင် နူးလည်းနူးတဲ့ အထိတည်ထား။ ဆီကျန်ရေကျန်အနေအထားလေးနဲ့
အရသာလေးလည်းစိတ်ကြိုက်ရပြီဆိုမှ ငရုတ်ကောင်းမှုန့် လေးဖြူးပြီး မီးဖိုပေါ်ကချလိုက်ရုံပေါ့နော်။
ဒါဆိုရင် ချိုငံအရသာလေးနဲ့ မွှေးမွှေးလေးဖြစ်နေတဲ့ ငါးကြော်နှပ် ဟင်းလေးတစ်ပွဲရပြီပေါ့။
ဘူးသီးချဉ်ဟင်း
ဘူးသီကိုအခွံခွာ
ရေစင်စင်ဆေးပြီး အနေတော်တုံးထား။ မန်ကျဉ်းသီးမည့်ကိုရေဆေးပြီး ရေနွေး အဖြူ လေးနဲ့စိမ်ထား။
ငါးကြော်နှပ်လုပ်ဖို့ထဲက ဖယ်ထားတဲ့အလယ်ရိုးက အသားလေးတွေနွှင်ထား။ ငရုတ် သီး အရောင်တင်မှုန့်နည်းနည်းနဲ့
ကြက်သွန်နီဥလတ် တစ်ဥလောက်ကိုရောထောင်းထား။ နံနံပင် ကိုရေဆေးပြီး ရေစစ်ထား၊ ငရုတ်သီးစိမ်းကို
ရေသေချာဆေးပြီး ဓားပြားရိုက်ထား။ အရင်ဆုံးရောထောင်း ထားတဲ့ ငရုတ်သီး အရောင်တင်မှုန့်နဲ့
ကြက်သွန်နီကိုနနွင်းမှုန့်နည်းနည်းထည့် ဆီသတ်စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ ပုဇွန်
ငံပြာရည်နဲ့အသားနွှင်ထုတ်ထားတဲ့ ငါးကြော်လေးတွေထည့်ပြီးလုံးပေး ဘူးသီး တုံးလေးတွေပါရောထည့်ပြီး
လုံးပေး။ ပြီးမှရေအတန်သင့်ထည့်ပြီး ဘူးသီးနူးတဲ့အထိတည်ထား။ ဘူးသီးနူးပြီ ဆိုမှ မန်ကျဉ်းမှည့်ရည်လေး
ထည့် အရသာစိတ်ကြိုက်လည်းရ ရေလည်းအနေတော်ဖြစ်ပြီဆိုမှ ငရုတ်သီးစိမ်းနဲ့နံနံပင်လေးအုပ်လိုက်
မယ်ဆိုရင် အရသာချိုချဉ်ငံစပ်လေးနဲ့ ဘူးသီးချဉ်ဟင်းမွှေးမွှေးလေးတစ်ပွဲရပြီပေါ့နော်။
ဘာလချောင်ကြော်
ပုဇွန်ခြောက်ကို မညက်တညက်လေးထောင်းထား
ကြက်သွန်ဖြူကိုလည်း အခွံခွာရေစင်စင်ဆေးပြီး မ ညက်တညက်ထောင်းထား။ ငရုတ်သီးခွဲခြမ်းမှုန့်ကို
ရေနည်းနည်းထည့်ပြီး အစေးပေါက်အောင်ပြန်ထောင်းထား။ ဒါမှဆီသတ်တဲ့အခါ တူးမသွားပဲ ဆီသတ်လို့ကောင်းတာပေါ့။
အရင်ဆုံး ကြက်သွန်ဖြူထောင်းထားတာကို ရွှေဝါရောင်လေးရအောင်ကြော်ပြီးဆယ် ဆီစစ်ထားကြက် သွန်ဖြူ
ကြော်ထားတဲ့ဆီထဲကို ငရုတ်သီးခွဲခြမ်းနဲ့ နနွင်းမှုန့်နည်းနည်းထည့်ဆီသတ် စိမ်းနံ့ပျောက်လို့
မွှေးလာမှ ပုဇွန်ခြောက်မှုန့်ထည့်ပြီးမှ ပုဇွန်ငံပြာရည်ထည့်ပြီး မီးလျှော့လျှော့လေးနဲ့
ခြောက်ပြီကြွပ်လာတဲ့အထိ စိတ်ရှည်ရှည်လေးကြော်။
ကြွပ်ကြွပ်လေးနဲ့ မွမွလေးဖြစ်လာ ပြီဆိုမှ
မီးဖိုပေါ်ကနေချပြီး ကြက်သွန်ဖြူကြော်လေးထည့်ပြီး မွှေပေးလိုက်ရင် စားလို့လည်းကောင်း
ကြာကြာလည်း အထားခံတဲ့ ဘာလချောင်ကြော်ကြွပ်ကြွပ်မွှေးမွှေးလေးရပြီပေါ့။ အားလုံးချက်လို့လည်းပြီး
ရေစိမ်ထားတဲ့ သရက်သီးစိမ်းလေးကလည်း အစေးလေးတွေထွက်တာကုန်လောက်ပြီဆိုတော့ တို့စရာလေး
ကလည်းအသင့်ပေါ့နော်။ ဒီလောက်ဆိုရင်တော့ နွေနေပူပူပိတ်ရက်လေးမှာ အပြင်မထွက်ပဲ မိသားစုထမင်းဝိုင်း
လေး အရသာစုံစုံလင်လင်နဲ့စားလို့ ကောင်းမှာအသေအချာပဲပေါ့ဆွေမျိုးတို့ရာ။ ဒီတစ်ပတ်တော့
ဒီလောက်ပဲ ချက်တာပေါ့နော်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ပြန်ဆုံကြတာပေါ့ဆွေမျိုးတို့ရာ။
အားလုံးအဆင် ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment