စမတ်ဖုန်းနဲ့ဖက်ရှင်ကျကျတွဲဖက်အသုံးပြုနိုင်မယ့် Gear S2








 
အခုအခါ စမတ်ဖုန်းနဲ့အတူတွဲဖက်အသုံးပြုနိုင်မယ့် Samsung ရဲ့ Gear S2 စမတ်နာရီဟာ ပြည်တွင်းဈေး ကွက်မှာ ၀ယ်ယူအသုံးပြုနိုင်လာပြီဖြစ်ပါတယ်။ စမတ်ဖုန်းနဲ့တွဲဖက်ပြီးဖက်ရှင်ကျကျအသုံးပြုနိုင်တဲ့အပြင် ပြည်တွင်းမှာလည်း Sansung ရဲ့ ပရိသတ်က အခိုင်အမာရှိပြီးသားဖြစ်တာကြောင့် ဒီစမတ်နာရီဟာ လူကြိုက်များတဲ့အသုံးအဆောင်ပစ္စည်းတစ်ခု ဖြစ်လာပါလိမ့်မယ်။ စမတ်ဖုန်းကို ကိုယ်နဲ့ခပ်ဝေးဝေး ထားရှိတဲ့အချိန်၊ ဒါမှမဟုတ် စမတ်ဖုန်းကိုအသုံးပြုဖို့အဆင်သင့်မဖြစ်သေးတဲ့အချိန် အစရှိတဲ့ အချိန် အတိုင်းအတာ အကန့်အသတ်လေးတွေမှာတောင် ကိုယ့်ရဲ့ပတ်ဝန်းကျင်နဲ့ အဆက်အစပ် မပြတ် သွားရလေအောင် အထူးတလည်ကူညီပေးနိုင်ပါလိမ့်မယ်။

စက်ဝိုင်းပုံကိုယ်ထည်ဒီဇိုင်းကနေစလို့ ဘေးပတ်လည်ကလည်နေတဲ့ဒိုင်ခွက်ဘောင်တွေအဆုံး ပိုပြီး အဆင့်မြင့်လာတဲ့ Gear S2 ဟာ Samaung ရဲ့ အကောင်းဆုံးစမတ်နာရီလို့ဆိုရမှာဖြစ်ပါတယ်။ ဒါပေမဲ့ Gear S2 ဟာ အချိန်နာရီကိုဖော်ပြဖို့သက်သက်ထက် နည်းပညာချစ်သူတစ်ဦးအတွက် ဒီဇိုင်း ထုတ်တယ် လို့ပိုခံစားရပါတယ်။ ဒါဟာပဲ စမတ်နာရီတစ်လုံးရဲ့ရည်ရွယ်ချက်ဖြစ်ပါတယ်။ 

Samaung ဟာ Wearable ဈေးကွက်မှာလှုပ်ရှားနေတာ အချိန်အတော်ကြာခဲ့ပြီဖြစ်ပါတယ်။ ဒါပေမဲ့ အောင်မြင်မှုတွေကတော့ အများကြီးမရခဲ့ပါဘူး။ ရိုးရှင်းတဲ့ထုတ်ကုန်တစ်ခုတည်းနဲ့ Apple Watch ဟာ တောင်ကိုရီးယားနည်းပညာကုမ္ပဏီကြီးက အချိန်ယူတည်ဆောက်ထားတဲ့ အရှိန်အဟုန်လေးကိုဖြိုဖျက်ပြီး ကမ္ဘာပေါ်ကနံပါတ်တစ်စမတ်နာရီနေရာကို ပိုင်ဆိုင်သွားခဲ့ပါတယ်။

ဒါကြောင့် Samsung ဟာ ဒီကစားပွဲမှာ အရှိန်အဟုန်မြှင့်ပြီး ခြေလှမ်းတွေကိုရှေ့တိုးလိုက်ပုံရပါတယ်။ Gear S2 ဟာ သူ့ရဲ့နောင်တော် Gear S ထက် အများကြီးအဆင့်မြင့်သွားခဲ့ပါတယ်။ Samsung ဟာ သူ့ရဲ့စမတ်နာရီသစ်ကို လူတွေမျက်စိထဲအသားကျနေတဲ့နာရီဒီဇိုင်းမျိုး ရိုးရိုးရှင်းရှင်းဖန်တီးခဲ့ပြီး သူ့ရဲ့ Wearable ဟာ အာရုံစိုက်လောက်စရာဖြစ်တယ်ဆိုတာ ကိုင်ကြည့်စရာမလိုဘဲကိုသိသာစေခဲ့ပါတယ်။
ဒိုင်ခွက်အ၀ိုင်းလေးနဲ့ Gear S2 ဟာ Moto 360, Huawei Watch, LG Watch Urbane တို့နဲ့ ဒီဇိုင်းတူဖြစ် သွားခဲ့ပါပြီ။ ဒါပေမဲ့ Gear S2 ကို အဲဒီစမတ်နာရီတွေနဲ့ ခြားနားစေတဲ့ Feature တွေကရှိနေပါတယ်။ ၁ .၂ လက်မအရွယ်အစားရှိတဲ့ Super AMOLED အမျိုးအစား Display ဟာ 360x360 Pixels ရှိပြီး လည်နေတဲ့ဘေးဘောင်တွေက Interface နဲ့ တုံ့ပြန်မှုတွေပြုလုပ်ဖို့အသုံးပြုပါတယ်။ Apple Watch က သော့သီး ကိုအသုံးပြုပုံနဲ့ဆင်တူပေမယ့် ပိုမိုလွယ်ကူပြီး စိတ်ကျေနပ်မှုအပြည့်ရှိစေတဲ့ ခလုတ်အထိ အတွေ့ကိုခံစားရပါတယ်။

Geat S2 ကို ဗားရှင်းတစ်မျိုးတည်းထုတ်လုပ်ထားတာမဟုတ်ပါဘူး။ အလေးချိန် ၄၇ ဂရမ်ရှိတဲ့ 42 mm Gear S2, ၄၂ ဂရမ်ရှိတဲ့ 40 mmGear S2 Classic  နဲ့ ၅၁ ဂရမ် ရှိတဲ့ Gear  S2 3G တို့ပဲဖြစ်ပါတယ်။ ဗားရှင်း ၃ ခုလုံးကိုခဲရင့်ရောင်အလူမီနီယမ်ကိုယ်ထည်နဲ့ အရောင်တူလက်ပတ်ကွင်း ဒါမှမဟုတ် ငွေရောင်ကိုယ်ထည်နဲ့လက်ပတ်ကြိုးအဖြူရောင်တို့နဲ့ရရှိနိုင်ပါတယ်။ 

GSM/HSPA နည်းပညာကိုအသုံးပြုပြီး မိုဘိုင်းကွန်ရက်ကိုချိတ်ဆက်နိုင်ပေမယ့် ထည့်သွင်းအသုံးပြုရတာက e-SIM ဖြစ်တာကြောင့် ဒီမှာတော့ မိုဘိုင်းကွန်ရက်ချိတ်ဆက်ဖို့အဆင်မပြေနိုင်ပါဘူး။ မှန်သားပြင်ကို ကာကွယ်ပေးဖို့အတွက် Corning Gorilla Glass 4 ကို အသုံးပြုထားပါတယ်။ ဒါကိုတော့ အတည်မပြုရသေးပါဘူး။ Samsung ရဲ့ထုတ်ကုန်ဟာ ကုမ္ပဏီရဲ့ကိုယ်ပိုင် Open Source Wearable OS ဖြစ်တဲ့ Tizen ကို အခြေခံထားတဲ့ Wearable OS Patform ကို အသုံးပြုထားပါတယ်။ အများစုက Tizen ကြောင့် Apps တွေ များများစားစားမရရှိမှာကို စိုးရိမ်နေကြပေမယ့် Samaung ကတော့ Samsung Gear Apps Store လို့နာမည်ပေးထားတဲ့ App Store  ကနေတစ်ဆင့် စတင်ရောင်းချချိန်မှာ Gear S2 အတွက် App ပေါင်း ၁၀၀၀ ကျော်ရရှိမယ်လို့ အခိုင်အမာကိုပြောဆိုထားပါတယ်။ 

အသည်းအသက်လို့ဆိုနိုင်တဲ့ Chipset ကတော့ Qualcomm MSM 8x26 ပါ။ Dual-core 1GHz ပရိုဆက်ဆာကို အသုံးပြုထားတာကြောင့် စမတ်နာရီတစ်လုံးအတွက် အနည်းငယ်တောင်ပိုနေမလား လို့ထင်ရပါတယ်။ 

Micro SD ကဒ်ထည့်သွင်း အသုံးမပြုနိုင်ဘဲ အချက်အလက်သိုလှောင်သိမ်းဆည်းနိုင်တဲ့ပမာဏ 4GB ပါဝင်ပြီး RAM ပမာဏက 512MB ရှိပါတယ်။ ကြိုးမဲ့ချိတ်ဆက်မှုတွေအတွက် A-GPS, WiFi 802.11 b/g/n နဲ့ Bluetooth v4.1 တို့ကိုအသုံးပြုပြီး NFC အသုံးပြုနိုင်တဲ့အပြင် Samaung Pay ကိုလည်း အသုံးပြုနိုင်မှာပါ။ IP68 အသိအမှတ်ပြုဖြစ်တာကြောင့် 1.5 မီတာအနက်ထိရေစိမ်ခံပြီး ဖုန်မှုန့်မ၀င်နိုင်ပါဘူး။ ဖြုတ်တပ်လို့မရတဲ့ ဘတ္ထရီပမာဏ 300 mAh ရှိပြီး LiIon အမျိုးအစားဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ နေရာတကာစမတ်ဖုန်းတကားကားထုတ်သုံးစရာမလိုဘဲ အချိန်ရောက်လာခဲ့ပြီဖြစ်သလို နာရီကို အမြတ်တနိုးဝတ်ဆင်လေ့ရှိသူတို့အတွက် Gear S2 ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာပါလိမ့်မယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape 
Share on Google Plus

0 comments:

Post a Comment