ကျွန်တော်တို့နေ့စဉ်အသုံးပြုနေကြတဲ့
Android စမတ်ဖုန်းတွေဟာ ဆက်သွယ်ရေး၊ ဖျော်ဖြေရေး ကိစ္စအ၀၀ ကို လုပ်ဆောင်နိုင်ခဲ့ကြတဲ့အပြင်
ပညာရေး၊ စီးပွားရေးနဲ့ လူမှုရေးကိစ္စတွေမှာပါ အသုံးတည့်တဲ့ ကိရိယာ တစ်ခုအဖြစ် အလျင်အမြန်နေရာယူလာခဲ့ပါပြီ။
အထူးသဖြင့် ကျောင်းသား၊သူတွေအတွက် အထောက်အ ကူပြုနိုင်တဲ့ Apps တွေများပြားလာတာကလည်း
စမတ်ဖုန်းအသုံးပြုမှုကို မြင့်လာစေခဲ့ပါတယ်။
အရင်တုန်းက ကွန်ပျူတာနဲ့သာ အသုံးပြုနိုင်တဲ့
Unit convector ၊ Dictionary နဲ့ Smart
calculator လို Apps တွေဟာ Android စမတ်ဖုန်းတွေပေါ်ရောက်ရှိလာတဲ့အခါ ပိုမိုအဆင်ပြေလွယ်ကူလာခဲ့ပါတယ်။
အခုအခါ ကျောင်းသူ၊ကျောင်းသားတွေအပြင် နိုင်ငံရပ်ခြားဘာသာတစ်ခုခုကို လေ့လာနေတဲ့သူတွေအတွက်
Google က ထုတ်လုပ်ပေးထားတဲ့ Translate ဆိုတဲ့ Apps လေးနဲ့မိတ်ဆက်ပေးချင်ပါတယ်။ ဘာသာ စကားပေါင်း
၆၅မျိုးကို အပြန်အလှန်ဘာသာပြန်ပေးနိုင်ပြီး အရေးအသားစာလုံးပေါင်းနဲ့ အသံထွက် အမှန်အတိုင်း
ဖော်ပြပေးတဲ့အတွက် အားကိုးရတဲ့ဘာသာပြန်တစ်ယောက်ပမာ အသုံးပြုနိုင်ပါလိမ့်မယ်။
ဒီလိုဘာသာပြန်တဲ့လုပ်ဆောင်ချက်ကို
ကွန်ပျူတာပေါ်မှာသာလုပ်ဆောင်နိုင်ခဲ့ရာမှ စမတ်ဖုန်းတွေမှာပါ အသုံးပြုနိုင်ဖို့ ထုတ်လုပ်ပေးထားတဲ့အတွက်
Google ကို ကျေးဇူးတင်ရမှာဖြစ်ပါတယ်။ ဘာသာ စကားလေ့လာလိုက်စားတဲ့သူတွေနဲ့ နိုင်ငံရပ်ခြားဒေသတွေကို
မကြာခဏခရီးသွားလာ တတ်တဲ့သူတွေ အတွက် ကိုယ်သိချင်တဲ့အကြောင်းအရာ၊ အသံထွက်ကို ဖုန်းပေါ်ကနေ
အလွယ်တကူသိနိုင်တဲ့အတွက် အလွန်အသုံးဝင်မှာဖြစ်ပါတယ်။ ဒီ Apps ကိုရယူချင်တယ်ဆိုရင်တော့
Google Play Store မှာ အလွယ်တကူရှာဖွေပြီးရယူနိုင်ပါတယ်။
Translate
Apps ဟာ Google ရဲ့ Data Base Engine တွေနဲ့ချိတ်ဆက်ရမှာဖြစ်တဲ့အတွက် Internet ဖွင့်ထားဖို့လိုအပ်ပါတယ်။
ဒါမှမဟုတ် Wifi မိတဲ့နေရာမှာရှိနေဖို့တော့လိုအပ်ပါတယ်။ ပထမဆုံး ဘယ်ဘာသာစကားကနေ ဘယ်ဘာသာစကားကို
ဘာသာပြန်မယ်ဆိုတာရွေးချယ်ပေးရပါမယ်။ ဒါမှမဟုတ် Detect Language ကိုရွေးထားရင် ကိုယ်ရိုက်သွင်းတဲ့
Input ပေါ်မူတည်ပြီး ဘယ်ဘာသာစကားဆိုတာ အလိုအလျောက်သိရှိဖော်ပြပေးမှာဖြစ်ပါတယ်။ ဥပမာ
English ကနေ Koreanကို ပြန်ဆိုချင်တယ်ဆိုရင် Eng to Korean ကိုရွေးချယ်ပေးကာ ကိုယ်သိချင်တဲ့ဝါကျကိုရိုက်ထည့်ပေးပါ။
အဲဒီလိုရိုက်ထည့်ပြီးရင် ကိုယ်သိချင်တဲ့ဝါကျကို သိချင်တဲ့ဘာသာစကားနဲ့ အနီးစပ်ဆုံးပြန်ဆိုပေးထားတာတွေ့ရပါလိမ့်မယ်။
အသံထွက်ကိုသိချင်ရင် ဘေးနားမှာရှိတဲ့ Sound icon လေးကိုနှိပ်ကြည့်လိုက်ပါ။
မူရင်းဘာသာစကားရဲ့အောက်မှာ
အသံထွက်ကိုစာလုံးပေါင်းပြထားတာလည်းတွေ့ရပါမယ်။ ဒါ့အပြင် ဘာသာပြန်ထားတဲ့စကားလုံးကို
Copy ကူးချင်တာ၊ ပြန်လည်မျှဝေချင်တာနဲ့ မြင်ကွင်းချဲ့တာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။
ဝါကျတွေအပြင် စာလုံးတစ်လုံးချင်းစီကို လက်ရေးနဲ့ရေးပြပြီး ဘာသာပြန်ခိုင်းဖို့ အတွက်လည်း
အသုံးပြုနိုင်ပါလိမ့်မယ်။ Dictionary မှာပါတဲ့ တခြားအဓိပ္ပာယ်တွေကိုလည်း ကြည့်နိုင်ပါသေးတယ်။
Google Translate မှာ အားသာချက်တစ်ခုရှိတာက ကိုယ့်ရဲ့ဖုန်းထဲမှာရှိနေတဲ့ Text
Message တွေကိုလည်း တိုက်ရိုက်ဘာသာပြန်ပေးနိုင်တဲ့အချက်ပါပဲ။ ဖုန်းပေါ်က Menu ကိုနှိပ်လိုက်ပြီးပေါ်လာတဲ့
Menu မှာ SMS Translation ထဲကိုဝင်ပြီး ကိုယ်သိချင်တဲ့ Message ကို ရွေးချယ်ပေးလိုက်ရုံပါပဲ။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment