ကောလာဟလနဲ့ပတ်သက်လို့ ရှင်းပြလို့မှမရရင်တော့ ပြစ်ထားလိုက်တယ်.......ထက်ထက်ထွန်း









ညီမလေးနာမည်အရင်းသိပါရစေ။
ထက်ထက်ထွန်းပါပဲ။

အနုပညာလောကထဲဝင် ရောက်ဖြစ်ခဲ့ပုံလေးပြောပြပါဦး။
သင်တန်းတော့မတက်ဖြစ်ပါဘူး။ မော်ဒယ်ပြိုင်ပွဲတွေ ခေါ်တာတွေ့လို့ ၀င်ပြိုင်ရင်းနဲ့ရောက်ခဲ့တာပါ။

ပြိုင်ပွဲတွေမှာရခဲ့တဲ့ဆုလေးတွေလည်း သိပါရစေ။
ပထမဦးဆုံး Princess ဂမုန်းပွင့်ပြိုင်ပွဲမှာ Best Body Beauty ရခဲ့ပါတယ်။ ၂၀၁၁ ခုနှစ် Miss လပြည့်ဝန်းပွဲမှာ Miss လပြည့်ဝန်းဆုရတယ်။ ပြီးတော့ Best Style, Best Talent Tile ဆုနှစ်ဆုရတယ်။ ၂၀၁၁ မှာလုပ်တဲ့ Miss & Mr ပွဲမှာ Miss ဆုရတယ်။ နောက်ဆုံး ၂၀၁၄ Miss Myanmar World 2nd Runner ဆုရယ် Photogenic ဆုရယ်ရခဲ့ပါတယ်။

အနုပညာလောကမှာညီမလေးရဲ့ လက်ဦးဆရာကဘယ်သူဖြစ်မလဲ။
ပထမဆုံးပြိုင်ပွဲမှာ Organize လုပ်တာ ဦးချိုကြီးပေါ့။ ဦးချိုကြီးက သမီးရဲ့ လက်ဦးဆရာလို့ ပြောလို့ ရပါတယ်။

လတ်တလောအနုပညာလှုပ်ရှားမှုလေးပြောပြပေးပါ။
TV ကြော်ငြာလေးပေါ့။ Fuju ဆပ်ပြာခရင်မ် ရိုက်ထားတာရှိတယ်။ ပြီးတော့ ခု Show ပွဲတွေ လျှောက်ဖြစ်ပါတယ်။

ရုပ်ရှင် Video ရိုက်ကူးဖို့ အစီအစဉ်ရှိပါသလား။
လတ်တလောတော့ ရုပ်ရှင် Video ရိုက်ထားတာမရှိသေးပါဘူး။ ဇာတ်လမ်းတိုလေးတွေတော့ မြ၀တီအတွက် ရိုက်ဖြစ်ပါတယ်။

ရုပ်ရှင်ဗီဒီယိုရိုက်ကူးမယ်ဆိုရင် ဘယ်လို Cheracter မျိုးလေးကို သရုပ်ဆောင်ချင်ပါသလဲ။
အပြင်မှာလည်း ပေါ့ပေါ့ပါးပါးနေတာဆိုတော့ ပျော်ပျော်ရွှင်ရွှင်  ပေါ့ပေါ့ပါးပါးနဲ့ လူငယ်ဆန်ဆန် ဟာသလေးတွေနဲ့ပိုလိုက်မယ်ထင်ပါတယ်။ များသောအားဖြင့်တော့ အရင်ရိုက်ခဲ့တဲ့ကားတွေက Drama တွေ အေးအေး ဆေးဆေး အဲဒီလိုပုံစံတွေများတယ်။

ညီမလေးစိတ်ညစ်တဲ့အခါ ဘယ်လိုပုံစံမျိုးစိတ်ထွက်ပေါက်ရှာလဲသိပါရစေ။
စားချင်တာတွေစားလိုက်တယ်။ စကားတွေအများကြီးပြောလိုက်တယ်။

ညီမလေးအကြိုက်ဆုံး Hair Style လေးသိပါရစေ။
အကြိုက်ဆုံး Style ဆိုရင်တော့ ရိုးရိုးလေးနဲ့ အရမ်းရှုပ်ရှုပ်ဆန်းဆန်းကြီးမဟုတ်ဘဲ အကောက်လေး ဆိုလည်း အောကနားလေးတွေ Wave ပုံစံလေးကောက်ထားတာမျိုး၊ အရမ်းကြီးကောက်လိမ်နေတာမျိုး တွေလည်း မကြိုက်ဘူး။ ပုံမှန်ဆံပင်လေးရှည်ပြီး စင်းစင်းလေးကျနေတာကို ကြိုက်တယ်။

အလှပြင်တဲ့အခါ မျက်နှာအတွက် ဘယ်လို Brand ကို သုံးဖြစ်ပါသလဲ။ ဘယ်ဆိုင်တွေက ၀ယ်ဖြစ်တာများလဲ။
မိတ်ကပ်တွေကတော့ အစုံပါပဲ။ Cosmetic Brand Present ရထားတာတွေရှိတော့ အစုံနီးပါး တော့သုံးဖြစ်တယ်။ ဒါပေမဲ့ foundation Make Up မှာဆိုရင် အကြိုက်ဆုံးက Body Prown သုံးဖြစ်ပါ တယ်။ 

အ၀တ်အစားနဲ့ပတ်သက်လာရင် ဘယ် Design မျိုးကိုပိုနှစ်သက်လည်း၊ ၀ယ်ဖြစ်တဲ့ ဆိုင်တွေကရော။
အ၀တ်အစားကတော့ တော်ဝင်စင်တာမှာ ၀ယ်ဖြစ်တာများပါတယ်။ ပုံစံကတော့ ရိုးရိုး Free Style  လေးတွေပဲ Shirt အင်္ကျီလေးတွေ ဘောင်းဘီတိုလေးတွေ ပိုကြိုက်တယ်။

အားလပ်ချိန်တွေကို ဘယ်လိုကျော်ဖြတ်ပါသလဲ။
တစ်နေကုန် Game လည်း မဆော့ဖြစ်ဘူး။ သီချင်းလည်း နားမထောင်ဖြစ်ဘူး။ ရုပ်ရှင်လည်း မကြည့် ဖြစ်ဘူး။ အမြဲတမ်းအလုပ် လုပ်နေတာများတော့ အားတဲ့အချိန်ဆို အိပ်တာများပါတယ်။ အိပ်ချိန်က ဒီတိုင်း တောင်မရတာဆိုတော့ အားတာနဲ့အိပ်ဖို့ပဲလုပ်ဖြစ်နေတယ်။

ညီမလေးအနေနဲ့ ဂီတနဲ့ပတ်သက်ပြီး သီချင်းဆိုဖို့အစီအစဉ် ရှိပါသလား။ ဘယ်လို Music မျိုးကို ဆိုချင်ပါ သလဲ။
ခုညီမက Model သရုပ်ဆောင်ပေမယ့် နောက်တော့ အဆိုတော်လုပ်ဖို့ စိတ်ကူးရှိပါတယ်။ ဒီဘက် အလုပ်တွေနားတဲ့အခါကျမှ သေသေချာချာလေးလုပ်ချင်တယ်။ ပေါ့ပေါ့ပါးပါးအပျော်သဘောမျိုးလဲ မလုပ်ချင် ဘူး။ Professional ကျကျလေးတော့လုပ်ချင်တယ်။ သီချင်းမဆိုခင် Business ဘက်ကို အထိုင်ချ နေပါ တယ်။ အထိုင်ကျလို့ အဆင်ပြေသွားတော့မှ သီချင်းဆိုတဲ့ဘက်ကိုကူးမှာပါ။ K pop ပုံစံမျိုးလေးတွေ ပေါ့နော်။ ညီအစ်မတွေလည်းရှိတယ်ဆိုတော့ သုံးယောက်လုံး Model လုပ်မယ်ဆိုတော့ K pop ဆန်ဆန်လေးလုပ် ဖြစ်မယ်တော့ထင်တယ်။

ကောလာဟလနဲ့ကြုံခဲ့ရင် ညီမလေးဘက်က ဘယ်လိုတုံ့ပြန်မလဲ။
ကြုံလာခဲ့မယ်ဆိုရင်လည်း ညီမကကို ဟုတ်နေတယ်ဆိုရင် ကိုယ်ကဟုတ်လို့ပြောတာပဲလို့စိတ် ကိုဖြေလိုက်မှာပါ။ ကိုယ်မဟုတ်ဘဲလာပြောရင်လဲ မဟုတ်တဲ့အကြောင်းကို ရှင်းပြမှာပါ။ စိတ်ထဲမှာတော့ မကောင်းဘူးပေါ့နော်။ Face of Myanmar ကိစ္စတုန်းကလိုပေါ့။ အစ်မနဲ့သမီးအဖေကို အထင် လွဲကြတယ် ပေါ့နော်။ အဲဒီအချိန်မှာ သမီးက ကယယကံရှင်မဟုတ်ပေမယ့် ကိုယ့်အစ်မကိုယ့် အဖေ ထိတော့ ၀င်ပြီးတော့ Comment တစ်ခုတော့ရေးဖြစ်တယ်။ ရှင်းပြတဲ့စကားတစ်ခုပေါ့နော်။ အဲဒါတစ်ခုပဲပြော လိုက်တယ်။ နောက် ဘယ်တော့မှ ဆက်မပြောတော့ဘူး။ ဘုရားဟောထားတာလည်း ရှိတယ်လေ။ စွပ်စွဲလာရင်သည်းမခံနဲ့ တစ်ကြိမ်တစ်ခါတော့ ရှင်းပြလိုက်ပါတဲ့။ ရှင်းပြလို့မှ မရရင်တော့ ပြစ်ထား လိုက် တယ်။

အနုပညာလောကထဲ ခြေစုံပစ်မ၀င်ဖြစ်ခဲ့ရင် ညီမလေး အခုချိန်ဘယ်အလုပ်မျိုးလုပ်ဖြစ်နေမလဲ။
ဒီအလုပ်မလုပ်ဖြစ်ရင် စီးပွားရေးသမားတစ်ယောက် ဖြစ်နေမှာပါ။ စီးပွားရေးကို ၀ါသနာပါတယ်။ အခု လည်း စီးပွားရေးလုပ်ဖြစ်နေပါတယ်။ အနုပညာနဲ့ပတ်သက်တာလေးပေါ့။ Planner ပေါ့ ပွဲစီစဉ်သူ အနေနဲ့ လုပ်နေပါတယ်။

ပရိသတ်အတွက် စကားလက်ဆောင်လေး။
ကျေးဇူးအများကြီးတင်ပါတယ်။ ပရိသတ်ကြီးကိုလည်း အားပေးပါဦးလို့၊ အမြဲကြိုးစားနေမှာပါ။

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment