အပူအအေးဒဏ်ကနေ ကားတွင်းပစ္စည်းပျက်စီးမှုကို ကာကွယ်ဖို့








ကားတွေကို တန်ဖိုးထားသူတစ်ယောက်အနေနဲ့ အင်ဂျင်ပိုင်းတင်မကဘဲ အပူဒဏ်၊ အအေးဒဏ်စတဲ့ ရာသီဥတုကြောင့်ဖြစ်လာမယ့် အန္တရာယ်တွေကလည်း ကာကွယ်နိုင်ဖို့လိုအပ်ပါတယ်။ ဒါမှလည်း အပူဒဏ်ကြောင့် ဖြစ်လာမယ့် ကားအတွင်းပိုင်းက ပစ္စည်းတွေ ပျက်စီးတဲ့ဒဏ်က ကာကွယ်နိုင်မှာပါ။ ဒါ့အပြင် အပူဒဏ်က ကြိုတင် ကာကွယ်ထားမှလည်း ကားအတွင်းမှာ စီးနင်းလိုက်ပါမယ့်သူတွေအတွက် ခရီးသွားတဲ့အခါ သက်သောင့် သက်သာသွားလာနိုင်မှာ ဖြစ်ပါတယ်။ ကားတစ်စီးကိုအပူဒဏ်က ဘယ်လိုကာကွယ်မလဲဆိုတာနဲ့ ပတ်သက်လို့ လွယ်လွယ်ကူကူနဲ့ ထိရောက်မယ့်နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

ကားပါကင်ကိုဂရုစိုက်ပါ
ကားကိုပါကင်ထိုးတဲ့အခါ အပူနဲ့ဝေးတဲ့နေရာ၊ အထူးသဖြင့် အရိပ်ရမယ့်နေရာတွေမှာ ရွေးချယ်ပြီးရပ် နားသင့်ပါတယ်။ ထိုင်ခုံတွေကို ဖုံးအပ်ထားတဲ့ အသားတွေ၊ ကားဒက်ရှ်ဘုတ်နဲ့ လက်ကိုင်ဘီးတွေဟာ နေပူထဲ မှာကားကိုရပ်ထားတဲ့အခါ အပူနဲ့တိုက်ရိုက်ထိတွေ့ရမယ့် အစိတ်အပိုင်းတွေပါ။ ဒါ့အပြင် ဒီအစိတ်အပိုင်းတွေ ဟာ နေရောင်နဲ့ တိုက်ရိုက်ထိတွေ့ရတဲ့အပိုင်းတွေဖြစ်နေတာကြောင့် ကားပေါ် တက်ရောက်ချိန်မှာ စီးနင်းသူကို စိတ်အနှောင့်အယှက်အပေးနိုင်ဆုံး အစိတ်အပိုင်းတွေဖြစ် ပါတယ်။ ဒါကြောင့် တတ်နိုင်ရင် ကားကိုအရိပ်ရမယ့် နေရာမျိုးတွေမှာ ရပ်နားထားတာ အကောင်းဆုံးပါပဲ။

အကာကွယ်ပစ္စည်းသုံးပါ
တကယ်လို့မဖြစ်နိုင်တဲ့အဆုံး နေပူထဲမှာရပ်ရတော့မယ်ဆိုရင်တောင် နေပူဒဏ်က အတိုင်းအတာ တစ်ခု အထိ ကာကွယ်ပေးနိုင်မယ့် အကာအကွယ်ပစ္စည်းမျိုးတွေ အသုံးပြုသင့်ပါတယ်။ အထူးသဖြင့် ကားရှေ့ ပိုင်းက အစိတ်အပိုင်းတွေကို အပူဒဏ်က ကာကွယ်ပေးမယ့် ဆန်းရှိတ်တွေကိုအသုံးပြုသင့် တာပါ။ ဆန်းရှိတ် တွေဟာ အလွယ်တကူ ခေါက်သိမ်းနိုင်သလို လွယ်လင့်တကူပြန်ပြီးအသုံးပြုနိုင်တာကြောင့် ဒါကိုအသုံးပြုသူ တွေအနေနဲ့ အပြုသဘောဆောင်တဲ့ သက်ရောက်မှုကများပါတယ်။ ဆန်းရှိတ်တွေက အပူရှိန်ကိုအတော်လေး လျှော့ချပေးနိုင်တာကြောင့် ရပ်နားထားတဲ့ကားထဲဝင်ရင် ခံစားရမယ့်အပူရှိန်ဒဏ်က ကင်းလွတ်ခွင့်ရမှာ အသေ အချာပါပဲ။

ဒက်ရှ်ဘုတ်နဲ့ အခြားအရာတွေကို ကာကွယ်ပါ

တချို့ကတော့ ဆန်းရှိတ်တင်မကဘဲ ဒက်ရှ်ဘုတ်နဲ့အတွင်းက ထိုင်ခုံတွေအတွက်ပါ အပူဒဏ်က ကာကွယ် ဖို့ အကာအကွယ်ပစ္စည်းတွေသုံးကြပါတယ်။ လယ်သာနဲ့ပြုလုပ်ထားတဲ့ အကာအကွယ် ပစ္စည်းတွေ အပြင် ဗီနိုင်းသားနဲ့ပြုလုပ်ထားတဲ့ အရာမျိုးအလွယ်တကူဝယ်ယူ ရရှိနိုင်လို့ ဖြစ်နိုင်ရင် ဒီလိုပစ္စည်းတွေကို အသုံးပြု တာကလည်း ကားအတွင်းက အပူဒဏ်ကိုအတိုင်းအတာ တစ်ခုအထိ လျှော့ချပေးနိုင်တာပါ။

ကားတံခါးကိုလှပ်ထားပါ
နေပူရှိန်အောက်မှာ မဖြစ်မနေကားရပ်ရတော့မယ်ဆိုရင်တော့ ကားမှန်တွေကို အနည်းငယ်ဖွင့်ထား သင့်ပါတယ်။ ကားတစ်စီးကို မှန်အလုံပိတ်ပြီးနေပူထဲမှာ ရပ်ထားတာဟာ အတွင်းပိုင်းကထိုင်ခုံတွေကို ပျက်စီး စေတတ်တာကြောင့် မှန်ကိုခပ်ဟဟဖွင့်ထားခြင်းက ဒီလိုအပျက်အစီးဒဏ်က ကာကွယ်နိုင်သလို အပူရှိန် ကိုလည်း လျှော့ချနိုင်မှာပါ။ ဒါပေမဲ့ ဒီနေရာမှာတစ်ခုသတိထားရမှာက တချို့နေရာဒေသတွေမှာ ကားမှန်ကို ရာနှုန်းပြည့်ပိတ်မထားတဲ့အပြုအမူကို တားမြစ်ထားတတ်တယ်ဆိုတဲ့အချက်ကိုပါ။ သူတို့ကတော့ လုံခြုံရေးနဲ့ အခြားအကြောင်းပြချက်တွေကြောင့် ဒီအပြုအမူကို ခွင့်မပြုတာဖြစ်ပါတယ်။


အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape






Share on Google Plus

0 comments:

Post a Comment