iPhone နဲ့ဓာတ်ပုံကောင်းကောင်းရိုက်ချင်တယ်ဆိုရင်…








iPhone နဲ့ ဓါတ်ပုံရိုက်ယူရာမှာ ဓါတ်ပုံကောင်းတွေရဖို့ဆိုတာက ခက်ခဲတတ်ပါတယ်။ တကယ်တော့ ဖုန်းဆိုတာစကားပြောဖို့ကိုပဲ အဓိကထားဒီဇိုင်းဆွဲထားတာပါ။ ဒါပေမယ့် ကျွန်တော်တို့က ဖုန်းနဲ့ဓါတ်ပုံတွေ လည်းရိုက်ကြပါတယ်။ တကယ်လို့ အခုဒီအောက်မှာပြောထားတဲ့ အချက်လေးတွေကို သတိထားမယ် ဆိုရင်တော့ ကြည်လင်ပြတ်သားပြီး ကြည့်ကောင်းတဲ့ဓါတ်ပုံလေးတွေကို ရိုက်ကူးနိုင်လာပါလိမ့်မယ်။

ဓါတ်ပုံရိုက်ဖို့အတွက် အဓိက စစချင်း Camera app ကို Lunch လုပ်ဖို့ဆိုတာကအလွယ်တကူ လုပ်ယူလို့ရ ပါမယ်။ အဓိကကတော့ iPhone ရဲ့ lock screen ပေါ်ကနေလှမ်းယူပြီးသုံးတာပါ။ Home button ကိုနှိပ်ပြီး screen ကို wake လုပ်ယူလိုက်ပြီးတဲ့နောက်မှာတော့ ညာဘက်အောက်နားမှာရှိတဲ့ Camera icon ကိုအပေါ်ကိုတွန်းတင်လိုက်မယ်ဆိုရင် Camera app ထဲကိုရောက်သွားမှာပါ။ အဲဒီနည်းနဲ့ဆိုရင်တော့ passcode တွေ၊ Touch ID တွေကိုသုံးစရာမလိုပဲနဲ့ ဓါတ်ပုံတွေအလွယ်တကူမြန်မြန် ဆန်ဆန်ရိုက် ကူးနိုင်ပါလိမ့်မယ်။

နောက်တစ်ခုကတော့ Dock ပေါ်မှာကိုပဲ Camera app ကိုတင်ထားတာပါ။ ဒါကတော့ နည်းနည်းလေး ပိုတယ်ပေါ့လေ။ ပုံမှန်အားဖြင့်တော့ Home screen မှာကိုပဲ camera app ကရှိနေတာပါပဲ။
IOS 8 နောက်ပိုင်းမှာဆိုရင် Control Center ကနေလည်း camera ကိုအလွယ်တကူမြန်မြန်ဆန်ဆန် access လုပ်နိုင်ပါလိမ့်မယ်။ Screen ရဲ့အောက်ဘက်ကနေ အပေါ်ကိုပွတ်ဆွဲရင် Control Center တက်လာပါမယ်။ အဲဒီမှာ ညာဘက်အောက်ခြေထောင့်မှာ Camera app အတွက် icon လေးရှိနေမှာပါ။

Camera app ထဲက setting တွေအားလုံးကိုသိနေရုံနဲ့ ပုံကောင်းတစ်ပုံရနိုင်မယ်လို့ ကံသေကံမမပြောနိုင် ပါဘူး။ ဓါတ်ပုံတွေကို ပရိုတွေရိုက်သလိုမျိုး ရိုက်ကူးနိုင်ဖို့အတွက် ဓါတ်ပုံကိုဖွဲ့စည်းတည်ဆောက်ရာ မှာလိမ္မာပါးနပ်ဖို့လည်းလိုပါတယ်။ iPhone ရဲ့ Grid feature ကိုသုံးပြီးတော့ horizontal thirds တွေကို frame ခွဲယူနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ကိုယ့်ရဲ့ object ဟာ အဲဒီလိုင်းတွေရဲ့ အစွန်လိုင်းကြားမှာ ရှိရမှာဖြစ်ပြီး အလယ်ကောင်လိုင်းမှာရှိမနေရပါဘူး။ အဲဒါကို rule of third လို့ခေါ်ပါတယ်။ 

ကင်မရာရဲ့အနိမ့်အမြင့်ကိုချိန်ရာမှာလည်း ဂရုစိုက်ရမှာပါ။ ဓါတ်ပုံကြီးကစောင်းပြီးနေတာလောက် ရုပ်ဆိုး တာမရှိပါဘူး။ နောက်တစ်ခုက back ground မှာလည်းအောက်ဘက်ကနေ တစ်ယောက်ယောက် ရဲ့ ခေါင်းကြီးတစ်ပိုင်းပြတ်ပြီးပါလာတာမျိုးမဖြစ်အောင်လည်း အနိမ့်အမြင့်ချိန်ရာမှာသတိထားဖို့လိုပါတယ်။
ဓါတ်ပုံတစ်ပုံဝါးပြီးထွက်လာတယ်ဆိုရင် အဖြစ်နိုင်ဆုံးက ဓါတ်ပုံရိုက်နေတုန်းလက်ကလှုပ်နေလို့ ဖြစ်နေတတ်ပါတယ်။ ဒါပေမယ့် ဖုန်းတစ်လုံးကိုကင်မရာတစ်လုံးလို လက်ထဲငြိမ်နေအောင်မြဲမြဲ ကိုင်ထားနိုင်ဖို့ ခက်ပါတယ်။ 

ဒါကြောင့် ဓါတ်ပုံရိုက်ပြီဆိုရင် လက်နှစ်ဖက်နဲ့မြဲမြဲကိုင်ပြီး လက်တွေကိုကိုယ့်ဘက်ကို ကပ်နိုင်သမျှကပ် ထားပြီး ငြိမ်အောင်ထိန်းထားတတ်ဖို့လိုပါတယ်။ အသက်ကို၀၀ရှုပြီးဖြည်းဖြည်းချင်းပြန် ထုတ်ပါ။ ပြီးတော့ shutter button ကိုအငြင်သာဆုံးနှိပ်ပါ။ တကယ်လို့ screen ကိုနှိပ်ဖို့အဆင်မပြေရင် Volume Up button ကို နှိပ်နိုင်ပါတယ်။ အကောင်းဆုံးကတော့ ဖုန်းကိုငြိမ်အောင်ကိုင်ထားပြီး headphone က Volume up ကိုနှိပ်တာပဲဖြစ်ဖြစ်၊ Bluetooth နဲ့ နှိပ်ရတာမျိုးကိုသုံးတာမျိုးပဲဖြစ်ဖြစ် သုံးနိုင်ရင်ပိုကောင်းပါတယ်။

အသုံးဝင်တဲ့နောက်ထပ်အချက်တစ်ခုက ကိုယ့်ဖုန်းမှာ Shutter speed ကိုသိထားဖို့ပါ။ shutter ကို ဘယ်လောက်များများဖွင့်ထားရင် ပိတ်ဖို့အချိန်ဘယ်လောက်ယူသလဲဆိုတာကိုသိနေရပါမယ်။ iPhone ရဲ့ shutter control နဲ့အလုပ်လုပ်တာပါ။ software-based shutter lag ဟာ ကိုယ်က shutter button ကိုနှိပ်လိုက်ချိန်နဲ့ sensor အနေနဲ့က ဓါတ်ပုံကိုအမှန်တကယ်ရိုက်ကူးချိန်အတွင်းမှာ ကြာတဲ့အချိန်ကိုပြော တာပါပဲ။ ရိုက်ပါများလေလေ ဘယ်လောက်အလင်းကိုယူမယ်ဆိုရင် shutter lag ဘယ်လောက်ကြာတယ် ဆိုတာအလိုလိုသိလာပါလိမ့်မယ်။

တကယ်လို့လှုပ်ရှားနေတဲ့ပုံတွေကိုရိုက်ချင်တယ်ဆိုရင် iPhone 5s မှာတော့ Shutter button ကိုဖိထားပြီး Burst mode နဲ့ရိုက်လို့ရပါတယ်။ တကယ်လို့ Burst mode နဲ့ရိုက်တယ်ဆိုရင် ကင်မရာက ၁ စက္ကန့်ကို ၁၀ ပုံအထိရိုက်ပေးမှာပါ။ ပြီးရင် iPhone အနေနဲ့အကောင်းဆုံးလို့ သူထင်တဲ့ပုံတစ်ပုံကိုရွေးပေးမှာပါ။ သူရွေးပေးတာကိုမကြိုက်လို့ ကိုယ်တိုင်ရွေးမယ်ဆိုလည်းရပါတယ်။

ဓါတ်ပုံရိုက်တဲ့အခါအလင်းကို ဘယ်လိုယူရမလဲဆိုတာက အဓိကပြဿနာပါ။ အကောင်းဆုံး exposure ကိုရဖို့ဆိုတာကဓါတ်ပုံပညာရှင်တွေ ဆယ်စုနှစ်ပေါင်းများစွာလိုက်နာခဲ့တဲ့နည်းလမ်းဖြစ်တဲ့ အလင်းရှိတဲ့နေ ရာကိုလိုက်ပြီးကိုယ့်ကိုကိုယ်ရွှေ့ယူတာပါပဲ။ နေကိုကျောခိုင်းပြီးရိုက်ဖို့လိုသလို၊ နေရောင်ကကိုယ့်ပခုံးပေါ် ကကျော်ပြီးဝင်လာဖို့လိုပါတယ်။

နေရောင်ကိုတိုက်ရိုက်မျက်နှာမူပြီးမရိုက်ပါနဲ့။ တကယ်လို့အခန်းထဲမှာရိုက်မယ်ဆိုရင် ပြတင်းပေါက်ကိုကျော ခိုင်းပြီး မီးတွေဖွင့်ပြီးရိုက်ပါ။ နေရောင်ထဲမှာရိုက်မယ်ဆိုရင်တောင် flashမီးကိုဖွင့်ပြီးရိုက်တာက အဓိကကျတဲ့လျှို့ဝှက်ချက်တစ်ခုဖြစ်နိုင်ပါတယ်။ ဖျက်ခနဲလင်းတဲ့အလင်းကနေရောင်ကြောင့်ဖြစ်လာတဲ့ အရိပ်တွေကိုအများကြီးလျော့သွားနိုင်စေပါမယ်။ flash မီးအနေနဲ့ အရိပ်ကျနေတဲ့နေရာတိုင်းကို ပိုပြီးလင်းသွားအောင်လုပ်နိုင်ပါတယ်။ ဒါပေမယ့် LED flash မီးအသေးလေးက အရမ်းနီးတဲ့နေရာမျိုးမှာပဲ အလုပ်လုပ်မှာပါ။ ဒါကြောင့် ပေအနည်းငယ်အကွာမှာရှိတဲ့ subject တွေအတွက်ပဲအသုံးဝင်နိုင်ပါတယ်။

iPhone 4 ကနေစလို့ iPhone တွေဟာ HDR mode နဲ့ ရိုက်ကူးနိုင်လာပြီး exposure တွေ အများအပြား ကိုသုံးပြီးတော့ ဓါတ်ပုံတစ်ပုံထဲမှာတင် အရောင်နဲ့ tone တွေကို ကျယ်ကျယ်ပြန့်ပြန့်နဲ့ အသေးစိတ် ကျကျ ထည့်သွင်းပေးနိုင်ပါတယ်။ တကယ်လို့ အလင်းရောင်ပုံမှန်မဟုတ်တဲ့နေရာတွေမှာ flash သုံးမယ့်အစား HDR ကိုသုံးတာက ပိုအဆင်ပြေစေပါလိမ့်မယ်။

ပုံမှန်အားဖြင့် optical zone က iPhone မှာပါမလာပါဘူး။ ဒါကြောင့် digital zoom ကိုပဲသုံးရမှာပါ။ ဒါက pixel တွေကို ပိုကြီးလာအောင်လုပ်ပေးရုံသပ်သပ်ပါပဲ။ Digital နဲ့ zoom ချဲ့ယူတာဟာဓါတ်ပုံကို တည်ငြိမ်အောင်ရိုက်နိုင်ဖို့ ပိုခက်သွားစေပါတယ်။ အဲဒီတော့ ပုံကြီးကြီးလိုချင်ရင် အနားကပ်ရိုက်ပါ။ တကယ်လို့မဖြစ်မနေ digital effect လိုချင်ရင်ရိုက်ပြီးမှပဲ image editor တွေနဲ့ကွန်ပျူတာပေါ်မှာလိုသလိုပြင်ယူပါ။

iPhone သုံးသူတစ်ယောက်ရဲ့ အဓိကအားသာချက်ကတော့ app တွေအများကြီး install လုပ်နိုင်တာပါပဲ။ iTunes app store ကိုဝင်ပြီး ကိုယ့်ကင်မရာပိုအသုံးတည့်စေမယ့် app တွေ၊ imageediting app တွေကို ရယူနိုင်ပါတယ်။

ဓါတ်ပုံတွေရိုက်လာခဲ့ပြီးပြီဆိုရင် ကိုယ့်ရဲ့ Photos app တွေနဲ့ third-party apps တွေကိုသုံးပြီးတော့ tweak တွေကိုလုပ်နိုင်မှာပါ။ Control တွေအမျိုးမျိုးကနေတဆင့် ကိုယ့်ဓါတ်ပုံကိုအကောင်းဆုံးပြုပြင်ဖန်တီးနိုင်စေပါမယ်။ ဥပမာဆိုရင် saturation control တွေဟာကိုယ့်ဓါတ်ပုံထဲကအရောင်တွေရဲ့ intensity ကိုထိန်းညှိပေးမှာပါ။ အရောင် intensity က အတက်နိုင်ဆုံးအလယ်အလတ်လောက်ဖြစ်အောင်ထိန်းထားရမှာပါ။ negative တို့၊ black and white တို့လို effect  မျိုးတွေကိုလည်းစမ်းသပ်သုံးကြည့်နိုင်ပါတယ်။

မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment