ကောလာဟလတွေကြားရတဲ့အခါ လိုက်မရှင်းပါဘူး။ ရှင်းနေရင်ပိုရှုပ်တတ်တဲ့အတွက်ကြောင့် လေ……. ဂျူးစံသာ









တစ်ခါတလေ ကောလာဟလတွေကြားရတဲ့အခါ လိုက်မရှင်းပါဘူး။ ရှင်းနေရင်ပိုရှုပ်တတ်တဲ့အတွက်ကြောင့် လေ……. ဂျူးစံသာ

အခုလတ်တလောအနုပညာလှုပ်ရှားမှု… ကြော်ငြာတွေရိုက်ကူးနေပါတယ်။ TV Program တွေရိုက်ကူးနေပါတယ်။ Magazine တွေအဖုံးတွေ လည်း ရိုက်ကူးနေပါတယ်။ ပွဲတွေလည်းလျှောက်ဖြစ်ပါတယ်။ စာမေးပွဲနီးနေလို့စာဘက်ကိုလည်း အာရုံစိုက် နေပါတယ်။

သရုပ်ဆောင်ဘက်ကို ပြောင်းဖို့အစီအစဉ်ရှိလား။
စိတ်ကူးထားတာတော့ရှိပါတယ်။ ဒါပေမဲ့ မစဖြစ်သေးပါဘူး။ တဖြည်းဖြည်းနဲ့တော့ တစ်ဆင့်ခြင်း တက်သွားမှာပါ။

Photo Model လုပ်ဖို့က အရင်ကတည်းကအစီအစဉ်ရှိခဲ့တာလား။
ငယ်ငယ်ကတည်းက ၀ါသနာပါခဲ့လို့ ဒီအလုပ်ကိုလုပ်ဖြစ်တာပါ။

ကိုယ်ငယ်ငယ်ကတည်းက အတုယူဖြစ်တဲ့အနုပညာရှင်တွေ ရှိရင်ပြောပြပေးပါဦး။
ငယ်ငယ်လေးထဲကဆိုရင်တော့ အများကြီးရှိပါတယ်။ မထက်ထက်မိုးဦး၊ မနန္ဒာလှိုင်၊ မထွန်းအိန္ဒြာဗိုလ်၊ အန်တီမေသန်းနုတို့ကို အရမ်းအားကျမိပါတယ်။ သူတို့တွေကိုအရမ်းလည်းကြိုက်ပါတယ်။ သူတို့ရဲ့အနု ပညာတွေကိုလည်း လေးစားပါတယ်။ ပြီးတော့ အခုထိအတုလည်းယူပါတယ်။

အလှအပကိုညီမအနေနဲ့ ဘယ်လိုထိန်းသိမ်းဖြစ်လဲ။
လက်သည်း၊ ခြေသည်းတွေကို ပုံမှန်ဆိုင်မှာဆေးဆိုးတာ၊ ပုံဖော်တာတွေအမြဲလုပ်ဖြစ်ပါတယ်။ သန့်ရှင်းရေးလည်း လုပ်ဖြစ်ပါတယ်။ ဆံပင်ကတော့ ညီမအရမ်းတန်ဖိုးထားတဲ့အတွက် အိမ်မှာလည်း ဂရုစိုက် ဖြစ်ပါတယ်။ ရိုက်ကွင်းတွေနဲ့ မအားတဲ့အခါဆိုရင် ဆိုင်မှာပဲခေါင်းလျှော်၊ ပေါင်းတင်လုပ်ဖြစ်ပါတယ်။ အသား အရေနဲ့ပတ်သက်ပြီး အမြဲ Lotion လိမ်းတယ်။ Body Cream တွေလိမ်းတယ်။ ဆိုင်မှာ တစ်ခါတလေ ထိန်းသိမ်းတာတွေ လုပ်ဖြစ်ပါတယ်။

Make Up ပြင်တဲ့အခါ ဘယ်လိုအပိုင်းကိုပြင်ရတာသဘာကျလဲ။
ကိုယ့်ရဲ့မျက်နှာကို လှအောင်ခြယ်တဲ့အတွက် အစိတ်အပိုင်းတစ်ခုကိုပဲ မရွေးချယ်ပါဘူး။ မျက်နှာ တစ်ခုလုံးကိုပဲ လှအောင်ပြင်တာကို ပိုသဘောကျပါတယ်။

ခန္ဓာကိုယ်အချိုးအစားပြေပြစ်လှပဖို့အတွက် ဘယ်လိုလေ့ကျင့်ခန်းတွေလုပ်ဖြစ်မလဲ။
ခန္ဓာကိုယ်အချိုးအစား ပြေပြစ်လှပဖို့အတွက် ညီမအမြဲတမ်း Gym ဆော့တယ်။ အိမ်မှာဆိုလည်း အသီး အနှံတွေကိုပဲ ဦးစားပေးစားတယ်။ Weight မတက်အောင် ထိန်းပါတယ်။ မအားလို့ Gym မဆော့ဖြစ်ရင်တောင် အိမ်မှာလေ့ကျင့်ခန်းပုံမှန် လုပ်ဖြစ်ပါတယ်။

ညီမအနေနဲ့ Fashion ပိုင်း တွေကိုဘယ်လိုလေ့လာဖြစ်လဲ။
Fashion ပိုင်းဆိုရင် ညီမ International ဘက်ကိုပိုပြီးလေ့လာဖြစ်ပါတယ်။ သူတို့ဘယ်လိုဝတ်တယ်။ ဘယ်လိုစားတယ်။ Fashion ကျကျဘယ်လိုဝတ်ရင် အဆင်ပြေမလဲ။ စဉ်းစားတယ်။ Online မှာဆိုရင်လည်း Fashion နဲ့ပတ်သက်တာတွေ အကုန်လေ့လာပါတယ်။ အရင်ကတည်းက Fashion ကို စိတ်ဝင်စားခဲ့တာပါ။ ဒါပေမဲ့ အနုပညာရှင်တစ်ယောက်ဖြစ်လာတဲ့ အခါပိုပြီးတော့ လေ့လာဖြစ်ပါတယ်။

ပြည်တွင်း(သို့) ပြည်ပပဲဖြစ်ဖြစှ့်Shopping ထွက်တဲ့အခါ ၀ယ်ဖြစ်တဲ့အသုံးအဆောင်ပစ္စည်းလေးတွေရှိလား

Shopping ထွက်တဲ့အခါ ညီမ အမြဲဝယ်ဖြစ်တဲ့ပစ္စည်းကတော့ Acessory တွေပါပဲ။ နားကပ်၊ ဆွဲကြိုးစသည်ဖြင့် Acessory ပစ္စည်းတွေပဲဝယ်ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ ဖိနပ်ပါ။ ဖိနပ်ကိုဦးစား ပေးပြီး ၀ယ်ဖြစ်ပါတယ်။ အ၀တ်အစားဆိုရင်တော့ စိတ်ကြိုက်တွေ့တဲ့အခါတော့ ၀ယ်ဖြစ်ပါတယ်။ အဓိက ကတော့ ဗခခနျသမပ ပစ္စည်းပဲဝယ်ဖြစ်ပါတယ်။

Korea အနုပညာရှင်တွေ ပေါ်မှာရူးသွပ်တာမျိုးရှိလား။
အကုန်လုံးကိုကြိုက်ပါတယ်။ အနုပညာနဲ့ ပတ်သက်တာကို အကုန်လေ့လတဲ့အတွက် အကုန်လုံးကို တော့ သဘောကျပါတယ်။ အရမ်းရူးသွပ်တာမျိုးတော့မရှိပါဘူး။ ဒါပေမဲ့ ကြိုက်ပါတယ်။

Korea Series တွေကြည့်ရတာသဘောကျလား။
အမြဲတမ်းတော့မကြည့်ဖြစ်ဘူး။ ဒါပေမဲ့ အားလပ်ရက်တွေမှာတော့ Korea Drama Series ဇာတ်လမ်းတွေ ကြည့်ဖြစ်တယ်။ English Action ကားတွေလည်း ကြည့်ြ့ဖစ်ပါတယ်။ Korea Drama Series တွေဆိုရင်တော့ တနေ့ကိုဘယ်နှစ်နာရီဆိုပြီးတော့အချိန်ခွဲပြီး ကြည့်ပါတယ်။

ညီမရဲ့ပညာရေးအကြောင်းလည်း တစ်ချက်လောက်ပြောပြပေးပါဦး။
ညီမက Second Year Physic ပါ။ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်မှာတက်နေတာပါ။

ညီမအတွက်အကောင်းဆုံး မိတ်ဆွေဆိုတာ ဘယ်လိုသတ်မှတ်လဲ။ 
လူဆိုတာတော့အကောင်းနဲ့ အဆိုးတွဲနေတာပါပဲ။ လူတစ်ယောက်ရဲ့အတွင်းစိတ်ဆိုတာကို အပြင်ပိုင်း ကြည့်ပြီးဆုံးဖြတ်လို့မရပါဘူး။ ရင်းရင်းနှီးနှီးပေါင်းသင်းဆက်ဆံမှသာလျှင် အကောင်းလား၊ အဆိုးလား ခွဲခြားလို့ ရမှာပါ။ ကိုယ့်အပေါ်မှာအရမ်းကောင်းတဲ့ မိတ်ဆွေစစ်ဆိုတာကတော့ တွေ့ဖို့ခက်ခဲမယ်လို့ထင်ပါတယ်။ မိတ်ဆွေစစ်ဆိုတာမျိုးရှိခဲ့ရင်တော့ သူ့ဘက်ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်လုံးအကျိုးရှိမှာပါ။ သူလိုအပ်တာကို ကိုယ်ကူညီနိုင်သလို ကိုယ်လိုအပ်တာကို သူကူညီနိုင်ရင်တော့ အားလုံးအဆင်ပြေမယ်လို့ ခံယူပါတယ်။

အနုပညာလမ်းကိုလျှောက်လှမ်းတဲ့အခါ ရင်ဆိုင်တွေ့ကြုံခဲ့ရတဲ့အခက်အခဲလေးတွေကို ပြောပြပေးပါဦး။
အခက်အခဲတွေက အများကြီးရှိပါတယ်။ ကိုယ်မသိတဲ့ ကမ္ဘာတစ်ခုတစ်ခုကို အစိမ်းသက်သက် ကြီးဝင်လာတဲ့အခါ ကြုံတွေ့ရတာတွေက အများကြီးပါ။ ညီမလဲကျခဲ့တဲ့အခက်အခဲတွေက အများကြီးရှိပါ တယ်။ ဒါပေမဲ့ အားမလျော့ပဲ ပြန်ထခဲ့ပါတယ်။ အခက်အခဲဆိုတာကတော့ ဘာပဲလုပ်လုပ်တွေ့မှာပါပဲ။ အခက်အခဲကို ရှောင်လွှဲပြီးထွက်ပြေးနေမယ့်အစား ရင်ဆိုင်ဖြေရှင်းတာက ပိုကောင်းပါတယ်။ ညီမက ဒီလိုပဲထင်တယ်။

ကောလာဟလတွေနဲ့ကြုံရင် ဘယ်လိုရင်ဆိုင်မလဲ။
အဲလိုမျိုးမတွေ့ကြုံဖူးသေးပါဘူး။ ဒါပေမဲ့ ကိုယ့်အကြောင်းမသိတဲ့သူတွေကတော့ အထင်တွေအမြင် တွေနဲ့ ပြောလေ့ပြောထတော့ရှိပါတယ်။ သူတို့ဘယ်လိုပြောပြော အကောင်းဘက်ကပဲတွေးပါတယ်။ သူတို့ ဝေဖန်ရင်လည်း အတတ်နိုင်ဆုံးပြုပြင်ပါတယ်။ တစ်ခါတလေကောလဟာလတွေ ကြားရတဲ့အခါ လိုက်မရှင်း ပါဘူး။ ရှင်းနေရင်ပိုရှုပ်တတ်တဲ့အတွက်ကြောင့်ပါ။

ညီမရဲ့အားလပ်ချိန်တွေကို ဘယ်လိုနည်းနဲ့ကုန်ဆုံးလဲ။
ညီမရဲ့အားလပ်ချိန်တွေကို အိမ်မှာပဲကုန်ဆုံးတာများပါတယ်။ အားလပ်ချိန်တွေမှာ TV ကြည့်တယ်။ အေးအေးဆေးဆေး Facebook သုံးပြီးပရိသတ်တွေနဲ့ စကားပြောဖြစ်တယ်။ တစ်ခါတလေ အပြင်ထွက်ပြီး သူငယ်ချင်းတွေနဲ့ အားလပ်ချိန်ကုန်ဆုံးဖြစ်တယ်။ မိသားစုနဲ့လည်း အတူတူနေဖြစ်ပါတယ်။

ရှေ့ဆက်လျှောက်ရမယ့်ဘ၀ထဲမှာ ဘယ်လိုမိသားစုကို ပုံဖော်ထုဆစ်ချင်လဲ။
ရှေ့ဆက်လျှောက်ရမယ့်ဘ၀ကိုတော့ အေးအေးချမ်းချမ်းဖြစ်တဲ့ ဘ၀တစ်ခုကိုပဲပုံဖော်ချင်ပါတယ်။ မိဘ နှစ်ပါးနဲ့အတူ မောင်နှမတွေ သိုက်သိုက်ဝန်းဝန်းနဲ့ပဲ ပုံဖော်ထုဆစ် ချင်ပါတယ်။ အခုလက်ရှိလဲ ဒီလိုပုံစံပဲ နေထိုင်နေပါတယ်။ နောက်ထပ်လည်း ဒီလိုပုံစံနဲ့ပဲနေထိုင်ချင်ပါတယ်။

ညီမကိုစိတ်အနှောက်အယှက် ဖြစ်စေတဲ့အပြုအမူမျိုးကို ပြောပြပေးပါဦး။
အပြုအမူတိုင်းကတော့ စိတ်အနှောက်အယှက်မဖြစ်စေပါဘူး။ ဒါပေမဲ့ တစ်ခါတလေ စကားတစ်ခွန်း ကြောင့် စိတ်ကသိအအောင့် ဖြစ်တတ်ပါတယ်။ အဲလိုဖြစ်လာရင် အကောင်းဘက်ကပဲတွေးပြီး ကိုယ့်ကိုယ်ကို စိတ်လျော့လိုက်ပါတယ်။ အကြောင်းအရာတစ်ခုကြောင့်ဆိုပြီး သီးသန့်ရွေးထားတာမရှိပါဘူး။

ညီမရဲ့တစ်နေ့တာအချိန်လေးတွေထဲမှာ ဘယ်အချိန်ကိုအနှစ်သက်ဆုံးလဲ။
ညီမကအနုပညာအလုပ် လုပ်နေတဲ့အတွက် ညီမချစ်တဲ့အနုပညာအလုပ်တွေလုပ်နေရရင် ပျော် ပါတယ်။ ပြီးတော့ မိသားစုနဲ့အတူနေရတဲ့အချိန်တွေကိုလည်း သဘောကျနှစ်သက်ပါတယ်။

ပိုင်သက်ကျော်

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment