မင်္ဂလာဆောင်ဖို့ကို ကိုယ့်အသက်အရွယ်နဲ့ စိတ်ကူးယဉ်တာမျိုးမရှိသေးဘူး ......... ခင်ဝင့်ဝါ




Miss Supranational 2013 ပြိုင်ပွဲမှာ Miss Internet ဆုအပြင် Most Beautiful in the World People Choice Award နဲ့ The Face of Supernational ဆုတွေ ရရှိခဲ့ပြီး အခုအခါမှာတော့ ပရဟိတ လုပ်ငန်းတွေနဲ့အတူ ဇာတ်ကားတွေရိုက်ကူးနေပြီဖြစ်တဲ့ ခင်ဝင့်ဝါနဲ့ မေးမြန်းဖြစ်ခဲ့ တာက…

သီတင်းကျွတ်ဆိုတဲ့အရာကို ခင်ဝင့်ဝါအနေနဲ့ ဘယ်လိုအဓိပ္ပါယ်ဖွင့်ဆိုချင်လဲ…
သီတင်းကျွတ်ဆိုတာကတော့ မြန်မာ့ ၁၂ လရာသီထဲက တစ်လပေါ့လေ။ အဲဒီအချိန်မှာ ကလေးဆိုရင် မီးရှုးမီးပန်းတွေဖောက်ကြတယ်။ လူကြီးတွေကို လိုက်ကန်တော့တယ်။ မုန့်ဖိုးတောင်းတယ်။ အဲဒါမျိုးတွေကျ တော့ အရမ်းချစ်ဖို့ကောင်းတယ်။ ညီမအတွက်ကတော့ အထွေအထူးတော့မရှိပါဘူး။

အရင်တုန်းကပုံစံနဲ့ အခုလက်ရှိအရွယ်မှာ သီတင်းကျွတ်ခံစားမှုက ဘယ်လိုကွာခြားသွားလဲ။
ငယ်ငယ်တုန်းကကျတော့ ကလေးသဘာဝအရ မုန့်ဖိုးတွေတောင်းမယ်။ ပိုက်ဆံရတာနဲ့ မုန့်တွေ လျှောက်စားတယ်။ မီးပန်းတွေဖောက်တယ်။ ကလေးသဘာဝပျော်ခဲ့တာပေါ့နော်။ အခုလူကြီး ပြန်လာတဲ့ အခါကျတော့ ခရီးတွေဘာတွေသွားတာနဲ့ အလုပ်တွေ မအားတော့ဘူး။ ဒီသီတင်းကျွတ်က သာမန်လလေး တစ်လလိုဖြစ်သွားတာပေါ့။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ရက်မြတ်ဖြစ်တဲ့အတွက် ညီမအနေနဲ့ လူကြီးမိဘတွေ ကန်တော့တယ်။ ဆရာသမားတွေလည်း ကန်တော့တယ်။ အဲဒီအပြင် အထွေအထူးတော့မရှိပါဘူး။

ဒီနှစ်သီတင်းကျွတ်မှာရော ဘာတွေလုပ်ဖို့စီစဉ်ထားလဲ…
သီတင်းကျွတ်မှာ ချောင်းသာမှာဇာတ်ကားရိုက်ဖို့ရှိပါတယ်။

သီတင်းကျွတ်မှာ မင်္ဂလာအခမ်းအနားတွေပေါ်လာတော့ ခင်ဝင့်ဝါအနေနဲ့ ကိုယ့်ရဲ့စိတ်ကူးထဲမှာ ပုံဖော် ထားတဲ့ မင်္ဂလာအခမ်းအနားပုံစံလေးက…
မင်္ဂလာစိတ်ကူးကတော့ အဝေးကြီးလိုပါသေးတယ်။ ပုံဖော်ထားတာလည်းမရှိပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ ညီမအသက်အရွယ်နဲ့ စိတ်ကူးယဉ်တာမျိုးသိပ်မရှိပါဘူး။

သီတင်းကျွတ်မှာ မင်္ဂလာဆောင်မယ့် မောင်နှံတွေအတွက် တစ်ခုခုပြောပေးပါဦး။
သီတင်းကျွတ်မှာ မင်္ဂလာဆောင်မယ့်ဇနီးမောင်နှံတွေရော ဘယ်အချိန်မှာပဲဖြစ်ဖြစ်ဆောင်ကြမယ့်သူ တွေရော ဘယ်ဇနီးမောင်နှံမဆို အိုအောင်မင်းအောင်ပေါင်းပြီးတော့ သက်ဆုံးတိုင်ပျော်ပျော်ရွှင်ရွှင်နဲ့ မိသားစု လေးနဲ့နေနိုင်အောင် ဆုတောင်းပေးပါတယ်။

မင်္ဂလာဝတ်စုံနဲ့ တခြားအ၀တ်အစားတွေနဲ့ ရိုက်တဲ့အခါ ကိုယ့်ရဲ့စိတ်ခံစားမှုလေးက ဘယ်လိုပုံစံမျိုးလဲ…
သတို့သမီးဝတ်စုံဝတ်ရတဲ့အခါမှာ ဘယ်လိုပဲဖြစ်ဖြစ် ကိုယ့်ကိုယ်ကိုယ် ဃသည်ငိနညခန ရှိတယ်။ ကျက်သရေ ရှိတာပေါ့နော်။ တခြားပုံစံတွေနဲ့တော့ မတူပါဘူး။

ချစ်ခန်း၊ လွမ်းခန်းတွေ သရုပ်ဆောင်ရတဲ့အခါ အပြင်ကအချစ်နဲ့ ပတ်သက်တဲ့ခံစားချက်ထည့်ထားလား။ ဘယ် လိုမျိုးသရုပ်ဆောင်သလဲ…
အချစ်ကားရိုက်ရတဲ့အခါမှာတော့ အကောင်းဆုံးဖြစ်နိုင်အောင်လို့ Mood သွင်းတာပေါ့နော်။ အပြင်မှာ ကျတော့ ကိုယ်ကပေါ့ပေါ့ပါးပါးပဲနေတတ်တဲ့သူဆိုတော့ ချစ်တာတွေဘာတွေသိပ်မသိပါဘူး။

အခုလက်ရှိရိုက်နေတဲ့ကားကရော…
အခုရိုက်နေတဲ့ကားက ချိုမြိန်သောလက်စားချေခြင်းဆိုတဲ့ ရုပ်ရှင်ကားကြီးပါ။ အဲဒီကားမှာ ညီမ က နာမည်ကြီး မော်ဒယ်တစ်ယောက်အနေနဲ့ သရုပ်ဆောင်ရတာပါ။

ကားရိုက်တွေနဲ့ပတ်သက်ပြီး ဘယ်လိုအတွေ့အကြုံတွေရနေပြီလဲ…
ဘယ်လိုပဲဖြစ်ဖြစ် ကိုယ်ရိုက်တာလည်း တစ်နှစ်ကျော်နေပြီဆိုတော့ ကိုယ့်ရဲ့လိုအပ်ချက်တွေ၊ အားသာ ချက်တွေသိလာပြီပေါ့နော်။

ပရိသတ်တွေကအခုအချိန်မှာ ဘယ်လိုကားမျိုးတွေ ကြိုက်နှစ်သက်တယ်ဆိုတာ သတိထားမိလား။ လေ့လာ ဖြစ်လား…
လေ့လာဖြစ်ပါတယ်။ တချို့ပရိသတ်တွေကျတော့ ညီမကိုပေါ့ပေါ့ပါးပါးလေး ဖန်စီနဲ့လိုက်တယ်ပေါ့။ တချို့ကျတော့လည်း ဒရာမာနဲ့လိုက်တယ်ပေါ့။ သူတို့ပေးတဲ့ဇာတ်ရုပ်တွေကိုတော့ ညီမဘက်က အတတ်နိုင် ဆုံး အကောင်းဆုံးဖြစ်အောင် ကြိုးစားပြီးရိုက်ဖြစ်ပါတယ်။

ဇာတ်ကားတွေရွေးချယ်တဲ့နေရာမှာ ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက်ဘယ်အရာကို ဦးစားပေးရွေးချယ် ဖြစ်လဲ…
ပရိသတ်လည်းကြိုက်မယ်။ ညီမနဲ့လည်း လိုက်ဖက်မယ်ဆိုရင်တော့ ရိုက်ဖြစ်ပါတယ်။

ပရိသတ်အကြိုက်နဲ့ ကိုယ့်အကြိုက်တူခဲ့တဲ့ဇာတ်ကားတွေရောရှိခဲ့ဖူးလား…
ရှိခဲ့ပါတယ်။ ကမ်းခြေကခရုဆိုတဲ့ဇာတ်ကားပါ။ ညီမလည်း ကြိုက်တယ်။ ပရိသတ်တွေလည်း ကြိုက်ကြ တယ်။

အနုပညာနဲ့ ပတ်သက်ပြီး ကိုယ့်ရဲ့ခံယူချက်…
ဒီအနုပညာအလုပ်ကို ညီမပရိသတ်တွေအားပေးတဲ့အထိ အကောင်းဆုံးကြိုးစားပြီေးတာ့ ဆက် လျှောက်သွားမယ်ပေါ့။

သဘာဝကျတဲ့ဇာတ်ရုပ်ဖြစ်အောင် ဘာတွေလေ့လာဖြစ်လဲ…
ဒီဇာတ်ရုပ်ကဆိုရင် ဘယ်လိုမျိုးလဲပေါ့။ အ၀တ်အစားရယ်၊ ဘယ်လိုသရုပ်ဆောင်မှုပုံစံမျိုးကို အရင်လေ့ လာတယ်။ ကာရိုက်တာကိုလည်း ဘယ်လိုအိုက်တင် လုပ်ရမလဲဆိုတာကို စဉ်းစားတယ်။

သရုပ်ဆောင်ကောင်းဖြစ်ဖို့ ဘယ်လိုအရည်အချင်းမျိုးတွေရှိသင့်လဲ…

ညီမက သိပ်ပြီးတော့မဝေဖန်တတ်ဘူး။ လူတိုင်းကတော့ ကိုယ့်ခံယူချက်နဲ့ ကိုယ်ပဲပေါ့နော်။ အဓိက ကတော့ ညီမသရုပ်ဆာင်ကောင်း တစ်ယောက်ဖြစ်အောင် ကြိုးစားနေတယ်။

ပရဟိတနဲ့ပတ်သက်ပြီးဘာတွေလုပ်ဖြစ်လဲ…
ရေဘေးအတွက် ကူညီပေးဖြစ်တယ်။ ပြီးတော့ မွေးနေ့အလှူလေးလည်းလုပ်ဖြစ်ပါတယ်။

သရုပ်ဆောင်တစ်ယောက် အတွက်အလှအပက ဘယ်လောက်အထိလိုအပ်လဲ…
ညီမတို့လို သရုပ်ဆောင်တစ်ယောက်အတွက် အလှအပက ရာနှုန်းပြည့်လိုအပ်မယ်လို့ ထင်ပါတယ်။ ပရိသတ်ကလည်းကိုယ့်ရဲ့ အလှအပကို အရင်ဆုံးကြည့်ဖြစ်ကြတာဆိုတော့ အလှအပက အရမ်းအရေး ကြီးပါတယ်။

ပရိသတ်ကြီးအတွက် ခင်ဝင့်ဝါပြောချင်တဲ့စကားက…

ပရိသတ်ကြီးစိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းနဲ့ ပြည့်စုံပါစေ။ သဘာဝဘေးအန္တရာယ်မှလည်း ကင်းဝေးပါစေ။





--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment