ၹၹၹၹၹၹၹၹ
အဆိုတော်လွှမ်းပိုင်နဲ့အတူ ဂျာကင်ဟောင်းလေးဇာတ်ကားတွင် ပါဝင်အားဖြည့်သရုပ်ဆောင် ထားတဲ့ ခင်ဝင့်ဝါကို ပါဝင်သရုပ်ဆောင်ခဲ့ရတဲ့ ရင်ခုန်သံနဲ့အတူ အနုပညာလှုပ်ရှားမှုတွေနှင့် Miss များအကြောင်းကို အခုလို မေးမြန်းဖြစ်ခဲ့ပါတယ်။
ဂျာကင်ဟောင်းလေး ဇာတ်ကားနဲ့ပတ်သက်ပြီးဘယ်လိုမြင်လဲ
ငါ အများကြီးလိုနေသေးပါလားဆိုတဲ့ အတွေးလေးတော့ဖြစ်မိတယ်။ အချို့နေရာတွေမှာ အားမရ တာ တွေလည်းရှိတယ်။ ဘာလို့လဲဆိုတော့ ကိုလွှမ်းပိုင်က အဆိုတော်ဖြစ်ပြီး ညီမထက်အရမ်းတော် နေ တယ်လို့ မြင်မိတယ်။
ဒီဇာတ်ကားမှာကိုယ့်ရဲ့ အားနည်းချက်တွေတွေ့တယ်ဆိုတော့ ဒီဇာတ်ကားကြောင့်အနုပညာနဲ့ ပတ်သက်ပြီး ဘယ်လိုအကျိုးအမြတ်တွေရလိုက်လဲ
အားနည်းချက်ဆိုတာထက် ငါအများကြီးလိုနေသေးတယ်ဆိုတာသိလိုက်ရတော့ နောက်ထပ်အများ ကြီးကြိုးစားရမယ်လို့ ကိုယ့်ကိုယ်ကိုယ်သတိပေးလိုက်သလိုပါပဲ။ နောက်ရိုက်မယ့်ဇာတ်ကားတွေမှာ သေချာ ဂရုစိုက်ပြင်ဆင်ပြီး ဆက်ကြိုးစားသွားမှာပါ။
သူတို့ကအဆိုတော်တစ်ယောက်အနေနဲ့ ပထမဦးဆုံးရိုက်ရတဲ့ဇာတ်ကားဖြစ်တာကြောင့် ညီမကသူတို့အတွက် ဘယ်လို ၀မ်းသာပီတိဖြစ်မိလဲ
အဆိုဘက်ရော သရုပ်ဆောင်ဘက်ကိုပါ ပရိသတ်တွေကလည်း အားပေးတယ်ဆိုတော့ဝမ်းသာပါ တယ်။ သူတို့ရဲ့သရုပ်ဆောင်ခွင့်တွေကို ကြည့်ရှုခွင့်ရတဲ့အတွက် ပရိသတ်တွေလည်းအမြင်တစ်မျိုးနဲ့ အားပေးကြတော့ ကောင်းပါတယ်။ ပရိသတ်တွေကိုဖန်တီးမှု အသစ်တစ်မျိုး ချပြနိုင်တာကောင်းတာပေါ့။
တစ်ချိန်က Miss တစ်ယောက်ဖြစ်ခဲ့ဖူးတော့ အခုဖြစ်ပေါ်နေတဲ့ Miss Universe 2015 ပြိုင်ပွဲက နည်းနည်း ဂယက်ရိုက်သွားတာကိုဘယ်လိုမြင်လဲ
အဲဒီအပေါ်သုံးသပ်ချက်ကတော့ ဒါမဖြစ်သင့်ဘူးပေါ့နော်။ တကယ်ရပြီးအရမ်းပျော်နေတဲ့အချိန်မှာ အခုလိုဖြစ်သွားတော့ အရမ်းခံစားသွားရမှာပဲလေ။ ကိုယ့်သာသူ့နေရာမှာဆိုရင် ရူးသွားမလားပေါ့တွေးမိတယ်။ ညီမတို့တုန်းကလည်း အစဉ်လိုက်ကြေညာတာ ဆိုတော့ ဒီလိုအမှားမျိုးမဖြစ်ခဲ့ပါဘူး။
နောက်ပိုင်း Miss တွေလည်းအများကြီးပေါ်ထွက်လာပြီဆိုတော့ ညီမအနေနဲ့ ဘယ်လိုအကြံမျိုးလေးတွေပေးချင် လဲ
အခုနောက်ပိုင်း Miss တွေ ကတော်လည်းတော်ကြတယ်။ အများကြီးလည်းပေါ်ထွက်လာကြတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဆုံးလည်းကြိုးစားကြတယ်။ ကမ္ဘာက မြန်မာကိုသိအောင်ကြိုးစားကြတယ်။ နောက်ထပ်အများကြီး ပေါ်ထွက်လာတဲ့အတွက်လည်း ၀မ်းသာပါတယ်။
သရုပ်ဆောင်ဘက်မှာ ကာရိုက်တာရွေးသလား
ကာရိုက်တာပိုင်းနဲ့ပတ်သက်ပြီးတော့ ညီမနဲ့လည်းလိုက်ဖက်မယ့်ကာရိုက်တာမျိုး၊ ပရိသတ်ကလည်း ကြိုက်မယ့်ကာရိုက်တာမျိုးဆိုရင်တော့ လက်ခံရိုက်ကူးဖြစ်တာများပါတယ်။ ကိုယ့်ဇာတ်ကောင် ကာရိုက်တာ တိုင်းကို အကောင်းဆုံးဖြစ်အောင် ကြိုးစားသရုပ်ဆောင်ပါတယ်။
Miss ပြိုင်ပွဲတွေကနေ သရုပ်ဆောင်ဘက်အထိအောင် မြင်တဲ့အနုပညာရှင်တစ်ယောက်ဖြစ်လာတာ ဘာကြောင့် လဲ
ပြိုင်ပွဲတွေကနေ သရုပ်ဆောင်တစ်ယောက်အဖြစ် ယနေ့အထိရပ်တည်လာနိုင်တာ ပရိသတ်တွေရဲ့ ကျေးဇူးကြောင့်ပါ။ Miss တစ်ယောက်အဖြစ် အနုပညာအလုပ်တွေလုပ်တော့ ပရိသတ်တွေအားပေး ခဲ့ကြတယ်။ သရုပ်ဆောင်လုပ်ပြန်တော့လည်း ပရိသတ်တွေကအရမ်းအားပေးခဲ့ကြပြန်တယ်။ ဒီအတွက် ပရိသတ်တွေကို အရမ်းကျေးဇူးတင်ပါတယ်။
ညီမရဲ့ဇာတ်ကားတွေထဲမှာ ပရိသတ်နဲ့ထပ်တူကျမယ့် ဇာတ်ကားလေးတွေပြောပြပေးပါဦး
ပရိသတ်နဲ့ထပ်တူကျနိုင်မယ့် ဇာတ်ကားလေးတွေကတော့ ကမ်းခြေကခရုဆိုတဲ့ဇာတ်ကားလေးရယ်။ အိုလင်းတစ္ဆေဇာတ်ကားလေးရယ် ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီဇာတ်ကားနှစ်ကားက ပရိသတ် တွေ တော်တော်ကြိုက်ကြတယ်လို့ သိရတယ်။ ပရိသတ်နဲ့လည်း ထပ်တူကျတယ်လို့ပြောကြတယ်။ အချို့ နယ်က ပရိသတ်တွေဆို ကိုယ့်ရဲ့ဇာတ်ကောင်နာမည်လေးကို ကိုယ့်ကိုတွေ့တာနဲ့ခေါ်ကြတယ်။ ညီမရဲ့ အနုပညာ သက်တမ်းတိုလေးအတွင်းမှာ ပရိသတ်တွေက ဒီလိုပုံစံ အမျိုးမျိုးနဲ့အားပေးကြတာတွေ့ရတော့ ညီမ တအားပျော်တယ်။ ဘာနဲ့မှမလဲနိုင်တဲ့ ပီတိမျိုးခံစားရတယ်။
လက်ရှိအချိန်မှာ Miss နဲ့ သရုပ်ဆောင်အလုပ် ဘယ်အရာကိုဦးစားပေးလုပ်သွားမလဲ
ညီမအနေနဲ့လက်ရှိမှာ သရုပ်ဆောင်အလုပ်ကိုပဲ သေချာဂရုစိုက်လုပ်သွားမှာပါ။ Miss အလုပ်ကိုလည်း ဆက်လုပ်သွားမှာဖြစ်ပေမယ့် သရုပ်ဆောင်အလုပ်ကိုပဲအာရုံစိုက်ပြီး ဒီထက်အောင်မြင်အောင်ကြိုးစားသွားမှာပါ။
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment