လီပင်ပင်းဆိုတာကတော့
တရုတ်မင်းသမီးတစ်ယောက်ပါ။ မြန်မာပရိသတ်တွေနဲ့ အထိအတွေ့နည်း လှပေမယ့် အွန်လိုင်းမီဒီယာတွေမှာတော့
ပရိသတ်စိတ်ဝင်စားမှုအရရှိဆုံးမင်းသမီးတစ်လက်ပါ။
အနုပညာဘ၀အစ
လီပင်ပင်းက
ငယ်ငယ်က ကျောင်းဆရာမတစ်ဦးဖြစ်ဖို့သာစိတ်ကူးယဉ်ခဲ့ပြီး မင်းသမီးတစ်ယောက်ဖြစ် လာဖို့ဘယ်တုန်းကမှ
အိမ်မက်မမက်ခဲ့ဖူးပါဘူးဆိုပြီးပြောထားပါတယ်။ ဒါပေမဲ့ ဘွဲ့ရပြီးတဲ့အခါမှာတော့ သရုပ်ဆောင်အလုပ်ကိုစိတ်ဝင်စားလာခဲ့ပြီး
သူငယ်ချင်းတစ်ယောက်ရဲ့အကူအညီနဲ့ Shanghai Theatre Academy ကိုဝင်ရောက်ခဲ့သူပါ။
၁၉၉၉ ခုနှစ်မှာရိုက်ကူးခဲ့တဲ့ Seventeen Years ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ပြီးနောက်တော့
Singapore Film Festival မှာ Best Actress ဆုကိုရရှိခဲ့ပါတယ်။ Young Justice Boo ဇာတ်လမ်းတွဲမှာ
ပါဝင်သရုပ်ဆောင်ထားပြီးနောက်မှာတော့ လီပင်းပင်းအနေနဲ့ တရုတ်ပြည်မှာနာမည်ရလူကြိုက်များလာပါပြီ။
အဲဒီဇာတ်လမ်းတွဲနဲ့အတူ Top 10 Best Acrtess in China ဆုကိုရရှိခဲ့ပါတယ်။
ဒါရိုက်တာ
Dayyan Eng ရဲ့ အချစ်ဇာတ်ကား Waiting Alone မှာ ပါဝင်သရုပ်ဆောင်ပြီးနောက်မှာတော့ Best
Picture Aword၊ Gloden Roster Awards မှာ Best Actiess ဆုတို့ရရှိခဲ့ပါတယ်။ 12th
Beijing College Film Festival မှာလည်း The Most Popular Actress ဆုကိုရရှိခဲ့ပါသေးတယ်။
လီပင်းပင်းက
သရုပ်ဆောင်ပိုင်းမှာတင်မကပါဘူး။ UNEP ရဲ့ Ambassador, WWF Earth Tour ရဲ့ Global Ambassador လည်းဖြစ်ပါသေးတယ်။
လီပင်းပင်းက
Resident Evil: The Filal Chapter မှာလည်း Ada အဖြစ်ပါဝင်သရုပ်ဆောင်ထား ပါသေး တယ်။ ဒီဘက်ကားပိတ်ဘဘက်ပွဲကို
ဂျပန်နိုင်ငံမှာကျင်းပတဲ့အခါ လီပင်းပင်းတက်ရောက်ခြင်းမရှိတဲ့အပေါ် မီဒီယာများရဲ့စိတ်ဝင်စားမှုကလည်း
ပြင်ထန်ခဲ့ပါတယ်။ လီပင်းပင်းရဲ့ပြောဆိုခွင့်ရသူဂျီရှန်းကတော့ လီပင်းပင်းက ရိုက်ကူးရေးအတွက်အလုပ်များနေတာကြောင့်
အချိန်ပေးတက်ရောက်နိုင်ခြင်း မရှိ တာဖြစ်ကြောင်းပြောထားပေမယ့် လီပင်းပင်းကိုမေးတဲ့အခါမှာတော့
တရုတ်-ဂျပန် ပဋိပက္ခတွေကြောင့် ဂျပန်နိုင်ငံကလွဲပြီးတခြားနိုင်ငံများကိုသာသွားရောက်လိုကြောင်း
ပြန်ဖြေကြားခဲ့ပါတယ်။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment