ဒီတစ်ပတ်လည်း
အဓိကဟင်းကို ငါးဟင်းလေးပဲရွေးထားဖြစ်တယ်ဗျာ။ ငါးသလဲထိုးလေး လှိုင်လှိုင် ပေါ်တင်ပြီဆိုတော့
ရှမ်းနံနံလေးအုပ်ပြီး အိုးကပ်လေးချက်စားချင်စိတ်ပေါ်လာလို့လေ။ သူတို့နဲ့လိုက်ဖက်မယ့်
အသုပ်လေးကိုတော့ ရာသီပြောင်းလေးမှာစားလို့ အဆင်ပြေမယ့် ရှောက်သီးသုပ်လေးကို ရွေးထားလိုက် တယ်။ အရည်ဟင်းကိုတော့ မယ်တော်မားသားစားချင်နေတဲ့ သီးစုံပဲဟင်းအချိုလေးချက်လိုက်မယ်။
ဒီလောက်ဆိုရင် တော့ မိသားစုထမင်းဝိုင်းလေးက စားလို့မြိန်လောက်မယ်ထင်ပါရဲ့။ ချက်ရတာလည်းလွယ်
အာဟာရလည်းဖြစ် ဆိုတော့ ရာသီပြောင်းလေးမှာကိုယ်ခံအားလေးမြင့်ဖို့အတွက် အဆင်ပြေတာပေါ့နော်။
ကိုယ်ခံအားလေးမြင့်နေမှ ရာသီပြောင်းဖြစ်တတ်တဲ့ တုပ်ကွေးလေး ဘာလေးလည်းမဖြစ်တော့ဘူးပေါ့နော်။
အဓိကဟင်းဟင်းအနေနဲ့ရွေး ထားတဲ့ ငါးသလဲထိုးလေးတွေကို မယ်တော်မားသားဈေးကနေပြန်လာတာနဲ့
ချက်ဖို့စပြင်ရတော့တာပဲဗျို့။
ငါးသလဲထိုးဆီပြန်
ငါးလေးတွေကိုအကောင်လိုက်
သေချာရေနဲ့နှစ်ထပ်သုံးထပ်ဆေး ရေပြန်စစ်ပြီး ပုဇွန်ငံပြာရည်လေး နဲ့ ခနနှပ်ထား ကြက်သွန်နီမထူမပါးလှီးထားတာလေးကို
ငရုတ်သီးခွဲခြမ်းလေးနဲ့ရောထောင်းပြီးရင် ဆီအတန်သင့် ထည့်ပြီး နနွင်းမှုန့်လေးနည်းနည်းပါထည့်
မွှေးလာတဲ့အထိ ဆီသတ်၊ ဆီသတ်တာကျက်လို့ မွှေးလာပြီဆိုမှ ပုဇွန်ငံပြာရည်နဲ့နှပ်ထားတဲ့ ငါးလေးတွေထည့်
မကြေအောင်အသာလေး အထက်အောက် လှန်ပေးပြီးမှရေလေး သင့်ရုံလောက်ထည့်ပြီးပြန်တည်ထား။ ရေခန်းခါနီးလာမှ
မီးလျော့လျော့လေးနဲ့ ဆီပြန်ပြီးအိုးကပ်တဲ့အထိထား။ ချခါနီးမှရေစင်စင်ဆေး လှီးထားတဲ့ရှမ်းနံနံအုပ်လိုက်ရုံပါပဲ။
ငါးလေးတွေအိုးကပ်ချက်တဲ့နေရာမှာ ကြက်သား မှုန့်ကိုမသုံးစေချင်ဘူးဗျ။ ဘာဖြစ်လို့လည်းဆိုတော့
အရသာကချိုရဲရဲဖြစ်ပြီး စားလို့မကောင်းဖြစ်သွားတတ်လို့ ပါ။ ဒါကြောင့်ငါးလေးအိုးကပ်ချက်ပြီဆိုရင်
ပုဇွန်ငံပြာရည်ကောင်းကောင်းလေးနဲ့ ဆားလေးအတန်အသင့်သုံး လိုက်တာကပိုပြီး အရသာလေးလေးလေးနဲ့
စားကောင်းတယ်ဗျ။
ရှောက်သီးသုပ်
ရှောက်သီးသုပ်ဖို့အတွက်ကတော့
အရမ်းမမှည့်သေးတဲ့ ရှောက်သီးစိမ်းစိမ်းလေးကိုသုံးတာ ပိုအဆင် ပြေတယ်။ အမွှာလေးတွေဖဲ့ရတာလည်း
အဆင်ပြေသလို အရမ်းကြီးလည်းမချဉ်တော့ဘူးပေါ့။ ပုဇွန်လေး နည်းနည်းလှော်ထား၊ ကြက်သွန်နီကိုခပ်ပါးပါးလေးလှီးထား၊
စိမ်းစားငါးပိလေးနည်း နည်းလောက် ကို မီးနဲ့ ခပ်ကြာကြာလေးပြထား။ ငါးရုတ်သီးစိမ်းလေး ပါးပါးလှီးထားတာရယ်၊
ငရုတ်သီးလှော်မှုန့်လေးနှစ် မျိုးစလုံး ထည့်မယ်၊ ဒါမှ ပိုမွှေးပြီးစားလို့ ပိုကောင်းလို့ပါ
အရင်ဆုံး ကြက်သွန်နီလှီးထားရယ်၊ မီးပြထားတဲ့ စိမ်းစား ငါးပိလေးရယ်၊ ငရုတ်သီးနှစ်မျိုး
သကြားလေးနည်းနည်းရယ်ပါရောပြီး နှံ့အောင်နယ်လိုက်မယ်။ ပြီးမှမညက် တညက်လေးထောင်းထားတဲ့
ပုဇွန်လှော်လေးနဲ့ မွှာထားတဲ့ရှောက်သီးဖတ်လေးတွေထည့် ခပ်ဖွဖွလေးနယ်ပေး လိုက်မယ်။ ဒါဆိုရင်တော့
စားလို့ကောင်းမှာသေချာတဲ့ ရှောက်သီးသုပ်လေးတစ်ပွဲရပါပြီ။ အရည်ဟင်းအတွက် ကတော့ သီးစုံပဲဟင်းအချိုလေးပဲချက်လိုက်မယ်။
သီးစုံပဲဟင်း
ကုလားပဲလေးကိုရေစင်စင်ဆေး၊
ဆားလေးနည်းနည်းထည့်ပြီး နူးအောင်ပြုတ်ထားလိုက်မယ်။ ပဲပြုတ် ထားတုန်းလေးမှာထည့်မယ့်
အသီးအနှံလေးတွေကို ရေစင်စင်ဆေးပြီးသင့်တော်သလို လှီးထား လိုက်မယ်။ ကျွန်တော်ကတော့ အာလူးရုံးပတီသီး
သြဘပ ခသမည ခရမ်းသီး ပဲသီးလေးတွေထည့်မယ်။ အာလူးကတော့ နူးဖို့ကြာတဲ့အတွက် ပဲလေးမကျက်တကျက်ဖြစ်လာပြီဆိုတာနဲ့
အရင်ထည့်လိုက်မယ်။ အာလူးနဲ့ပဲနူးတော့မှ ကျန်တဲ့ အသီးအနှံလေးတွေထည့်တာပေါ့။
ဒီဟင်းလေးကျတော့
အရသာအပေါ့အငန်အတွက် ကြက်သားမှုန့်လေးသုံးလို့ အဆင်ပြေတယ်။ အသီးအနှံ လေးတွေကို အရမ်းကြီးနူးတဲ့အထိမထားပဲ ကျက်ရုံလေးချက်တာက
ပိုစားလို့ကောင်းတယ်ဗျ။ ဒီတစ်ပတ် ကတော့ ငါးသလဲထိုးဆီပြန်လေးရယ်၊ ရှောက်သီးသုပ်လေးရယ်၊
သီးစုံပဲဟင်းချိုလေးရယ်နဲ့ ဆွေမျိုးတို့ အာဟာရလည်းဖြစ် စားလို့ကောင်းမှာအသေအချာပဲပေါ့။
နောက်တစ်ပတ်မှနောက် တစ်မျိုးချက်ဖို့ ပြန်ဆုံကျ တာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment