သီးသန့် Apps တစ်ခုဖြစ်တဲ့ Lockdown ဆိုတဲ့ Apps







တစ်ကိုယ်ရေအချက်အလက်တွေကို အလွယ်တကူအသုံးပြုသိမ်းဆည်းနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လာခဲ့တယ်…

စမတ်ဖုန်းတွေဟာအခုအချိန်အခါမှာ လူအများစုအတွက် တစ်ကိုယ်ရေအချက်အလက်တွေကို အလွယ် တကူ အသုံးပြုသိမ်းဆည်းနိုင်တဲ့ အသုံးအဆောင်ပစ္စည်းတစ်ခုဖြစ်လာခဲ့တယ်။ အထူးသဖြင့် စမတ်ဖုန်းနဲ့ ဓာတ်ပုံရိုက်မယ်၊message တွေပို့မယ်။ လူမှုကွန်ရက်တွေ Web စာမျက်နှာတွေအသုံးပြုမယ် အစရှိသဖြင့် ကိုယ်အသုံးပြုခဲ့သမျှအရာတွေအားလုံးကို တိတိကျကျမှတ်သားသိမ်းဆည်းပေးနိုင်တဲ့အတွက် လူမှုပတ်ဝန်း ကျင်မှာ မရှိမဖြစ်နေ့စဉ်အသုံးပြုလာကြတဲ့ နည်းပညာပစ္စည်းတစ်ခုအဖြစ် တဖြည်းဖြည်းရောက် ရှိလာခဲ့ပြီဖြစ်ပါတယ်။ 

ဒါကြောင့် စမတ်ဖုန်းထဲက ကိုယ့်ရဲ့တစ်ကိုယ်ရေအချက်အလက်တွေဟာ ကိုယ့်အတွက် အလွန် အရေးကြီး သလို ကိုယ်တစ်ယောက်တည်းသာအသုံးပြုနိုင်မယ့် သီးသန့်အချက်အလက်တွေဖြစ်နေဖို့ လိုလာခဲ့ပြီဖြစ်ပါ တယ်။ Android စမတ်ဖုန်းတွေအတွက် လုံခြုံရေးစနစ်ဟာ အခုအခါမှာ OS အဆင့်မြင့်လာတာနဲ့အမျှ တဖြည်းဖြည်းပိုကောင်းမွန်လာခဲ့ကြပါတယ်။ အထူးသဖြင့် စမတ်ဖုန်းထုတ်လုပ်သူတွေဟာ ကိုယ့်ရဲ့ဖုန်းကို ကိုယ်ကလွဲပြီး တခြားသူတွေအလွယ်တကူအသုံးမပြုနိုင်အောင် Lock ချထားနိုင်ဖို့အတွက် built-in အနေနဲ့ Pattern, PIN, Password စတဲ့ စနစ်တစ်ခုလုံးကိုကာကွယ်ထားနိုင်မယ့် လုံခြုံရေးစနစ်ကို ထည့်သွင်းပေး ထားပြီးဖြစ်ပါတယ်။

 ဒါပေမဲ့ ဒီစနစ်ဟာ ဖုန်း Screen Off ဖြစ်တာနဲ့ဖုန်းကို Lock ပြုလုပ်လိုက်ပြီး ပေးထားတဲ့ Pattern, PIN, Password အတိုင်းမှန်ကန်စွာပြန်လည်ထည့်သွင်းနိုင်မှ ဖုန်းကိုဆက်လက်အသုံးပြုနိုင်မှာဖြစ်ပါတယ်။ နေ့စဉ်ဖုန်းအသုံးပြုမှုများပြားတဲ့သူတွေဆိုရင် ဒီလိုအမြဲတမ်းပြန်လည်ထည့်သွင်းနေရာတာဟာ ဖုန်းအတွက်လုံခြုံပေမယ့် ငြီးငွေ့စရာတစ်ခုသဖွယ်ဖြစ်လာပါလိမ့်မယ်။ ဒီအခါမှာ ဖုန်းတစ်ခုလုံးကို Lock ပြုလုပ်စရာမလိုဘဲ ထည့်သွင်းထားတဲ့ Apps တွေအကုန်လုံးကို တစ်ခုချင်းစီလိုအပ်သလို Lock ပြုလုပ်နိုင်ခဲ့ရင် အလုပ်ရှုပ်သက်သာကာ ပိုပြီးအဆင်ပြေစေမှာဖြစ်ပါတယ်။

 ဒီလိုပြုလုပ်နိုင်ဖို့အတွက် သီးသန့် Apps တစ်ခုဖြစ်တဲ့ Lockdown ဆိုတဲ့ Apps ကိုအသုံးပြုနိုင်ပါတယ်။ ဒီ Apps ဟာဖုန်းထဲမှာရှိသမျှ Apps တွေအကုန်လုံးကို တစ်ခုချင်းစီ Lock ပြုလုပ်နိုင်ပြီး ထူးခြားချက်အနေနဲ့ Password ပေးတဲ့နေရာမှာ ပိုမိုရှုပ်ထွေးခက်ခဲတဲ့ calculator type အနေနဲ့ပေးထားနိုင်စေမှာဖြစ်ပါတယ်။ ဒါ့အပြင် Smart Lock လို့ခေါ်တဲ့တည်နေရာ၊ အသုံးပြုတဲ့ Wifi Spot ချိတ်ဆက်လေ့ရှိတဲ့ Bluetooth Device တွေနဲ့လည်း ကြိုတင်သတ်မှတ်ထားကာ အလိုအလျောက် unlock ပြုလုပ်နိုင်မှာဖြစ်ပါတယ်။
Lockdown Pro ကိုအသုံးပြူဖို့ဖွင့်လိုက်တာနဲ့ Password မေ့သွားတဲ့အခါ ပြန်လည်ရယူနိုင်မယ့် email တစ်ခုပေးထားရမှာဖြစ်ပါတယ်။ ပြီးတာနဲ့ Lockdown App ကိုစပြီးအသုံးပြုနိုင်ပါပြီ။ Apps ရဲ့ အပေါ် ဘက်ပိုင်းမှာတော့ Basic Apps တွေကိုပုံမှန်အားဖြင့်တွေ့မြင်ရမှာဖြစ်ပြီး ကျန်တဲ့ Apps တွေကိုတော့ အောက်ဘက်က Normal Apps ရဲ့ အောက်မှာတွေ့မြင်ရမှာဖြစ်ပါတယ်။

Apps တစ်ခုချင်းစီရဲ့ဘေးနားမှာရှိတဲ့ button လေးကိုနှိပ်ပြီးရွှေ့ကာ Lock လုပ်ချင်တဲ့ Apps ကိုရွေး ချယ်ပေးနိုင်ပါတယ်။ Lock ပြုလုပ်ထားတဲ့အချိန်မှာ Lock ပြုလုပ်ထားမှန်းမသိသာစေချင်ရင် Fake cover ဆိုတဲ့လုပ်ဆောင်ချက်နဲ့ ဖုံးအုပ်ထားနိုင်ပါတယ်။ Lockdown Pro ရဲ့ ဘယ်ဘက်အပေါ်ထောင့်နားက menu button လေးကိုနှိပ်လိုက်ပါ။ ပေါ်လာတဲ့ mrnu ကနေတစ်ဆင့် ပေါ်လာတဲ့နေရာမှာ fake Cover ကို ၀င်ရောက်ပြီးဖွင့်ထားပေးပါ။ ပြီးရင် ကိုယ် Lock ပြုလုပ်လိုက်တဲ့ Apps ရဲ့ on/off button လေးကို ခဏလေးဖိထားလိုက်ပါ။ ဒါဆိုရင် Apps ရဲ့ဘေးမှာ Fake ရဲ့ဘေးမှာ Fake ဆိုတဲ့စာတန်းလေးပေါ် လာမှာဖြစ်ပါတယ်။

ပြီးရင် Private  Gallery ဆိုတဲ့နေရာမှာကိုယ့်ဖုန်းထဲကရှိတဲ့ပုံတွေကို ပုံမှန် Apps တွေ၊ File Manager တွေကနေမမြင်အောင် hide ပြုလုပ်ထားနိုင်ဖို့သတ်မှတ်ပေးထားနိုင်ပါတယ်။ ဒီလို hide ပြုလုပ် လိုက်တဲ့ အခါ lockdowm pro ကို အသုံးမပြုချင်တော့လို့ ပြန်ပြီးထုတ်ပစ်ချင်တဲ့အခါ မထုတ်ပစ်ခင် un-hide ပြန်လုပ်ထားမှပုံတွေကိုပြန်မြင်ရမှာဖြစ်ပါတယ်။ အဲဒီအောက်နားမှာရှိတဲ့ smart lock ကတော့ ကိုယ်နဲ့ချိတ်ဆက်အသုံးပြုနေကျ Bluetooth device, Wifi Spot, Location တစ်ခုခုရောက်တာနဲ့ Lock ပြုလုပ်ထားသမျှတွေ အလိုအလျောက်ပွင့်သွားအောင် ကြိုတင်သတ်မှတ်ထားနိုင်မှာဖြစ်ပါတယ်။
အောက်ဘက်မှာရှိတဲ့ Password ဆိုတဲ့ menu ထဲမှာတော့ ကိုယ်အသုံးပြုချင်တဲ့ Password ကိုပြန်လည်ရွေးချယ်ပြောင်းလဲနိုင်မှာဖြစ်ပါတယ်။ အသစ်ပါဝင်လာတဲ့ Calculator Mode ကို ရွေးချယ်ပြီးကိုယ်တစ်ခါမှအသုံးမပြုဘူးသေးတဲ့ Password Pattern အသစ်တစ်ခုကိုဖန်တီးအသုံးပြုနိုင်ပါတယ်။
မင်းသုနောင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment