အရင်ဆုံးစီးခဲ့တဲ့ကားက Q/2025 S.E ဆလွန်းကားလေးပေါ့…လူမင်း
ဘ၀ရဲ့ ပထမဆုံးအမှတ်တရပဲ။ ဒီကားလေးကို လနဲ့ချီပြီးစီးခဲ့တယ်…
လူတစ်ယောက်ရဲ့ဘ၀အတွက် လိုအပ်ချက်တွေကို ရွေးချယ်ပြပါဆိုရင် တစ်နေရာက တစ်နေရာသွား လာကြတဲ့အခါ အချိန်ကုန်လူသက်သာ၊ လွယ်ကူမြန်ဆန်စွာ ခရီးရောက်ဖို့ရာ ကားဆိုတာကို အသုံးပြုကြပါ တယ်။ ကားဆိုတာ ဘ၀မှာမရှိမဖြစ်ပါလို့ပြောရမယ့် လူတန်းစားတွေကို ကြည့်မယ်ဆိုရင် အနုပညာအလုပ်တွေ နဲ့အပြေးအလွှားလှုပ်ရှားနေရတဲ့ အနုပညာရှင်တွေအတွက် ကိုယ်ပိုင်ကားလေးတော့ ရှိဖို့လိုအပ်တာကြောင့် ကားဆိုတာ ဘ၀မှာဘယ်လောက်အထိအရေးပါလဲ ဆိုတာရယ်၊ ကားနဲ့ပတ်သတ်သမျှ အမှတ်တရကအစ ဖွင်ဟပြောပြလာတဲ့….. အကယ်ဒမီလူမင်း…
ကားနဲ့အစပထမ
အရင်ဆုံးစီးခဲ့တဲ့ကားက Q/2025 S.E ဆလွန်းကားလေးပေါ့… ဘ၀ရဲ့ ပထမဆုံးအမှတ်တရပဲ။ ဒီကားလေး ကို လနဲ့ချီပြီးစီးခဲ့တယ်။ ကျွန်တော့်ဘ၀မှာ ဘာနဲ့မှလဲမရတဲ့ကားပါ။ ကားမောင်းသင်တာမျိုးမဟုတ် ဘဲ မောင်းရင်းနဲ့အတွေ့အကြုံရသွားတာမျိုးပါ။ လမ်းပေါ်မှာရတဲ့ အတွေ့အကြုံပေါ့။
ကားစမောင်းတဲ့ အမှတ်တရ
တော်တော်ထူးဆန်းပါတယ်။ ကျွန်တော်ငယ်ငယ်တုန်းကပေါ့။ အိမ်မှာလည်း ကိုယ်ပိုင်ကားကမ၀ယ်ရ သေးခင် အဖေ့ဆီကိုလာလည်တဲ့ မိတ်ဆွေတွေက မာစတာဂျစ်ကားနဲ့လာလည်ကြတယ်။ သူတို့ကတော့ မကြာမကြာလာလည်ကြတာပါ။ အိမ်ကလည်း တောင်ကုန်းအတက်လေးမှာ ကားကိုရပ်ထားခဲ့ပြီး အိမ်ထဲမှာ စကားပြောနေတုန်း ကျွန်တော်ကခိုးမောင်းတာ။ ကုန်းဆင်းလေးကို ဂီယာဖြုတ်ပြီးသွားရင်း အပြင်ရောက်တော့မှ စက်နှိုးပြီးမောင်းတာပါ။ အိမ်ကဧည့်သည်တွေကတော့ ပြောပါတယ်။ ကျွန်တော် လာတုန်းက ကားကိုခေါင်း ဒီ ဘက်လှည့်ထားတာပါ။ အခုဘာဖြစ်လို့ ဟိုဘက်လှည့်နေ တာလဲပေါ့။ အဖေကလည်း ဟုတ်ရဲ့လားဗျာ သေချာ စဉ်းစားပါဦးဆိုတော့ သူလည်းဇဝေဇ၀ါဖြစ်သွားတယ်။ တကယ်တော့ ကျွန်တော်ကခိုးမောင်းလိုက်လို့ ခေါင်းက ဟိုဘက်လှည့်သွားတာ။
မှတ်မှတ်ရရ မတော်တဆ
ကားမောင်းရင်း မတော်တဆဖြစ်တာမျိုးကတော့ ကြီးကြီးမားမားမရှိပါဘူး။ ရန်ကုန်မြို့ပေါ်မှာ စမောင်း ခါစတုန်းကတော့ ယာဉ်ကြောနားမလည်တာ၊ အယူအဆလေးတွေမှားနေတာလောက်ပဲ အခက်အခဲဖြစ် တယ်။ ပြီးတော့ မှတ်မှတ်ရရပဲ ကိုယ်ကမှားတာမဟုတ်ဘဲ ဆယ်မိုင်ကုန်းမှာ နောက်ကားက၀င်ဆောင့် ဖူးတာ ဒီလောက် ပါပဲ။
အားလုံးထဲက အကြိုက်ဆုံး
ဘ၀မှာဘာနဲ့မှလဲမရတဲ့ကားလေးကတော့ ရှိခဲ့တာပေါ့။ ဒါပေမယ့် ကားဆိုတာ သူ့ထက်ကောင်းတဲ့ မော်ဒယ်တွေ၊ ဒီဇိုင်းတွေပေါ်လာတော့ လိုက်စီးရတာပဲ။ ကားကိုကြိုက်တယ်၊ လှတယ်ဆိုပြီး ပြတိုက်ထဲ သိမ်း ထားလို့လဲရတာ မရဘူး။ အပြောင်းအလဲလုပ်ပြီးစီးခဲ့တဲ့ ကားတွေကတော့ အများကြီးပဲ။ အဲဒီ့ထဲမှာ အကြိုက် ဆုံးကားကိုရွေးပါဆိုရင်တော့ အနက်ရောင် Land Cruiser (၂ခ/၉၉၁၁) ပဲ။ အရောင်ထဲမှာ အနက်ရောက်ကို ကြိုက်တယ်။ ဘယ်လိုကားမျိုးကြိုက်လဲဆိုရင် ကိုယ်တတ်နိုင်တဲ့ အနေအထားကိုပဲ ကြိုက်တယ်။ သူများမကြိုက် လည်း ကိုယ်ကြိုက်တဲ့ကားတွေရှိတယ်။ ကားတွေကိုလည်း စီးတတ်တာမျိုးလေးတွေတော့ ရှိတယ်။
ကိုယ်ပိုင်ကားနဲ့လေ့လာမှု
ကားကို Crazy ဖြစ်တယ်ဆိုပေမယ့် ကားအကြောင်းကို အမြဲလေ့လာနေတဲ့အထဲမှာတော့ မပါဘူး။ ကိုယ်တိုင်မောင်းနေတဲ့ ကိုယ်ပိုင်ကားတွေရဲ့အားနည်းချက်၊ အားသာချက်လေးတွေကိုတော့ နည်းနည်းပါးပါးသိ တယ်။ ဆီပျောက်မီးပျောက် နည်းနည်းကြည့်တတ်တယ်။ ကားနဲ့ပတ်သတ်ပြီး သိသင့်တာလေးတွေတော့ နည်း နည်း လေ့လာပါတယ်။
ကိုယ်တိုင်မောင်းနှင်ခရီးစဉ်
ကိုယ်တိုင်မောင်းရတာကို ပိုကြိုက်တယ်။ ရှမ်းပြည်တောင်ပိုင်း အောင်ပန်းသွားတဲ့အချိန်မျိုးဆိုရင် ကိုယ် တိုင်မောင်းခဲ့ဖူးတယ်။ ဒရိုင်ဘာကို ဘေးမှာထိုင်ခိုင်းထားတာပါ။ ကားမောင်းရင်း ကိုယ်လုပ်ရမယ့်ကိစ္စလေး တွေ စဉ်းစားတာကလွဲရင် သီချင်းနားထောင်တယ်။ တရားတော့ မနာဖြစ်ဘူး။ ကားမောင်းရင်း ဘေးကနေ စကားပြောတာမျိုးကလည်း ဖြစ်တတ်ပါတယ်။ ကားကိုအန္တရာယ်မဖြစ်လောက်အောင် မောင်းနှင်တာမျိုးကိုပဲ ကြိုက်တယ်။
စိတ်ကြိုက်အပြင်အဆင်
အရောင်ဆိုရင်တော့ အနက်ရောင်ပေါ့။ ကားထဲမှာ Audio ဆင်တာကလွဲရင် ရှုတ်ရှုတ်ယှက်ယှက်တွေ ထားတာ၊ အရုပ်တွေထည့်တာ မကြိုက်ဘူး။ ရှင်းရှင်လေးပဲ ကြိုက်တယ်။ ပြီးတော့ ကားရဲ့အင်ဂျင်ကို အဓိက ထားတယ်။
ဘ၀လမ်းပေါ်က ဒရိုင်ဘာ
တကယ်တော့ ကိုယ်ကဘ၀ကို မောင်းနှင်နေတာလား၊ ဘ၀က ကိုယ့်ကိုမောင်းနှင်နေတာလား၊ ကိုယ် လုပ်ချင်တဲ့အလုပ်တွေ၊ အနုပညာတွေက ကိုယ့်ကိုပြန်ပြီးမောင်းနှင်နေတာ။ အဲဒီ့အပေါ်မှာ မတိမ်းစောင်းရ အောင် အန္တရာယ်မဖြစ်အောင် ကိုယ်တိုင်သတိနဲ့မောင်းနှင်နေကြတာပါ။
အဉ္စလီ
-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment