မီနီဗန်ကားဘယ်လိုဝယ်ကြမလဲ





ကားတစ်စီးဝယ်ယူတော့မယ်ဆိုရင် လူတွေက ဘယ်လိုအချက်တွေကို အခြေခံစဉ်းစားပြီးဝယ်ယူကြပါ သလဲ။ များသောအားဖြင့်တော့ ကိုယ့်အကြိုက်ဆုံးကားဆိုတဲ့ခေါင်းစဉ်အောက်မှာထက် စီးပွားရေးအရ၊ အထူး သဖြင့် ကိုယ့်လက်ထဲမှာရှိတဲ့ ငွေကြေးပမာဏအပေါ်မှာမူတည်ပြီး စဉ်းစားကြမှာမလွဲပါဘူး။ တကယ်လို့ ကိုယ်က သားတွေ၊ သမီးတွေလည်းရှိနေမယ်။ ငွေကြေးကလည်း အတိုင်းအတာတစ်ခုပဲ ရှိနေမယ်ဆိုရင် အသင့်တော် ဆုံးဖြစ်မယ့် ကားတစ်မျိုးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒီကားကတော့ မီနီဗန်၊ Minivans ကားတွေပဲဖြစ်ပါတယ်။

နာမည်ကျော်ကားကုမ္ပဏီကြီးတွေကထုတ်တဲ့ ဇိမ်ခံကားတွေလိုမဟုတ်ပေမယ့် မီနီဗန်တွေက သက် သောင့် သက်သာရှိတဲ့ ကားအမျိုးအစားထဲမှာပါဝင်သလို မိသားစုဝင်အတော်များများစီးနင်းလို့ရလောက် အောင် လည်း ကျယ်ဝန်းပါတယ်။ ဒါ့အပြင် ခရီးသည် အပြင်ဝန်ထုတ်ဝန်ပိုးတွေလည်း သာမန်ကားတွေ ထက်ပိုပြီး တင်ဆောင်နိုင်စွမ်းရှိလောက်အောင် ကျယ်ဝန်းတယ်လို့ဆိုရမှာပါ။ ကားဆိုတာ ရင်နှီးမြုပ်နှံမှုတစ်ခုဖြစ် တာကြောင့် မီနီဗန်ဝယ်လိုက်ရင် စိတ်အနှောင့်အယှက်ဖြစ်စရာတွေနဲ့ အတော်လေးဝေးဝေး မှာနေနိုင် မှာလည်း အမှန်ပါပဲ။ ကားတစ်စီးဝယ်ယူဖို့ ဘယ်လိုပြင်ဆင်သင့်တယ်ဆိုတဲ့အကြောင်း အကြံပြုပါရစေ…

ငွေကြေးအရပြင်ဆင်ပါ
ကိုယ်ဝယ်ယူနိုင်လောက်တဲ့ ပမာဏကိုပဲ မျှော်လင့်သင့်ပါတယ်။ ဘာကြောင့်လဲဆိုရင်တော့ အချို့မီနီ ဗန်ကားတွေက သာမန်ကားတွေထက် ဈေးကြီးနေတာမျိုးတွေလည်း ရှိနေတတ်တာကြောင့်ပဲဖြစ်ပါတယ်။ ဒါကြောင့် ၀ယ်ယူပြီးတဲ့အခါ ရှိလာနိုင်ဦးမယ့် ကုန်ကျစရိတ်တွေကိုပါထည့်တွက်ပြီး ဘယ်လို ကားမျိုးကိုဝယ်ယူ သင့်တယ်ဆိုတာ ချိန်ဆတတ်ဖို့ မဖြစ်မနေလိုအပ်မှာ အသေအချာပါ။ နောက်တစ်ချက် လုပ်ဖို့လိုအပ်တာ ကတော့ ဘဏ်တစ်ခုခု၊ ဒါမှမဟုတ် ငွေကြေးဆိုင်ရာအဖွဲ့အစည်းတစ်ခုခုဆီက အကြိုထောက်ခံချက်ရယူနိုင်ဖို့ ပါပဲ။ ဒီလိုလုပ်မှလည်း ကိုယ့်ငွေနဲ့ဝယ်မယ့်ကားကို အကောင်းဆုံးချိန်ဆနိုင်မှာဖြစ်ပါတယ်။

ကိုယ့်အကြိုက်က ဘာလဲသိအောင်လုပ်ပါ
ဒုတိယအရေးကြီး အချက်တစ်ခုကတော့ ကိုယ်က ဘယ်လိုဗန်အမျိုးအစားမျိုးကို ကြိုက်လဲဆိုတာ အသေ အချာသိနေအောင် ကိုယ့်ကိုယ်ကိုယ်ပြန်မေးဖို့ပဲဖြစ်ပါတယ်။ မီနီဗန်ဆိုတာ နာမည်ကသာတစ်လုံးတည်း ရှိတာဆိုပေမယ့် ရွေးချယ်စရာ၊ ထိုင်ခုံအရေအတွက်အမျိုးမျိုးနဲ့ ရနိုင်တာကြောင့် ကိုယ့်အကြိုက်၊ ကိုယ်ရည် ရွယ် ထားတဲ့ ဈေးနှုန်းစတာတွေနဲ့ အံချော်သွားနိုင်တာကြောင့်ပဲဖြစ်ပါတယ်။ မီနီဗန်အများစုက လူ(၇)ယောက်လိုက် ပါ စီးနင်းနိုင်ပြီး အချို့ကားတွေက (၄) ယောက်၊ (၅)ယောက်စာအတွက် ရည်ရွယ် ထုတ်လုပ်ထားတာဖြစ်လို့ မီနီဗန်ဝယ်ဖို့ စဉ်းစားတဲ့အခါ ဒီအချက်ကိုထည့်သွင်းစဉ်းစားထားသင့်တာပါ။

Make နဲ့ မော်ဒယ်ရွေးချယ်ပါ
ကားမ၀ယ်ယူခင် နောက်ထပ် လုပ်သင့်တဲ့အချက်တစ်ခုကတော့ ကိုယ်က ဘာ Make ကိုလိုချင်တာ လဲ။ အီတလီ Make လား၊ အင်္ဂလန် Make လား စတဲ့အချက်ကို သေချာတွေးတောဖို့ပါပဲ။ ဒါကြောင့် ၀ယ်ယူဖို့ ဆုံးဖြတ်ချက်မချခင် ကားနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေရေးသားထားတဲ့ စာအုပ်၊ စာတမ်းတွေကို ကြိုတင် ဖတ်ရှုထားသင့်ပါတယ်။ မီနီဗန်ဆိုတာကလည်း အမှတ်တံဆိပ်မျိုးစုံနဲ့ ရနိုင်တဲ့အမျိုးအစားဖြစ်တာကြောင့် ဘယ်ကုမ္ပဏီက ထုတ်တာကောင်းသလဲ။ ဘယ်မော်ဒယ်ရဲ့ လုပ်ဆောင်ချက်တွေက စီးနင်းသူကို ပိုပြီးအဆင် ပြေစေလဲ စတဲ့အားသာချက်၊ အားနည်းချက်တွေကို မဖြစ်မနေ ကြိုတင်လေ့လာထားဖို့ ဘယ်တော့မှ မေ့မနေ သင့်ပါဘူး။

စမ်းသပ်မောင်းနှင်ပါ
ကိုယ်ကလည်းအမှန်တကယ် ကြိုက်နှစ်သက်တယ်။ ကားအကြောင်းတတ်သိနားလည်တယ်ဆိုသူတွေ ကတော့ ၀ယ်ယူဖို့အကြံပေးတယ်ဆိုပေမယ့် သေချာအောင်လုပ်ကြည့်သင့်တဲ့အချက် တစ်ချက်ရှိနေပါသေး တယ်။ အဲဒါကတော့ ကိုယ်စိတ်တိုင်းကျရွေးချယ်ထားတဲ့ကားကို မောင်းနှင်မကြည့်ဘဲ ဘယ်တော့မှ အလျင် စလို မ၀ယ်ယူမိဖို့ပါပဲ။ ကားတစ်စီးကို ၀ယ်ယူတော့မယ်ဆိုရင် မဖြစ်မနေကိုယ်တိုင်မောင်းနှင်ကြည့်ပါ။ မောင်းနှင်ချိန် မှာ ကိုယ့်ကားက ဘယ်လိုအသံမျိုးတွေထွက်နေသလဲ။ မောင်းနှင်ရတာ အဆင်ပြေချောမွေ့ မှုရှိရဲ့လား။ အင်ဂျင်အနေအထား ဘယ်လိုရှိနေမလဲစတာတွေကို အသေအချာစစ်ဆေးသင့်ပါတယ်။ အထက်ကအချက် အလက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ အဲဒီကားကိုဝယ်ယူဖို့ ဘာမှငြင်းချက်ထုတ် နေစရာမလိုတော့ဘူးလို့ဆိုရ တော့မှာ အသေအချာပါပဲ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape





Share on Google Plus

0 comments:

Post a Comment