Sexy ကျမှ ဖက်ရှင်လို့မတွေးစေချင်ဘူး… မိုးယသော်










လတ်တလောအနုပညာလှုပ်ရှားမှု
ဓာတ်ပုံရိုက်တယ်။ Cover ရိုက်တယ်။ ရုပ်ရှင်တွေရိုက်စရာရှိတာရိုက်တယ်။ Miss ပြိုင်ပွဲအတွက် လေ့ကျင့်နေတယ်။ ညီမက Miss Tourism Queen International ကိုသွားပြိုင်ခဲ့တာပါ။ သူတို့က   Organ -ization ကတစ်ခုတည်းပဲ။ လုပ်တဲ့နေရာနဲ့ လုပ်တဲ့ပုံစံချင်း နည်းနည်းလေးပဲကွာတာ။ Tourism အတွက်ပဲ အကုန်လုံးက လုပ်ကြတာ။ ညီမက မလေးရှား မှာသွားပြိုင်ခဲ့တယ်။

ဘာတွေပြင်ဆင်သွားခဲ့သလဲ
          Title က Tourism ဖြစ်တဲ့အတွက် ကိုယ့်နိုင်ငံကို အဓိကမြန်မာကို ကမ္ဘာသိစေချင်တဲ့ အတွက် နိုင်ငံမှာရှိတဲ့သမိုင်းဝင်တဲ့မြို့တွေ ပုဂံ၊ အင်းလေး၊ မန္တလေး အဓိကညီမ ဒီသုံးခုကို မိတ်ဆက်ပေးခဲ့တာ။ ညီမ ကိုယ်တိုင်သွားလေ့လာခဲ့တယ်။ သမိုင်းကြောင်းကိုရှာဖတ်တယ်။ ဒါက Miss Tourism Title အတွက် ညီမလုပ်ခဲ့တာ။ Sports အနေနဲ့ကတော့ ဒီနိုင်ငံမှာ Golf  ရိုက်တဲ့ကောင်မလေးတွေမရှိကြဘူးလေ။ Miss တွေထဲမှာ နိုင်ငံတကာမှာပြောတာပါ။ ညီမက ရိုက်တာပြခဲ့တယ်။ Talent အနေနဲ့ကျတော့ ဦးရွှေရိုးအကကို ယောက်ျားလေးပုံစံနဲ့ကပြခဲ့တယ်။ National Costume အတွက်ကျတော့ မြနန်းစံကျော်ရွှေနန်းတော် ကို ကိုယ်စားပြု National Costume ကြီးကိုလုပ်ထားခဲ့တယ်။ Charity လေလံတင်ဖို့အတွက်ကျတော့ ဒေါ်အောင် ဆန်းစုကြည်ပန်းချီကားကြီးယူသွားခဲ့တယ်။ 

ပုဂံ၊ အင်းလေး၊ မန္တလေး ရွေးချယ်ဖြစ်ပုံက…
မြန်မာနိုင်ငံရဲ့အဓိကကျတဲ့ နေရာတွေပေါ့နော်။ ပုဂံကျတော့ ဗုဒ္ဓဘာသာဘုရားတွေအများဆုံးရှိ တယ်။ မန္တလေးကျတော့ မင်းတွေနေခဲ့တဲ့မြို့၊ အင်းလေးကျတော့ Tourist attraction ရှိတဲ့မြို့လေး ရေပေါ် မှာ ဆန်းဆန်းလေးဖြစ်နေတာမို့လို့။ 

ဘယ်လို မတူညီတဲ့ရှုထောင့်ကနေ တင်ဆက်သွားမလဲ။
ညီမကျတော့ တကယ်သွားလည်ခဲ့ပြီး လူငယ်ပုံစံပေါ့ပေါ့ပါးပါး လည်လို့ရတဲ့အရာလေးတွေပြောပြခဲ့တယ်။ 

အနုပညာဘ၀အစ
၂၀၁၂ မှာမော်ဒယ်လောကထဲစ၀င်တာ။ အရင်ဆုံးမော်ဒယ် သင်တန်းတက်ဖြစ်သွားတယ်။ ကိုဂျွန် လွင် ဆီမှာ သင်တန်းတက် ဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း မော်ဒယ်လုပ်ဖြစ်ခဲ့တာပေါ့။ 

ပရဟိတအနေနဲ့ဆိုရင်
ဒီ Miss မပြိုင်ခင်ကတည်းက မေတ္တာပန်းခင်းပရဟိတအဖွဲ့လေး ဖွဲ့ထားပါတယ်။ လူကြီးလူငယ် မရွေး စုပြီး ရေဆေးဆိုးရေဆေးအလျှောက်တတ်နိုင်တာ အားလုံးကိုယ်တိုင်လုပ်ပါတယ်။ ငွေအားဖြစ်စေ၊ လူအားဖြစ် စေ၊ အရင်တည်းကညီမက အရမ်းသနားတတ်တယ်။ အဲဒါကြောင့်မို့ အလှူအတန်းဆိုရှေ့ ဆုံးကပါနေချင်တာ။ 

Miss တစ်ယောက်အနေနဲ့ ကိုယ့်ကိုယ်ကိုယ်သုံးသပ်ပြရရင်
ညီမ Body ပိုင်းတော့နည်းနည်း အားနည်းနေတယ်။ ညီမ Gym ကတော့ ပုံမှန်ဆော့ပါတယ်။  ဒါပေမဲ့ အစားမလျော့နိုင်ဘူး။ ဆော့လေပိုစားချင်လေပဲ။ Fashion ပိုင်းကျတော့ Update ဖြစ်အောင်ကြိုး စားတယ်ပေါ့။ 

အသားအရေဘယ်လို ထိန်းသိမ်းဖြစ်လဲ။
အဓိကနေပူထဲမထွက်ဘူး။ Lotion ပုံမှန်လိမ်းတယ်။ Spa ပုံမှန်သွားတယ်။ အသားအရေလှပဖို့ အသီးများများစားပေးတယ်။ မိန်းကလေးတစ်ယောက်ကို ကြည့်လိုက်တာနဲ့ Beauty ကိုပဲကြည့်ကြတာလေ။ ဒီအတိုင်းနေနေရင် ဘယ်လိုမှအဆင်မပြေပါဘူး။ အဲဒါကြောင့် Beauty က တော်တော်အရေးကြီးပါတယ်။ 

 အနုပညာလျှောက်လမ်းက အတွေ့အကြုံ
ပြည်ပပွဲဆို ဒါပထမဆုံးပဲ။ ပြည်တွင်းပွဲဆို Style Plus H  က လုပ်တဲ့ ရေဘေးရန်ပုံငွေပွဲဝင်ပြိုင် ဖြစ်ရင်း နဲ့ ဒီ Miss Tourism Title Crown ကို ရထားတာရှင့်။ ပြည်တွင်းပွဲမှာတော့ မိသားစုက ၀ိုင်းကူ ညီနေတယ်။ ဘာမှ အခက်အခဲမရှိဘူးရှင့်။ ပြည်ပပွဲမှာတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားခဲ့ပါ တယ်ရှင့်။ 

Fashion ပိုင်းမှာဆိုရင်…
ညီမက Elegant ဖြစ်တာလေးတွေကိုပို ကြိုက်တယ်။ Sexy အရမ်ကျတာမျိုးမဟုတ်ဘူး။ Cute ဖြစ်တာမျိုးလည်းမဟုတ်ပဲ ညီမနဲ့လိုက်မယ့် Elegant ဖြစ်တာမျိုးပဲရွေးချယ်ဖြစ်တာပါရှင့်။ ဖက်ရှင်ကတော့ အရေးကြီးတဲ့ကဏ္ဍတစ်ခုပါ။ Sexy ကျမှ ဖက်ရှင်လို့မတွေးစေချင်ပါဘူး။ အခုနောက်ပိုင်းမိန်းကလေး အများစု က Sexy ကျမှ ဖက်ရှင်လို့တွေးတတ်ကြတယ်။  တကယ်တော့ဖက်ရှင်က သူ့ဘာသာသူ လုံလုံခြုံခြုံလေး နဲ့လည်း လုပ်လို့ရတယ်လို့ပြောချင်ပါတယ်။ 

2 Piece ၀တ်ရတဲ့အပေါ် ခံစားချက်က
2 Piece ၀တ်ရတဲ့အပေါ် မသက်မသာတော့မဖြစ်ပါဘူး။ ဒီမှာကလည်း ပြိုင်ပွဲဝင်ဖို့ဓာတ်ပုံပို့ပေးရတဲ့ အတွက် ပထမဆုံးပေမယ့် အရမ်းတော့စိတ်မပူပါဘူး။ 

ဝေဖန်မှုတွေကြုံလာတဲ့အပေါ်မှာ
ဝေဖန်တာတွေက ခဏခဏ ကြုံဖူးကြပါတယ်။ ဝေဖန်တယ်ဆို ကတည်းက ဒါစိတ်ဝင်စားခံရလို့ လေ။ ကိုယ့်ကိုကောင်းတာဖြစ်စေ၊ မကောင်းတာဖြစ်စေ၊ ဘယ်လိုပဲ ဝေဖန်၊ ဝေဖန်၊ ညီမက သဘော ကျတယ်။ ဘာလို့ လည်းဆိုတော့ သူတို့မဝေဖန်တော့ဘူးဆို ဒါကိုယ့်ကိုယ် စိတ်မ၀င်စားတော့လို့လေ။ ညီမ က ဝေဖန်တာကို အရမ်းသဘောကျတယ်။ ကိုယ့်ကိုကောင်းစေချင်လို့ပြောရင် ကိုယ်ပြင်လိုက်လို့ရတယ်။ တိုက်ခိုက်တာ ဆိုရင် တော့ မနာလိုတာပေါ့နော်။ ဒါကိုအောင်မြင်နေတယ်လို့ ယူဆလို့ရတာပေါ့။ 

Facebook
Facebook ဆိုတာ လူငယ်တွေအတွက်ရော၊ လူကြီးတွေအတွက်ရော၊ Information မြန်မြန်ရ တယ်ပေါ့။ ညီမဆို Facebook  မရှိရင်မနေတတ်တော့ဘူး။ အခုနောက်ပိုင်း Facebook ထက်  Inatagram ကိုပိုပြီးသုံးဖြစ်တယ်။ Comment ရိုင်းရိုင်းတွေပေးလို့ရနေတာမျိုးမဟုတ်ဘဲနဲ့ စကားတွေလည်း လာပြော လို့ရတော့ စိတ်ချမ်းသာတယ်။ အာရုံသိပ်မနောက်ဘူးလို့ ခံစားရတယ်။ 

ဆက်ဆံရေးတစ်ခုမှာအရေးကြီးဆုံးက …
ညီမက လူတစ်ယောက်ကို ဆက်ဆံပြီဆို ပွင့်ပွင့်လင်းလင်းပြောရတာ ပိုကြိုက်တယ်။ အရမ်းကြီးပွင့် လင်းတာကျတော့ သူများတွေကကိုယ့်အားနည်းချက်တွေ ဘာတွေလည်းမြင်တတ်တယ်ဆိုတော့ အားလုံးနဲ့ လိုက်လျောညီထွေစွာ ဆက်ဆံလိုက်ပါတယ်။ စကားအပြောအဆိုတော့ ဆင်ခြင်ပါတယ်။

Car
စည်းကမ်းမရှိတာကတော့ ဘတ်စ်ကားရော၊ Taxi ရော။ အဓိက ကတော့ အကုန်လုံး အလု အယက်နဲ့ စည်းကမ်းပိုင်း ပျက်စီးနေတယ်လို့ထင်တယ်။ ခုနောက်ပိုင်းတော့သိသွားပြီ။ တစ်နေရာကနေ တစ်နေရာ သွားမယ်ဆိုရင် ညီမစိတ်အနှောင့်အယှက်မဖြစ်အောင် ကြိုထွက်လိုက်တယ်။ 

Phone
အခုသုံးနေတာက iphone ပေါ့။ ဖုန်းနံပါတ်နဲ့ပတ်သက်ပြီး အမှတ်တရဆိုရင် ညီမဖုန်းကိုအရမ်း တန်ဖိုးထားတယ်။ ဘာမှမပါရင်ရတယ်။ ဖုန်းတစ်လုံးမပါရင်မရဘူး။ ညအိပ်ရင်တောင်ခေါင်းအုံးဘေးမှာထား အိပ်တာ။ ညီမအရမ်းတန်ဖိုးထားတဲ့ လူတစ်ယောက်ကို ညီမတန်ဖိုးထားတဲ့ဖုန်းလေးတစ်လုံး လက်ဆောင် ပေးဖူးတယ်။ 

စကားလက်ဆောင်
ပရိသတ်ကြီးဝေဖန်ပေးကြပါ။ ဘယ်ဟာမှန်တယ်၊ ဘယ်ဟာမှားတယ်ဆိုတာ ပြင်ဆင်လို့ရမှာပါ။ အား လည်းပေးကြပါဦးလို့၊ ပရိသတ်ကြီးရဲ့ အင်အားတွေအများကြီးလိုတယ်။ 
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment