အနုပညာကို ပညာရပ်တစ်ခုလိုသဘောထားတယ်……….. မိုမိုကို







Celebrity ဖြစ်လာတဲ့အခါ ပြောင်းလဲသွားသောစိတ် …
အရင်တုန်းကတော့ လူအရမ်းကြောက်တယ်။ အပြင်လူတွေနဲ့တွေ့တယ်ဆိုတော့ ရယ်ပြပေမယ့် ပြောဆိုဆက်ဆံရာမှာ သိပ်ပြီးအဆင်မပြေခဲ့ဘူး။ မော်ဒယ်လုပ်ပြီးနောက်ပိုင်းမှာတော့ ပိုပြီးတော့ သွက် သွက် လက်လက်ရှိလာတယ်။ လူတွေနဲ့ ပြောဆိုဆက်ဆံတတ်လာတယ်။ ကိုယ်က အိမ်မှာ အငယ်ဆုံး ဆိုတော့ အရမ်း ကလေးဆန်တယ်လေ။ အခုအလုပ်လုပ်နေပြီဆိုတော့ လူကြီးလိုနေပါတယ်။ နောက်ပြီး ညီမမှာ သူငယ်ချင်း လည်းများများ မရှိပါဘူး။ မေမေက ညီမရဲ့ ခံစားချက်ကိုနားလည်ပါတယ်။ တစ်ခါ တလေညီမရဲ့ Life က အရမ်း Boring ဖြစ်ဖို့ကောင်းတယ်လို့တောင် ထင်ရတယ်။ တစ်ခါတလေမှာလည်း ကိုယ်နဲ့ရွယ်တူလေးတွေနဲ့ပေါင်းပြီး သူတို့လုပ်တာလေးတွေ လုပ်ကြည့်ချင်တယ်။

ဖက်ရှင်တွေကိုပိုပြီးဦးစားပေး ဖြစ်လာတာက …
အရင်တုန်းကတော့ Cute ပေါ့။ မော်ဒယ်စလုပ်တုန်းကဆို မျက်တောင်အတုလည်းမတပ်ဘူး။ အခု နောက်ပိုင်းတော့ မော်ဒယ်ဆိုတာ တစ်ပုံစံတည်းနဲ့သွားလို့မရဘူး။ ပုံစံမျိုးစုံကိုကိုယ်နဲ့ လိုက်ဖက်အောင် ပြင်ဆင် နိုင်ပြီး Pose မျိုးစုံလုပ်တတ်ရမယ်ဆိုတာကို သိလာတယ်။ ကိုယ်တိုင်လည်း အဲဒီလိုပြင်ရ တာတွေ ကို သဘော ကျတယ်။ ညီမရဲ့အပြင်ပုံစံက တီရှပ်နဲ့ Jeans နဲ့ပေါ့။ မိန်းကလေးနည်းနည်းဆန်ရမယ်ဆို စကတ်တို့၊ ဂါဝန်တို့ ၀တ်တယ်။ ဓာတ်ပုံရိုက်တာမျိုးကျတော့ အမြဲတမ်းပုံပြောင်းပြီးတော့ ရိုက်ချင်တယ်။ များသောအားဖြင့်     မော်ဒယ်တွေကတော့ ပရိသတ်က ကိုယ့်ရုပ်ကိုမှတ်မိသွားမယ့်ဟာမျိုးတွေပဲ ရိုက်ချင် ကြတာလေ။ ပုံအရမ်း ပြောင်းသွားတာမျိုးဆို သိပ်မရိုက်ချင်ကြဘူး။

ကိုယ်ရှေ့ဆက်သွားမယ့် Life ပုံစံက…
ညီမအနေနဲ့ အနုပညာဆိုတာလည်း ပညာရပ်တစ်ခုလို့ပဲမြင်ပါတယ်။ အနုပညာအ လုပ်က မလွယ်ဘူး။ စာသင်တဲ့ပညာလိုပဲ သူလည်းတော်တော်ကိုခက်ပါတယ်။ သရုပ်ဆောင်ကြီးတွေဆိုရင်တော့ ပိုသိမှာပေါ့။ အဲဒီ အတွက် ညီမကတော့ အနုပညာကိုလည်း ပညာရပ်တစ်ခုလိုပဲ သဘောထားတယ်။ ကိုယ်ကသာ အလုပ် ကြိုးစားပြီးလုပ်မယ်ဆိုရင် ဒီပညာရပ်တစ်ခုက အသက်ကြီးတဲ့အထိ ရပ်တည် လို့ရပါတယ်။ အသက်အရွယ်နဲ့ ကန့်သတ်ထားတဲ့ ပညာတွေထဲမှာတော့ အနုပညာမပါပါဘူး။ ဒါပေမဲ့ Photo Model လိုမျိုး ငယ်ငယ်လေး တွေမှ သဘောကျတယ်ဆိုရင်တော့ အသက်ကန့်သတ်ချက်ရှိသလိုမျိုး ဖြစ်လာတာပေါ့။ အဲဒီတော့ ပညာရပ် တစ်ခုအနေနဲ့ ပရိသတ်က လက်ခံသရွေ့ဆက်လုပ်သွားပါမယ်။ အနုပညာသမား စစ်စစ်ဖြစ်ချင်တယ်။

Skin Care လိမ်းတဲ့ရလဒ်ကောင်းလေးများ …
မော်ဒယ်လုပ်ပြီး တစ်နှစ်ကျော်မှ သူငယ်ချင်းတွေက Skin Care သုံးဖို့ပြောကြတာနဲ့ သုံးဖြစ်ခဲ့တယ်။ ပထမဦးဆုံးသုံးတာကတော့ Kanebo သုံးတယ်။ နောက်ပိုင်း Face Shop သုံးတယ်။ Face Shop မိတ်ကပ် တွေကို အရင်ကတည်းကသုံးဖြစ်ခဲ့ပေမယ့် Skin Care ကိုတော့ နောက်ပိုင်းမှသုံးတာပါ။ Skin Care သုံးရင် မိတ်ကပ်တောင်လိမ်းစရာ သိပ်မလိုပါဘူး။ Skin Care က မျက်နှာကို တင်းတင်းလေးနဲ့ လှတယ်။ အပြင် သွား ရင်လည်း နို့ရည်လေးပဲလိမ်းပြီးသွားရင်ရပြီ။ Skin Care က ကိုယ့်အသားအရေကို Treatment လုပ်ပေးနေ တာကြောင့် အမြဲတမ်းလှတယ်လို့ထင်တယ်။ မိန်းကလေးတစ်ယောက်အတွက Skin Care က လိုအပ်တယ်။ ငယ်ငယ်ကတည်းက အသားအရေကို ပြုပြင်စောင့်ရှောက်ထားမှ အသက်ကြီး လာရင် ပျက်စီးသင့်သလောက် မပျက်စီးမှာပေါ့။ ဒါကြောင့် Skin Care က အရေးကြီးတယ်။ 

အလှအပကိုသိပ်ပြီးမကြိုက်ခဲ့ဘူး …
ညီမက ရှိုးလျှောက်တဲ့အချိန်ကလွဲရင် ကျန်တဲ့အချိန်တွေမှာ မျက်နှာပြောင်နဲ့နေတာများတယ်။ မိတ်ကပ်သိပ်ပြီးမလိမ်းဖြစ်ဘူး။ မိတ်ကပ်ကိုမကြိုက်တာထက် မိန်းကလေးတစ်ယောက်က မိတ်ကပ် လိမ်းရင် အချိန်အများကြီးယူရတယ်။ ညီမက ကျောင်းသွားရင်တောင် နို့ရည်လောက်ပဲလိမ်းသွားတာ။ မိတ် ကပ်က မတည့်တာတွေနဲ့လည်း ကြုံဖူးပါတယ်။ ညီမမိတ်ကပ်မတည့်လို့ မျက်နှာမှာ Allergic ဖြစ်ပြီး အဖုအကြီးကြီးတွေ ထွက်တုန်းက Total Skin မှာ သွားကုလိုက်ရသေးတယ်။ နောက်ဆုံး Face Shop ကိုပဲသုံးဖြစ်တယ်။ သူက ကိုယ့်မျက်နှာနဲ့အဆင်ပြေတယ်လေ။ တခြားမိတ်ကပ်တွေ လိမ်းရင် အသား အရေကကြမ်းလာရော။

ပြင်ဆင်ခြယ်သအလှအပ
ညီမရဲ့ မျက်နှာကိုတော့ ပန်းရောင်၊ လိမ္မော်ရောင်နဲ့ အရောင်နုလေးတွေခြယ်ဖြစ်တယ်။ Eyeshadow ကို အပြောင်လက်လက်လေးတွေကြိုက်တယ်။ မည်းမည်းကြီးတွေသိပ်မကြိုက်ဘူး။ အမည်းခြယ်လိုက်ရင် ညီမကိုဘယ်သူမှမမှတ်မိဘူး။ ကိုယ့်ရဲ့မျက်နှာမှာတော့ အပြစ်တွေအများကြီးပဲ။ မျက်လုံးအောက်နားက နည်း နည်းပြဲနေတယ်။ နှုတ်ခမ်းကတော့ ကြည့်ကောင်းပါတယ်။ နောက်ပါး ချိုင့်လေးရောကြိုက်တယ်။ မျက်နှာ အလှပြင်တာကတော့ ကိုယ်တိုင်ကသိပ်ပြီးမပြင်တတ်တော့ မိတ်ကပ်ဆရာတွေနဲ့ ပြင်ရတာပေါ့။ သူတို့တွေက ပညာရှင်တွေဆိုတော့ ကိုယ်လိုအပ် သလိုပြင်ပေးနိုင် တယ်လေ။ မိတ်ကပ်အပြင်အဆင်က အရမ်းကိုအရေးကြီးတယ်။ တကယ်လို့ ညီမကို အမည်းတွေ အများကြီးနဲ့ ပြင်လိုက်ရင် ညီမက နောက်တစ်ရုပ်ဖြစ်သွားရော။ ပါးပါး လေးပြင်တာကိုတော့ သဘောကျ ပါတယ်။ ညီမက မိတ်ကပ်လိမ်းပြီးတိုင်း အတွင်းပိုင်းထိ Make Up Remove နဲ့ အသေချာဖျက်တယ်။ ပြီးသွားရင် ကိုယ်လိမ်းရမယ့် Skin Care နဲ့ နို့ရည်လိမ်းတယ်။

အဉ္ဇလီ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

 

Share on Google Plus

0 comments:

Post a Comment