ပြည်သူတွေရဲ့အားပေးမှုကြောင့် အနုပညာဘက်မှာရပ်တည်ဖြစ်ခဲ့တာ........... နန်းခင်ဇေယျာ









နန်းခင်ရဲ့လတ်တလောရိုက်ကူးမှုနဲ့လှုပ်ရှားမှုလေးပြောပေးပါဦး

အခုနန်းခင် ကိုနေတိုးနဲ့ကြော်ငြာတစ်ခုရိုက်ဖို့ ရှိပါတယ်။ ပန်းလှိုင်ဂေါက်ကွင်းဘက်မှာပါ။ နောက်ပြီး လွိုင်ကော်နဲ့တောင်ကြီးဘက်တွေမှာ သီချင်းသွားဆိုဖို့ရှိပါတယ်။

ညီမလေးတရားစခန်းဝင်ဖို့ ရှိတယ်ကြားတယ် ပြောပေးပါဦး
ဟုတ်ကဲ့ အောင်ဇမ္မူတောရမှာ ဒီရက်ထဲမှာတရားစခန်းသုံးရက်ဝင်ဖို့ရှိပါတယ်။


နန်းခင် မြန်မာပြည်ကိုကိုယ်စားပြု သွားရောက်ယှဉ်ပြိုင်တုန်းက ရခဲ့တဲ့ဆုလေးအပေါ် အခုအချိန်ထိ ဘယ်လို လေး ခံစားနေရတုန်းလဲပြောပေးပါဦး
နန်းခင်ဆုရရှိခဲ့တုန်းက ၂၀၁၂ ခုနှစ်မှာပေါ့။ ဒီဆုကိုရရှိခဲ့တုန်းက ရင်ထဲမှာအတိုင်းမသိဝမ်းသာခဲ့ရပါ တယ်။ ပြည်သူတွေရဲ့အားပေးမှုကြောင့် အနုပညာဘက်မှာရပ်တည်ဖြစ်ခဲ့တာကြောင့် အရမ်းဝမ်းသာမိပါတယ်။

ညီမလေးသီချင်းခွေလေး ထွက်ခဲ့တဲ့အချိန်လေးပြောခဲ့ပါဦး

ဟုတ်ကဲ့။ နန်းခင်ရဲ့ပရိသတ်တွေကို ခရစ်စမတ်နဲ့ New Year လက်ဆောင်အနေနဲ့ပေးချင်တာကြောင့် ဖြစ်ပါ တယ်။

အဲဒီအခွေထဲမှာ ဘယ်သူတွေ ရေးပေးခဲ့တာလဲပြောပေးပါဦး။
နန်းခင်သီချင်းခွေမှာ သီချင်းရေးထားတဲ့လူတွေကတော့ ရွှေဂျော်ဂျော်၊ ဇ၀ါ၊ စလိုင်း၊ ဆောင်းဦးလှိုင်၊ျွ ခိုင်၊ သိန်းလင်းစိုးတို့ပါ။

ညီမလေးအခွေထဲမှာ အနှစ်သက်ဆုံး သီချင်းလေးပြောပေးပါဦး
ဒီ ဘယ်တော့မှမရပ် သီချင်းခွေထဲမှာ နန်းခင်နှစ်သက်တာရော ပရိသတ်တွေကြိုက်ကြတာကတော့ အိမ်ပြန်ချိန်၊ ဝေးသွားမှာစိုးစတဲ့ သီချင်းတွေကကြိုက်ပါတယ်။

ညီမလေးတောင်ကြီးကို ပြန်ဖြစ်သေးလား။ တောင်ကြီးနဲ့ ရန်ကုန်ကွာဟမှုကဘာရှိမလဲ။
အခုနောက်ပိုင်း သိပ်မပြန်ဖြစ်ဘူး။ အလုပ်တွေမအားတာလည်း ပါတာပေါ့။ ဟိုမှာကတော့အရမ်း အေးတယ်။ ရန်ကုန်ကတော့ အဲဒီလောက်မအေးဘူးပေါ့။ ဟိုမှာဆိုရင်အနွေးထည် ထူထူကြီးတွေဝတ်ရတာပေါ့။

VCDရိုက်ဖြစ်တဲ့အခါ ကျရင်ကိုယ်တိုင်သရုပ်ဆောင်ဖို့ရော VCD ကလည်းရိုက်ဖြစ်မှာပါ။ အဲဒီအခါကျရင်လည်း ကိုယ်တိုင်သရုပ်ဆောင်ပြီးပါဝင်ဖြစ်မှာပါ။ နန်းခင် သရုပ်ဆောင်ပိုင်းကိုလည်း အရမ်းဝါသနာပါပါတယ်။

နန်းခင်ရဲ့မျက်နှာမှာ ဘယ်နေရာလေးကိုသဘောကျလဲ။ ညီမလေးရဲ့နှုတ်ခမ်းက ထူးခြားပြီးလှသလားလို့…
ဟုတ်ကဲ့ များသောအားဖြင့်တော့ နန်းခင်ကိုနှုတ်ခမ်းလေး သဘောကျတဲ့လူတွေများပါတယ်။ တစ်ချို့ ဆို နှုတ်ခမ်းကိုပြုပြင်ထားသလားတောင် မေးကြပါတယ်။ ဒါပေမဲ့ နန်းခင်နှုတ်ခမ်းကိုဘာပြုပြင်မှုမှ မလုပ်ထား ပါဘူး။

နန်းခင်က အသားအရေလည်း လှပစိုပြေတယ်နော်။ အလှအပကို ဘယ်လိုထိန်းသိမ်းဖြစ်လဲ
နန်းခင်ကအသားအရေစိုတယ်။ တစ်ခါတလေ ခရီးသွားတာတွေများလို့ အသားခြောက်တာတွေရှိလာ ရင်တော့ Lotion လေးတော့ ညတိုင်းပုံမှန်လိမ်းဖြစ်တယ်။ ရေများများသောက်တယ်။ ပြီးတော့အသီးအနှံ များများစားဖြစ်ပါတယ်။

ဖက်ရှင်ပိုင်းနဲ့ပတ်သက်လို့ရော

နန်းခင်က ပေါ့ပေါ့ပါးပါးလေးတွေကို သဘောကျတယ်။ အဓိကကတော့ အောက်ကဂျင်းဘောင်း ဘီနဲ့ အပေါ်ကတီရှပ်လေးတွေ ၀တ်ရတာကိုသဘောကျပါတယ်။ အမြဲတမ်းလည်း အဲဒီလိုလေးတွေဝတ်ဖြစ်တယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်လည်း ကိုယ်ရိုက်မယ့် ကဏဿဍအ လိုက်အဲဒီအပေါ်မှာကြည့်ပြီး ဘယ်လိုပုံစံရိုက်ချင် တာလည်းကိုကြည့်ပြီး အ၀တ်အစားကိုဝတ်ဖြစ်ပါတယ်။

ကျန်းမာရေးနဲ့ပတ်သက်ပြီး နန်းခင်ဘာတွေများ လုပ်ဖြစ်လဲ ကျန်းမာရေးနဲ့ပတ်သက်ပြီးတော့ နန်းခင်ကမနက်တိုင်း စောစောလမ်းလျှောက်ဖြစ်တယ်။ ပြီးတော့ ရေများများသောက်တယ်။ အသီးအရွက်များများစားတယ်။ ပင်ပန်းလာပြီဆိုရင် အေးအေးဆေးဆေး အနားယူ ဖြစ်တယ်။

အခုနောက်ပိုင်း ကားတွေကလည်း ပေါလာတော့ နန်းခင်ကရော ဘယ်အရောင်ကို ခရေဇီဖြစ်လဲ
ကားကိုအခုလောလောဆယ် စီးနေတာကတော့ အနက်ရောင်လေးစီးနေပါတယ်။ ဒီကားလေးကို ကြိုက်ပါတယ်။ ဒါပေမဲ့လည်း လဲဖို့ရှိပါတယ်။ လဲရင်လည်း အနက်ရောင်လေးပဲကြိုက်တော့ အနက်ရောင်ပဲစီး ဖြစ်မလားမသိဘူး။

လက်ရှိ အသုံးများတဲ့ဖုန်းက …
အခု နန်းခင် iphone နဲ့ Samsung ဖုန်းနှစ်လုံးကိုကိုင်ထားပါတယ်။ နန်းခင်က အလုပ်လုပ်ရင်းနဲ့ သုံးဖြစ်တယ်ဆိုတာက အချို့နေရာတွေကျတော့ Samsung က လိုင်းမိတဲ့နေရာတွေရှိတယ်။ iphone က လိုင်းမိတဲ့နေရာတွေလည်း ရှိတယ်လေ။ ဒါကြောင့်မို့ နှစ်မျိုးလုံးကိုကြိုက်ပါတယ်။

Relationship နဲ့ပတ်သက်လို့ နန်းခင်ရဲ့ခံယူချက်က …
တစ်ယောက်နဲ့တစ်ယောက် Relationship ရှိဖို့အတွက်ကတော့ အဓိကကနားလည်မှုလိုအပ်မယ်။ ပြီးတော့ တစ်ယောက်စိတ်ကိုလည်း တစ်ယောက်သိဖို့လိုအပ်မယ်လို့ ထင်ပါတယ်။

နန်းခင်ရဲ့ပရိသတ်ကြီးကို ဘာပြောချင်သေးလဲ။
နန်းခင်ရဲ့တစ်ကိုယ်တော် Non-Stop အခွေကို နားထောင်ပေးကြပါလို့ပြောချင်ပါတယ်။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape




Share on Google Plus

0 comments:

Post a Comment