လူတိုင်းက Wow… ဆိုတာဖြစ်သွားလေ… ပိုပြီး အသက်ဝင်လေပေါ့ နန်းဝေေ၀ထွန်း







လတ်တလောအနုပညာ လှုပ်ရှားမှုလေးပြောပြပေးပါဦး။
လတ်တလောအနုပညာလှုပ်ရှားမှုကတော့ Modelling နဲ့ ပတ်သက်တဲ့ အနုပညာလှုပ်ရှားမှုတွေ လုပ်တယ်ပေါ့နော်။ သီချင်းပိုင်းကို ဂီတသင်တန်းကျောင်း ဆက်တက်နေတယ်။ ရုပ်ရှင်ကားကြီး ကတော့ပထမ မုဒြာကောလင်း ဆိုတဲ့ရုပ်ရှင်ကားကြီးမှာပါပြီးသွားတဲ့နောက်ပိုင်းမှာတော့ ညီမကို Producer ရဲ့အကြံဉာဏ် ပေးမှုနဲ့ပဲ ဒီ Music သင်တန်းကျောင်းတွေ ဆက်တက်နေပြီးတော့ လက်ဝှေ့ပွဲတွေ မှာပင်တိုင်မော်ဒယ်အဖြစ် ဆက်လုပ်နေပါတယ်။

ရုပ်ရှင်ကကားကြီးလား
ဟုတ်ကဲ့။

ဘယ်တော့လောက်ရုံတင်မလဲ မသိဘူး။
ဟုတ်ကဲ့။ ဒီရုံမတင်ခင်မှာ သူတို့နိုင်ငံတကာကိုလည်းသွားပြီးတော့ ပြဖို့စီစဉ်ထားတယ်ရှင့်။

အဲဒီကားက ဘယ်လိုဇာတ်ကားမျိုးလဲ။ အဲဒီကားထဲမှာ ဘယ်လိုကာရိုက်တာကနေ သရုပ်ဆောင်ထား လဲပြောပြပေးပါဦး။

အဲဒီဇာတ်ကားမှာ အဓိကတော့ မြန်မာ့ယဉ်ကျေးမှုနဲ့ ပတ်သက်တဲ့ဇာတ်ကားပါ။ ညီမကျတော့ ဒီဇာတ် ကားမှာ ဇာတ်ပို့အနေနဲ့သရုပ်ဆောင်ထားပါတယ်။ ကိုယ်တိုင်ကလည်း ဒီဇာတ်ပို့နေရာကိုအရမ်း ကြိုက်တဲ့အတွက် ၀င်ရောက်ပြီးယှဉ်ပြိုင်ခဲ့တာပေါ့နော်။ သူတို့ Online ကနေပြီးခေါ်ခဲ့တယ်။ အဲဒီအချိန်မှာ ဒီက Celebrity တော်တော်များများက ၀င်ပြိုင်ခဲ့ကြတာတွေ့ခဲ့ရပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး။ ဒါပေမဲ့ ဘဘဦးအောင်ခိုင် က သွားကြည့်ပေါ့နော်။ သွားကြိုးစားကြည့်။ သွားလိုက်တဲ့အချိန် မှာ ညီမရဲ့ ဒီ Drama အချိုးပေါ့နော်။ ညီမနဲ့ကိုက်တဲ့အတွက်ပေါ့နော်။ ညီမပါဝင်သွားတယ်။ အဲဒီကနေပြီးတော့ ညီမတို့ အဲဒီဇာတ်ကားအတွက် ညီမကို စကားဝါသင်တန်းဆင်းဦးအောင်ခိုင် အဲဒီကနေပြီး သူတို့ကနေပေါ့။ နိုင်ငံခြားပြင်သစ်က ဆရာနဲ့တစ်လကျော်ကျော်လောက် Train တယ်ရှင့်။ ပုံစံ၊ Casting သေချာ Train ပြီးတော့မှ တောင်ကြီး၊ အင်းလေး၊ ပုံဂံ၊ မန္တလေး၊ တော်တော်များများကိုတော့ ၄လ၊ ၅လလောက်ကြာခဲ့တယ်။

ညီမဒီမော်ဒယ်အလုပ် ဂီတပိုင်းရော၊ အဆိုပိုင်းရောနှစ်မျိုးစလုံးလား။
အဓိကကတော့ ညီမက Professional Model တစ်ယောက်ဖြစ်အောင် ကြိုးစားချင်ပါတယ်။ ဒါပေမဲ့ ညီမတို့ဒီမှာကျတော့ မြန်မာတို့နိုင်ငံ အခြေအနေလေးတွေ ရှိတယ်ပေါ့နော်။ ဘယ်လိုင်းကနေပြီး ထွက်ရမ လဲဆိုပြီးတော့ပေါ့နော်။ အဓိကကတော့ ညီမ Professional ဖြစ်ချင်တယ်။ ညီမကိုအခု ဒီမှာပွဲတိုင်း တော်တော်များများက ခေါ်ပါတယ်။ ညီမပွဲတိုင်းလည်းမသွားဘူး။ တော်တော်များများဓာတ်ပုံတွေဆရာတွေနဲ့လဲ မရိုက်ဘူးရှင့်။ ငွေရေးကြေးရေးကြောင့်တော့မဟုတ်ဘူး။ တစ်ခါတစ်လေမှာသူတို့တွေက Quanity ကိုဦးစား ပေးတယ်။ ပြီးခဲ့တဲ့အခေါက်က ဗီယက်နမ်ကြော်ငြာအတွက်သွားတယ်။ အဲဒါဆို နိုင်ငံခြားဝင်ငွေလည်း ရမယ်။ ညီမပုံကို ဒီကလူတွေ အကုန်လုံးကရိုင်းတယ်ပေါ့နော်။ ညီမသေချာရိုက်ခဲ့တာပါ။ ညီမက အစိုးရ အသိုင်းအ၀ိုင်းဖြစ်တဲ့အတွက် အစိုးရကအစ ဒီလိုပုံတွေ မရိုက်နဲ့ နိုင်ငံခြားမှာကျတော့ ညီမတို့ကို Website လေးတွေလုပ်ပေးထားတာ ရှိတယ်ပေါ့နော်။ Body အလှပိုင်းလေးတွေမှာ နည်းနည်းလေးရှိတဲ့ မှားသွားတာ အတွက် ညီမနည်းနည်းလေး ငြိမ်နေလိုက်တာပေါ့။ ဒါပေမဲ့ အခုတော့ အမြင်ကျယ်လာတဲ့ နောက်ပိုင်းမှာတော့ India ကလာပြီးကမ်းလှမ်းတဲ့လူတွေရှိတယ်။ အခုညီမကတော့ ဒီနိုင်ငံမှာပဲနေပြီးတော့ပဲ လုပ်သွားမယ်လို့ စဉ်းစားထားပါတယ်။

ဟိုဘက်မှာအနုပညာအလုပ်တွေလုပ်တာနဲ့ ဒီဘက်မှာအနုပညာအလုပ်တွေတွေလုပ်တာနဲ့ ဘာတွေကွာခြား ချက်ရှိလဲ။
ဟိုဘက်မှာလုပ်တဲ့အချိန်မှာ ဒီမှာနေခဲ့တုန်းကတော့မသိခဲ့ဘူးပေါ့နော်။ အချို့နေရာတွေမှာဆို Proud ဖြစ်တာတွေ၊ ဆရာသမားတွေဆိုရင်လည်း အထင်အမြင်လွဲခဲ့တာတွေရှိတယ်။ ဒါပေမဲ့ပြဿနာတော့ မရှိခဲ့ ပါဘူး။ ဒါပေမဲ့ ညီမဟိုဘက်နိုင်ငံရောက်သွားတဲ့အခါမှာ ကိုယ့်ရဲ့ Proud က တကယ်အမှား အယွင်းတွေ ဖြစ်ခဲ့မိတယ်ပေါ့။ ဟိုဘက်နိုင်ငံမှာတော့အောင်မြင်တယ်။ ဘာလို့အောင်မြင်လည်းဆိုတော့ တကယ်ကို Team Work ရှိတယ်။ ညီမတို့ရိုက်ကူးရေးသွားမယ်ဆိုရင် အကုန်လုံး ကားတစ်စီးတည်းစီးကြတယ်။ မင်းသမီးနဲ့ ရှုတင် မန်နေဂျာ အရမ်း Flexible ဖြစ်တယ်လို့ သူတို့ရဲ့မိသားစုစိတ်ဓာတ်လေးတွေ အရမ်းသဘောကျခဲ့တယ်။ ပြီးတော့ မင်းသမီးမို့လို့ ထမင်းတစ်ပန်းကန်ပိုစားရတယ်။ အဲလိုမရှိဘဲနဲ့ Andria ဆိုတာ ဟိုမှာတကယ် နာမည်ကြီးတဲ့ မင်းသမီးဖြစ်ပေမယ့်လည်းလမ်းဘေးဆိုင်မှာ ထိုင်စားလိုက်တာပဲပေါ့နော်။ အဓိက ကွာခြားသွားတာကတော့ ဈေးနှုန်းပဲပေါ့နော်။ အဲဒီမှာ သူရှစ်သိန်းဆို ညီမကငါးသိန်း အဲလိုမျိုးလေးတွေ ကွာခြား သွားတာပဲရှိတယ်ပေါ့နော်။ နောက်တစ်ခုကကျတော့ ညီမ နောက်ပိုင်းမှာ မျက်နှာအရမ်းငယ်ရတယ်ပေါ့နော်။ မြန်မာပြည်ရဲ့ အ၀တ်အစားတွေအကြောင်းပြောတဲ့အခါမှာပေါ့။ ဒါပေမဲ့ ကိုယ်က အစိုးရသားသမီးဖြစ်တဲ့ အတွက် ဘယ်သူ့ကိုမှလည်းမပြောချင်ဘူး။ အကောင်းဆုံးသာကြိုးစားပြီးပြန်မယ်။ သူတို့ကလည်းပြောပါတယ်။ Holly Wood Try ချင်တယ်ဆိုရင်တော့ မြန်မာနိုင်ငံက အကောင်းဆုံးပါပဲတဲ့။ အားလုံးအကောင်းဆုံး ဒီနိုင်ငံ ကနေပြီးတော့ပဲ ကြိုးစားသွားပါမယ်ရှင့်။ ဟိုဘက်မှာတော့ ၀င်ငွေအရမ်းကောင်းပြီးတော့ ဒီဘက်မှာ တော့ ပိုက်ဆံတောင်းရတာ အရမ်းခက်ပါတယ်။ ညီမလေးအနေနဲ့ပေါ့နော်။ အ၀တ်အစားကအစ စီစဉ်ပေး တယ်။ ဒါပေမဲ့ဒီနိုင်ငံနဲ့မတူတာကပေါ့။ မနက် (၄)နာရီ ဒေါင်ဆိုတာနဲ့ ဆိုင်ထဲ အရောက်မနားတမ်း အလုပ်လုပ် ကြတယ်။ အဲနောက်ပိုင်းမှာပျင်းလို့ Hotel မှာကျန်ခဲ့လို့မရဘူး။ နောက်တစ်ကျောဆွဲပြီး ချက်ချင်းဒါတိုက်ပြန် ကြတယ်။

ညီမလေးဒီလိုအနုပညာလုပ်တာတွေနဲ့ ပတ်သက်ပြီး အိမ်က Support လုပ်ပေးတာတွေရောရှိလား။ သဘော မတူတာတွေရောရှိလား။
နန်းအမေကအနုပညာ အရမ်းဝါသနာပါတယ်။ ဒါပေမဲ့ နန်း (၇)တန်းမှာ ကင်ဆာနဲ့ဆုံးသွားတယ်။ အဖေကကျတော့လည်း မရှိတော့ဘူးရှင့်။ အစ်ကိုကကျတော့ မရှိတော့ဘူး။ ညီမတစ်ယောက်တည်းပဲ ရှိတော့ တယ်။ အသိုင်းအ၀ိုင်းကပါစွန့်လွှတ်ခံခဲ့ရတယ်။ ဒီညီမတို့ Team မှာ အနုပညာရှင်ဆိုလို့မ ရှိဘူးပေါ့နော်။ အရမ်းကို ခက်ခဲခဲ့တယ်။ ဘုရားပေးတဲ့ကံကြမ္မာ၊ ဒီထဲကိုရောက်သွားတယ်ပေါ့နော်။ အရမ်းကိုကြိုးစားတယ်။ စိတ်ချပါ။ နန်းကြောင့် နန်းမိသားစုနာမည်ပျက်တယ်ဆိုတာ မရှိစေရပါဘူး။ နန်းအခုအရိုးသားဆုံးကြိုး စားမယ်လို့ ကတိပေးပြီးတော့ နန်းကြိုးစားလို့ရတဲ့ ပိုက်ဆံတွေကိုလည်း နယ်မှာပရဟိတနဲ့ ပိုက်ဆံမရှိတဲ့ ဈေးသူဈေးသားတွေရဲ့သားသမီးတွေကို ညီမမော်ဒယ်နဲ့ ပတ်သက်တဲ့ပညာကို အလကားသင်ပေးတယ်။ Dancing အကလည်း သင်ပေးပြီးပြီးတေှာ့Stage ပေါ်မှာလမ်းလျှောက်တတ်အောင် သင်ပေးတယ်။

ပတ်ဝန်းကျင်မကြိုက်ကြပေမယ့် ကိုယ့်ကိုယ်ကိုယ်ဘယ်လို စိတ်ဓာတ်ခွန်အားမျိုးနဲ့ကြိုးစားခဲ့ရလဲ။ စိတ်ဓာတ် ခွန်အားလေးရအောင်ပြောပေးပါဦး။
နန်းရဲ့ကျေးဇူးရှင်က နန်းပထမတော့ မော်ဒယ်ဘက်ကစ၀င်တဲ့အခါမှာ ဝေေ၀၀ါးဝါးပဲပေါ့နော်။ Miss ရခဲ့ တယ်ဆိုတာလည်း ဘာကြောင့်ရခဲ့လဲမသိခဲ့ဘူး။ လေယာဉ်မယ် သင်တန်းတက်တဲ့အချိန်တုန်းကတော့ တွေ့တဲ့ လူတိုင်းကို မင်္ဂလာပါပြောတတ်တာလေးတွေက နန်း Miss ရသွားခဲ့တာထင်ပါတယ်။ ဆီဂိမ်းမှာလည်းတွေ့ သမျှကိုကူညီတယ်ပေါ့နော်။ ထိုင်းဖြစ်ဖြစ်၊ မြန်မာဖြစ်ဖြစ် စားချင်တာလေးတွေ ၀ယ်ပေးတာကအစ ဒါညီမရဲ့ ကူညီမှုတွေကြောင့် နိုင်ငံတကာကချစ်တယ်။
အမေရိကပရိုဂျူဆာနဲ့ချိတ်မိတယ်။ အဲပရိုဂျူဆာက ညီမမှာ မိသားစုမရှိတာကတစ်ကြောင်း၊ သူတို့အပေါ်မှာလည်း အတတ်နိုင်ဆုံး ရိုးသားတယ်။ ညီမကိုလည်းချစ်တယ်။ ပြီးတော့ ညီမကိုလည်း Holly Wood တွေ၊ သူ့ညီမကလည်း အမေရိကမော်ဒယ်ပေါ့နော်။ အမေရိကမော်ဒယ် ဆိုတော့ အခုညီမ၀တ်ထားတဲ့အ၀တ်အစားကအစ သူ့ညီမအကျ၊ ညီမကလည်း လှမ်းပြောတယ်။ မ၀တ်ချင်တာ ရှိရင် Cosmetic ကအစအရမ်းရတယ်။ သူကနေပြီးလှမ်းလှမ်းပြီးပို့ပေးတယ်။ သူကလည်း အမြဲအားပေးတယ်။ ဘယ်တော့မှ အားမလျော့နဲ့။ အဲနောက်ပိုင်း ညီမမိသားစုကလည်း သိပ်မပြောတော့ဘူး။ ညီမလမ်းမှန် လျှောက်တဲ့အတွက် အဓိက Supporting ပေးတာကတော့ ဒီအမေရိကပရိုဂျူဆာ အစ်မပေါ့နော်။ သူက အမြဲညီမကို စိတ်ဓာတ်ခွန်အားပေးတယ်။ ပထမဦးဆုံးရုပ်ရှင်နဲ့ ပတ်သက်ရင်တော့ လက်ဦးဆရာက ဘဘ ဦးအောင်ခိုင်ပေါ့နော်။ ထမင်းပါကျွေးပြီးသင်ပေးခဲ့တယ်။

အခုလိုမျိုးနိုင်ငံတကာနဲ့တွဲပြီးလုပ်နေတာ ဘာတွေကိုပြင်ဆင်ဖြစ်လဲ။

အဓိကကတော့ ညီမ Right Time ပေါ့နော်။ အချိန်နောက်ကျရင်တော့ သူတို့အရမ်းစိတ်ဆိုးတယ်ရှင့်။ သူတို့ Right Time အရမ်းတိကျတာကိုတော့ သတိထားရတယ်။ အဲမှာစသိတဲ့ သူတို့ရဲ့ Right Time ကိုအရမ်း သဘောကျတယ်။ သူတို့ရဲ့စည်းကမ်းနဲ့ ပတ်သက်ပြီးတော့လည်း သဘောအရမ်းကျတယ်။ ပြီးတော့နိုင်ငံခြားနဲ့ ဒီနဲ့ကွာတာက ညီမဗီယက်နမ်မှာကြော်ငြာရိုက်ဖို့ လာမယ်ဆိုရင် နင်ကိုတိုင်လိမ်းနိုင်လား။ မိတ်ကပ်ဆရာပါရင် ငါတို့အချိန်မပေးနိုင်ဘူး။ နင်ဟာနင် Charges ပေးခဲ့။ ပြီးတော့ရတာမှ သူတို့အလွန်ဆုံးပေး ၁၅သိန်းပေါ့နော်။ ညီမမိတ်ကပ်ဆရာပါခေါ်မယ်ဆို ၁၀ သိန်းပဲကျန်တော့တယ်။ အဲဒီတော့ကောင်းပြီဆိုပြီး မိတ်ကပ်ကိုကိုယ်ဟာ ကိုပဲလုပ်တယ်။ မျက်တောင်အတုတွေ Heavy တပ်တာတွေမကြိုက်ဘူး။ သဘာဝ Natural ဖြစ်တာတွေကိုပဲ သဘောကျကြတယ်။ ပြီးတော့ Celebrity ဆိုတာအလကားရထားတာ မဟုတ်ဘူး။ Celebrity ဆိုတာ အကုန်လုံးလုပ်နိုင်တဲ့ဟာကိုခေါ်တာ။ သူတို့ဆီမှာ ဘာမဆိုလုပ်နိုင်ရမယ်။ မြင်းစီးသင်တဲ့အခါမှာလည်း ညီမကြောက်တယ်လေ။ ကြောက်တော့မစီးရဲဘူး။ မရဘူးစီး။ မြင်းနဲ့လွှတ်ပစ်လိုက်တယ်။ အဲလိုဆိုတော့ ညီမ ထင်တယ်။ နဲနဲတော့တိကျတာတို့ ပြတ်သားတာတို့။ လုပ်ရဲတာတွေကိုတော့ ညီမအရမ်းကြီးသဘောကျတယ်။ ညီမတို့ဘက်နဲ့ တော်တော်ကွာတယ်။

နိုင်ငံတကာနဲ့တွဲပြီး လုပ်နေတာပေါ့လေ။ ဒီကအနုပညာရှင်တွေကို ဘာတွေကိုအားမလိုအားမရဖြစ်မလဲ။ ဘာတွေ အားနည်းနေတယ်လို့ထင်လဲ။

ပြီးခဲ့တဲ့ Shape ဂျာနယ်မှာ ကိုပေါက်ကြီး ''ဗီဒီယိုလောက (၇၅)ရာခိုင်နှုန်း ပျက်ဆီးနေပြီ”ဆို ပြီးပြောထားတာကိုဖတ်မိပြီး အဲဒီမှာတော့ ညီမ Shape ဆိုတာကိုသိသွားတယ်။ ညီမကိုယ်တိုင်ကို သေချာ ဖတ်ပြီး ကိုပေါက်ကြီးလိုတော့မတတ်နိုင်ဘူး။ ကိုပေါက်ကြီးကတော့ ဒါရိုက်တာဖြစ်နေပြီဆိုတော့ နန်းကြောင့် အမုန်းခံရမှာကြောက်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမြန်မာနိုင်ငံမှာအနုပညာရှင်တွေက ဘာလို့လည်း ဆိုတော့ အဓိက ညီမတို့နိုင်ငံ ဘာကွာခြားလဲဆိုရင် အလှအပနဲ့ Over အိုက်တင်အရမ်းများတယ်။ ညီမ သုံးသပ် ခဲ့တာ မဟုတ်ဘူးပေါ့နော်။ တော်တော်များများ ဆရာတွေသုံးသပ်ကြတာ။ ညီမတို့ Training ပေးတဲ့အချိန်မှာ မင်းကလည်းကွာ ပြောတဲ့အခါမှာ ဘာလို့လက်ကြီးမြောက်ပြီးပြောတာလဲ။ မျက်လုံးနဲ့ပဲသွားတာပေါ့နော်။ နောက်ညီမရဲ့ Drama အက်ရှင်မှာဆိုရင် ပြန်ပြောရတဲ့အချိန်မှာ ဒီမျက်လုံးက မျက်လုံးဝမကျနဲ့ ဆိုတော့ နိုင်ငံခြားတွေမှာဆိုရင် သေခါနီးသွားရင်ငိုပြီလေ အသံလုံးဝမထွက်ဘဲနဲ့ မျက်လုံးထဲက မျက်ရည်တွေကို မနက် (၃)နာရီထဲက သွင်းရတဲ့ Mood ညနေ (၆)နာရီမှ ရတယ်ဆိုတော့ ကြည့်တော့။ တစ်နေကုန်အဲ Mood နဲ့ပဲ နေခဲ့ရတာဆိုတော့ အဲလိုမျိုးအရသာက တကယ်ကို ကြည့်ရှုသူမှာသက်ရောက်တာပေါ့။ နောက်ပြီး အခုဟာ သူဌေးသမီးက အင်းလျားကန်ရောက်နေတာမျိုး၊ တကယ့်သူဌေးသမီးကို သွားကြည့်ပါ။ အင်းလျားကန်ကို မရောက်ဘူး။ တကယ်ကိုရုံးမှာပဲ လှုပ်ရှားနေတယ်။ ညီမကိုယ်တိုင်လည်းသိခဲ့ရတယ်။ တကယ့် သူဌေးသမီးက တကယ်ဆင်းရဲသွားပေမယ့်လည်း ဘယ်လောက်ထိစိတ်ဓာတ်ခွန်အားမြင့်ပြီး ဘယ်လိုသွားနေတယ် ပန်းတိုင်တ ခုကိုတက်နိုင်တယ်ဆိုတာမျိုးလေး တွေရိုက်သင့်တယ်။ မြန်မာနိုင်ငံက ပိုက်ဆံရှိတာများတယ်လေ။ အဲဒီလို ဇာတ်လမ်မျိုးတွေရိုက်သင့်တယ်။

အခုလို ခန္ဓာကိုယ်မှာ မိတ်ကပ်ခြယ်ပြီးရိုက်တဲ့ Body Painting ကိုတခြားဘယ်လိုခေါ်သေးလဲ…

သူတို့ပြောကြတာကတော့ Art လို့လည်းခေါ်ကြသေးတယ်။ ခန္ဓာကိုယ်အနုပညာပေါ့။ အခုလို ရိုက်ရ တာအရမ်းလည်းပျော်ပါတယ်။ ဆရာအောင်ကျော်မိုးနဲ့ Shape Journal မိသားစုဝင်အားလုံးကို အရမ်းလည်း ကျေးဇူးတင်ပါတယ်။ Body Painting Artist Kristin ကိုလည်းကျေးဇူးတင်တယ်။ ပထမဆုံးအတွေ့ အကြုံမှာတော့ အရမ်းထိတ်လန့်မိခဲ့တယ်။ ညီမကသူ့ရဲ့မြန်မာပြည်မှာ ပထမဆုံး မော်ဒယ်ပေါ့။ သူ့အတွက်ဆို ညီမကပင်တိုင်မော်ဒယ်ဖြစ်နေပါပြီ။

အများစုက မျက်နှာအလှဝတ်စုံ အလှတွေပဲရိုက်နေကြတဲ့အထဲမှာ အခုလိုမျက်နှာကိုပါ လုံးဝမမှတ်မိလောက် အောင် ခြယ်သလိုက်တော့ ကိုယ့်မျက်နှာမပေါ်တော့တဲ့အတွက် ခံစားချက်မဖြစ်မိဘူးလား…

ညီမကအနုပညာကို အနုပညာလို့ပဲတွေးတယ်ရှင့်။ နန်းဝေေ၀ထွန်းကိုမှတ်မိကြပါ့မလားဆိုတဲ့စိတ် ညီမမှာ လုံးဝမရှိဘူး။ အဓိကက ဒီဂျာနယ်မှာ မော်ဒယ်အဖြစ်နဲ့ဝင်ပြီး သရုပ်ဆောင်ပေးရတယ်။ အဓိက Theme ဘာကိုဖော်ပြချင်တာလဲ။ Shape က Body Painting ကို စိတ်ဝင်စားတဲ့အတွက် အဲဒီတော့ လူမှားလေ ပိုပြီး အသက်ဝင်လေ။ လူတိုင်းက Wow… ဆိုတာဖြစ်သွားလေပိုပြီး အသက်ဝင်လေပေါ့။ ညီမဘယ်သူဆိုတာ သိသွားစေဖို့သိပ်ပြီး Feel မရှိဘူး။ ဒီ Shape Journal အရမ်းမိုက်တယ်။ Body Painting ကို လူတိုင်းက စိတ်ဝင်စားသွားတာ မြင်ချင်တာပါ။ နန်းဆိုတာသိဖို့ထက် Shape Journal Team က ဘယ်လောက်အထိ လုပ်ပြသွားနိုင်တယ်ဆိုတာ ပရိသတ်တွေသိရင်ကျေနပ်ပါတယ်။

Shape Journal ကတစ်ဆင့် ပရိသတ်အတွက် စကားလက်ဆောင်…
နန်းလည်းကိုယ့်ကိုယ်ကိုယ် အသစ်လို့ခံယူထားပါတယ်။ နန်းကိုအားပေးကြပါအုံးလို့။ Shape Journal ကိုလည်း အားပေးပြီးတော့ အသစ်အဆန်းတွေကို ပရိသတ်ကြီး များများလက်ခံအားပေးပါလို့။ ပရိသတ်တွေက နန်းဘ၀အတွက် အရမ်းအရေးကြီးပါတယ်လို့။


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment