ဒီတစ်ပတ်တော့ ရာသီပေါ်ခါစ ငါးနီတူခြောက်လေးတွေကို
ငရုတ်သီးလေးနဲ့ စပ်စပ်လေးကြော် မယ်။ ပြီးတော့ မယ်တော်မားသားအကြိုက် ငါးနီတူခြောက်ကြော်နဲ့လည်းလိုက်ဖက်မယ့် သီးစုံချဉ် ဟင်းလေးပဲ ပြန်ချက်မယ်။ ဟင်းကိုတော့ စားကောင်းမှာသေချာတဲ့
နှစ်မျိုးပဲချက်လိုက်ပြီး အချိုပွဲလေး ဘက်ကို လှည့်လိုက်ရ အောင်။ အချိုပွဲကိုတော့ ဖရဲသီးကျော်ကျောလေး
လုပ်ကြတာပေါ့နော်။ မစားဖူးသေးရင်တော့ အသစ်ပဲပေါ့။
ငါးနီတူခြောက်ကြော်
အရင်ဆုံး ငါးနီတူခြောက်လေးတွေကို ခေါင်းခြွေမယ်။
ခေါင်းခြွေတယ်ဆိုပေမယ့် ဗိုက်ထဲက အမဲလေး လေးတွေပါ ပါအောင်ခြွေမှဖြစ်မယ်နော်။ ဒါမှမခါးတော့ဘူးပေါ့။
ပြီးရင် ရေသေချာဆေး ရေစစ် ထား။ ပြီးမှ မီးအေးအေးလေးနဲ့ ကြွပ်လာတဲ့အထိ ဆီနည်းနည်းနဲ့ဆီပူထိုးထား။
ပြီးရင် ငရုတ်သီးခွဲခြမ်း ထဲကို ကြက်သွန်နည်း နည်းထည့်ပြီး ထောင်းထား ကြက်သွန်ဖြူကို
မညက်တညက်ထောင်းပြီး အရင်ရွှေ ၀ါရောင်လေးရအောင် ကြော် ပြီးဆီစစ်ထား။
ကြက်သွန်ဖြူကြော်ထားတဲ့ဆီထဲကို
ငရုတ်သီးခွဲခြမ်းနဲ့ ကြက်သွန်နီထောင်းထားတာကို နနွင်းမှုန့် နည်းနည်း နဲ့ ငါးငံပြာရည်လေးနည်းနည်းထည့်ပြီး
ဆီသတ်။ စိမ်းနံ့ပျောက်ပြီးမွှေးလည်း မွှေး၊ ကြွပ်လည်းကြွပ်လာ ပြီဆိုမှ မီးဖိုပေါ်ကနေချပြီး
ခုနကကြော်ထားတဲ့ ငါးနီတူခြောက်ကြော်နဲ့ ကြက်သွန်ဖြူကြော်လေးထည့်ပြီး မွှေပေး လိုက်ရင်
စားလို့ကောင်းမှာသေချာတဲ့ ငါးနီတူခြောက်ကြော်စပ်စပ်လေးရပြီပေါ့။
သီးစုံချဉ်ဟင်း
သီးစုံချဉ်ဟင်းကတော့ လွယ်ပါတယ်။ အိမ်မှာကတော့
ဘူးသီး၊ ခရမ်းသီး၊ ရုံးပတီသီး၊ ပဲစောင်လျှား သီး၊ အာလူး၊ ပဲထည့်လိုက်တယ်။ ဟင်းခပ်အတွက်ကိုတော့
ပုဇွန်လေးထည့်မယ်။ အရင်ဆုံး ဇီယာကို ညက်အောင် ထောင်းပြီးမှ ငရုတ်သီးအရောင်တင်မှုန့်နဲ့
ကြက်သွန်နီထည့်ထောင်း။ နနွင့်မှုန့်လေးနည်းနည်း ဆီသတ်။ စိမ်းနံ့ ပျောက်ပြီးမွှေးလာပြီဆိုမှ
ဟင်းခပ်ထည့်မယ့် ပုဇွန်လေးနဲ့ ငါးငံပြာရည်လေးထည့်ပြီးလုံးပေး၊ ပြီးမှချက်ရတာကြာ တဲ့
အာလူးအရင်ထည့် အာလူးနူးခါနီးမှ ကျန်တဲ့အသီးအနှံလေးတွေထည့်ပြီးလုံး။ ရေထည့်ပြီးဆူလာလို့
အသီး အနှံလေးတွေလည်း နူးလာပြီဆိုရင် မန်ကျည်းမှည့်ရည်လေးထည့်။ အရသာမြည်းကြည့် အရသာကချိုချိုချဉ်ချဉ်
လေးနဲ့ အပေါ့အငံလေးလည်း စိတ်ကြိုက်ရပြီဆိုရင် ပျဉ်းတော်သိမ်ရွက်လေး အုပ်လိုက်ရုံပါပဲ။
ဒါဆိုရင်တော့ ငါးနီတူခြောက်ကြော် ကြွပ်ကြွပ်စပ်စပ်လေးနဲ့ အရမ်းလိုက်ဖက်ပြီး ကျန်တဲ့ဟင်းမလိုတဲ့
သီးစုံချဉ်ဟင်းလေးရပြီ ပေါ့။
ဖရဲသီးကျောက်ကျော
ဒီတစ်ပတ်အတွက်က ဟင်းနှစ်မျိုးနဲ့စားကောင်းမှာ
သေချာနေပြီ ဆိုတော့ အချိုပွဲအတွက် ဖရဲသီး ကျော်ကျောလေးလုပ်လိုက်ရအောင်။ ဖရဲသီးအလုံးသေးလေး
တစ်လုံးလောက်ကို အရှည်လိုက် ထက်ခြမ်း ခွဲပြီး အထဲကအတွင်းသားလေးတွေကို အသာလေးခြစ်ယူ။ အစေ့လေးတွေကို
ဖယ်လိုက်ပြီး Blender လေးထဲထည့် မွှေပြီး အရည်စစ်ယူ အဖတ်လေးတွေဖယ်ထား။ ဖရဲသီးခွံထဲကိုထည့်လို့ရလောက်မယ့်
ရေပမာဏကိုရောပြီး သကြားနဲ့ဆားနည်းနည်းထည့် ဆူလာအောင်တည်။ အချိုစိတ်ကြိုက်ရပြီဆိုမှ
သင့်တော်တဲ့အချိုးနဲ့ ကျောက်ကျောမှုန့်လေးထည့်ပြီး ငါးမိနစ်နဲ့ဆယ်မိနစ်ကြားမွှေပေး။
အစက်ချကြည့်လို့
ကျောက်ကျောခဲပြီဆိုရင် ဖရဲသီးအခွံထဲကို ကျောက်ကျောထည့်ပြီး အအေးခံ။ လုံးဝအေးသွားပြီဆိုမှ
ပလက်စတစ်လေးနဲ့ လေလုံအောင် ပတ်ပြီး ရေခဲသေတ္တာထဲမှာ အေးအေးလေးဖြစ်သွားအောင်ထားပြီး စားလို့ရပါပြီ။
လှီးလိုက်ရင် ဖရဲ့ခွံလေးနဲ့တွဲ ရက်လေးဆိုတော့ အမြင်လည်းဆန်း၊ လှလည်းလှပြီး စားလို့ကောင်းမှာ
သေချာတာပေါ့။
ဒီတစ်ပတ်ကတော့
ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင်
အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ
...
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
www.facebook.com/shapejournal
www.facebook.com/groups/weloveshape
#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
0 comments:
Post a Comment