ငါးဖယ်ငါးဆုပ်ဆီပြန်၊ ခရမ်းချဉ်သီးအချိုချက်၊ ဆူးပုပ်ဂွေးတောက်ရွက်ဟင်းချို







ဒီတစ်ပတ်တော့ ငါးဖယ်ငါးဆုပ်လေးကို ဆီပြန်အချဉ်လေးချက်မယ်။ ကျန်တဲ့အရံဟင်းတွေကိုတော့  သူနဲ့လည်းလိုက်ဖက် မယ်တော်မားသားလည်းအကြိုက်ဖြစ်မယ့် ခရမ်းချဉ်သီးလေးကိုအချိုချက်မယ်။ ဆူးပုပ် ရွက်နဲ့ဂွေးတောက်ရွက်ကိုရောပြီး ဟင်းချိုချက်လိုက်မယ်။ တက်တာခြင်းတွေ့ရင်အတက်ပြေ တယ်ဆိုတဲ့ စကား လည်းရှိတော့ အကြောတက်တာတွေလျှော့လောက်မှာပါ။ မယ်တော်မားသားရဲ့ထုံးစံအတိုင်း ငါးဖယ်ခြစ်ဝယ်ရင် ရှေ့မှာခြစ်တာကိုစောင့်ကြည့်ပြီးမှဝယ်မှာ သေချာတယ်။ ဘာဖြစ်လို့လည်းဆိုတော့ တချို့အသည်တွေက ငါး ဖယ်မဟုတ်တဲ့ ဒီ့ပြင်ငါးကိုရောထားတတ်တာမို့ပါ။ စားတဲ့အခါကျရင် ငါးဖယ်မစစ် ရင် စားရတာသိသာတယ်။ ငါးဖယ်အစစ်လောက်လည်း စားမကောင်းဘူးလေ။ ပြောနေတုန်းလေးမှာ မယ်တော်မားသားလည်း ပြန်ရောက လာပြီဆိုတော့ ချက်ရေးပြုတ်ရေးစလိုက်ရအောင်လား။ 

ငါးဖယ်ငါးဆုပ်ဆီပြန်
ကြက်သွန်ဖြူနဲ့ ဂျင်းလေးနဲနဲရောပြီး ညက်အောင်ထောင်းထားတဲ့အထဲကို ငါးဖယ်ခြစ်လေးထည့်ပြီး အစေးပေါက်တဲ့အထိထောင်းမယ်။ မထောင်းချင်လည်း ဇလုံတစ်လုံးထဲထည့်ပြီး ခပ်နာနာလေးပေါက်ပေး ရင် လည်းရပါတယ်။ ပြီးမှ ပုဇွန်ငံပြာရည်လေးလက်မှာဆွတ်ပြီး အစေးပေါက်နေတဲ့ ငါးဖယ်ခြစ်လေးတွေကို လိုချင်တဲ့နေရာလေးရအောင် ပြားထားလိုက်မယ်။ ပြီးမှဆီနဲ့ကျက်ရုံလေးကြော်ထားလိုက် ငါးဖယ်ဆုပ်လုပ်တဲ့ နေရာမှာ နည်းနည်းပိုတာလေးဖယ်ထားပြီး ခရမ်းသီးအချိုချက်တဲ့နေရာမှာ သုံးဖို့ဖယ်ထားလိုက်မယ်။ 

ငရုတ်သီး အရောင်တင်မှုန့် ကြက်သွန်နီရောထောင်းထားတာကို နနွင်းမှုန့်လေးနည်းနည်း ထည့်ပြီး ဆီသတ် ပုဇွန်ငံ ပြာရည်လေးပါတစ်ခါတည်းထည့် အားလုံးစိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုရင် ခုနကကြော် ထားတဲ့ ငါးဖယ် ငါးဆုပ် ကြော်လေးတွေကိုထည့်လုံးပေး ပြီးရင်ရေသင့်ရုံထည့် ရေနွေးနဲ့စိမ်ထားတဲ့ မန်ကျည်းမှည့်ရေလေးထည့် အရသာမြည်းကြည့်လို့ ချဉ်ချဉ်လေးနဲ့အရသာ အပေါ့အငန်ရပြီဆိုရင် ရေစင်စင်ဆေးပြီးလှီးထားတဲ့ ရှမ်းနံနံလေး ထည့်အုပ်လိုက်ရုံပေါ့။ ဒါဆိုရင်တော့ မန်ကျည်းမှည့်အရသာ ချဉ်ချဉ်လေးနဲ့ ရှမ်းနံနံမွှေးမွှေးလေးနဲ့ စားကောင်း မှာသေချာတဲ့ ငါးဖယ်ငါးဆုပ်ဆီပြန်ဟင်းလေးတစ်ခွက် ရပြီပေါ့နော်။ 

ခရမ်းချဉ်သီးအချိုချက်
ခရမ်းချဉ်သီးအချိုချက်ဖို့အတွက် ခရမ်းသီးကိုရေစင်စင်ဆေး၊ အနေတော်တုံးထား၊ ကြက်သွန်နီ တစ်ဥ လောက်ကိုခပ်ထူထူလှီးထား။ ခုနက ဟင်းခပ်လုပ်ဖို့ဖယ်ထားတဲ့ ငါးဖယ်ခြစ်လေးကို ရေနွေးအဖြူ နည်းနည်း ထည့်ပြီး ကြေရုံလေးခြေထား၊ အိုးထဲဆီနည်းနည်းထည့်ပြီး ဆီကျက်တာနဲ့ ကြက်သွန်နီမထူမပါး လှီးထား တာကိုထည့်ဆီသတ် နနွင်းမှုန့်လေးပါနည်းနည်းထည့် စိမ်းနံ့ပျောက်တာနဲ့ ခုနကရေနွေးဖြူလေး ထည့်ပြီး ခြေထားတဲ့ ငါးဖယ်ခြစ်လေးတွေထည့်၊ ပုဇွန်ငံပြာရည်လေးပါထည့် ခပ်နာနာလေးလုံးပေးပြီးမှ အနေတော် လေးတွေလှီးထားတဲ့ ခရမ်းသီးလေးတွေထည့် အရည်ခပ်စပ်စပ်လေးထားမှာဆိုတော့ ရေလေးပါနည်းနည်း ထည့် ခရမ်းသီးလည်းနူး၊ အရည်လေးလည်းနည်းနည်းနဲ့ ဆီကျန်ရေကျန်လေးဖြစ်ပြီး အရသာလေးလည်း စိတ်ကြိုက်ရပြီ ဆိုရင်တော့ ခရမ်းချဉ်သီးအချိုချက်လေးတစ်ခွက်ရပါပြီ။  

ဆူးပုပ်ဂွေးတောက်ရွက် ဟင်းချို
ဆူးပုပ်ဂွေးတောက်ရွက်ဟင်းချို အတွက်ကတော့ ဆူးပုပ်ရွက်ရော ဂွေးထောက်ရွက်ပါ ခြွေပြီးရေ စင်စင် ဆေး ရေစစ်ထား။ ကြက်သွန်နီမထူမပါးလှီးထားတာနဲ့ ပုဇွန်ခြောက်မှုန့်လေး မညက်တညက်ထောင်း ထားတာ ကို ဆီလေးနည်းနည်းထည့်ပြီးဆီသတ် ပုဇွန်ငံပြာရည်လေးပါ အနံ့သက်သာအောင် တစ်ခါတည်း ထည့် ပြီးမှရေသင့်ရုံထည့်ပြီး ဆူလာအောင်တည် ရေဆူလာရင်အပေါ့အငန်မြည်းကြည့်။ အဆင်ပြေပြီဆိုရင် ဆူးပုပ် ရွက်နဲ့ဂွေးတောက်ရွက်ခြွေထားတာကိုထည့် အရွက်လေးတွေ စိမ်းစိမ်းလေးဖြစ်အောင် အခါးလည်းသက်သာ အောင် ဂွေးတောက်ရွက်ကအခါး အရသာလေးနည်းနည်းထွက်ပြီဆိုတာနဲ့ မီးဖိုပေါ်ကချထားလိုက်ရုံပေါ့။ ဒါဆိုရင်တော့ ငါးဖယ်ငါးဆုပ်ဆီပြန် ချဉ်ချဉ်လေးရယ်၊ ခရမ်းချဉ်သီးချက်ချိုလေးရယ်နဲ့ တွဲစားဖို့ဆူးပုပ်ဂွေး တောက်ရွက်ဟင်းချိုလေးတစ်ခွက် ရပြီပေါ့။ ဒီတစ်ပတ်တော့ ဒီလောက်ပဲချက်ကြမယ်ဆွေမျိုးတို့ရေ။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ကြတာပေါ့။ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 


Share on Google Plus

0 comments:

Post a Comment