ငါးပြေမဆီပြန် ဘဲဥအာ လူးကြော် မုန်လာပင်ချဉ်ရည် ဟင်း










ဒီတစ်ပတ်တော့ မစားရတာကြာနေတဲ့ ငါးပြေမကိုရှမ်းနံနံနဲ့ အဆီပြန်လေးချက်စားမယ်ဗျာ။ မယ်တော် မားသားအကြိုက်လေးပေါ့။ အရည်ဟင်းကိုတော့ မယ်တော်မားသား ဈေးမှာအဆင်ပြေတာလေး ၀ယ်ခဲ့ဖို့ မှာလိုက်တယ်။ ကိုယ်ကတော့ မယ်တော်မားသားဈေသွားနေတုန်း အိမ်မှာရှိတဲ့ဘဲဥနဲ့ အာလူး ကိုကြော်ထား လိုက်မယ်။ အရံဟင်းလေးတစ်ခွက် ရအောင်ပေါ့နော်။ အဲဒီတော့ အိမ်မှာမယ်တော်မားသား ဈေးကပြန်မလာခင် ကိုယ်အရင်ချက်မယ့် အဲဥအာလူးကြော်လေးနဲ့ စလိုက်ရအောင်လား။

ဘဲဥအာလူးကြော်
အာလူးကိုအခွံခွာ အတုံးသေးသေးလေးတွေတုံး ဆားလေးနဲ့နယ်ပြီး ဆီလေးများများနဲ့ကြော်လိုက် မယ်။ အာလူးနူးညပီဆိုရင် ခနပြန်ဆယ်ထား ဆီလည်းတော်ရုံသင့်ရုံလေးနဲ့ ကြက်သွန်နီထူထူ လှီးထားတာ ကို နနွင်းမှုန့်လေးနည်းနည်းပါးပါးထည့်ပြီး ဆီသတ်ပြီးမှအာလူးပြန်ထည့် ရေလေးပါနည်းနည်းခြင်းထည့်ပြီး အာလူး နူးအိလာတဲ့အထိ ပြန်တည်ထားလိုက်မယ်။ အာလူးနူးအိလာပြီဆိုမှ နည်းနည်းခြေပေးလိုက်ပြီး ဘဲဥလေး ဖောက်ထည့်ပြီး မွှေပေးလိုက်ရုံပေါ့နော်။ အရသာလိုရင်တော့ ကြက်သားမှုန့်လေး ထည့် လိုက်ပေါ့။ 

ငါးပြေမဆီပြန်
ဘဲဥအာလူးကြော်လေးလည်းကျက် မယ်တော်မားသားလည်း ဈေးကနေပြန်ရောက်ဆိုတော့ အရည် သောက်ဘာပါလည်းကြည့်လိုက်တော့ မုန်လာပင်ပေါက်လေးကို ချဉ်ဟင်းလေးချက်စားချင်လို့ ၀ယ်လာခဲ့ တယ်။ သူ့ဟာနဲ့သ တော့ အစပ်ဟပ်လေးမိသွားတယ်ဆိုပါတော့ ငါပြေမကလည်း အကောင်ကြီးတွေ ရခဲ့တယ်။ တစ် ချို့ အကောင်တွေဆို ဥတွေတောင်ပါသေးတယ်။ ငါးပြေမကတော့ ကိုင်ပြီးသားဆိုတော့ ရေနဲ့သေချာပြန်စင် အောင်ဆေးပြီး တစ်ချက်နှစ်ချက်မွှန်း ပုဇွန်ငံပြာရည်လေးနဲ့နယ်ပြီး ခနနှပ်ထားလိုက်တယ်။ 

ငရုတ်သီးအရောင် တင်မှုန့်နဲ့ ကြက်သွန်နီမထူမပါးလှီးထားတာလေးထောင်းထားတာကို နနွင်း မှုန့်လေးနည်းနည်းထည့်ပြီးဆီသတ် စိမ်းနံ့ပျောက်လို့ မွှေးလာပြီဆိုမှ နှပ်ထားတဲ့ငါးကိုထည့်ပြီး အသာလေးမွှေပေးပြီးရင် ရေလေးနည်းနည်းထည့် ပြန်ပြီးဆီပြန်လာတဲ့အထိတည် ဆီလေးလည်းပြန် အရသာလေးလည်း အကြိုက်ရပြီဆိုရင် ရေစင်စင်ဆေးပြီး လှီးထားတဲ့ရှမ်းနံနံလေးအုပ်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ငါးပြေမဆီပြန်ဟင်း မွှေးမွှေးလေးတစ်ခွက်ရပြီပေါ့။

မုန်လာပင်ချဉ်ပေါင်ဟင်း
အရည်သောက်ချက်ဖို့ မုန်လာပင်ပေါက်လေးတွေကို ရင့်တာလေးတွေဖယ်၊ နုတာလေးတွေခြွေရေ စင်စင်ဆေးပြီး ရေပြန်စစ်ထား၊ မန်ကျဉ်းသီးမှည့်လေးကို ရေနွေးလေးနဲ့စိမ်ထား ကြက်သွန်နီကိုခပ် ထူထူလေး လှီးထား ဟင်းခပ်အတွက်ကတော့ အိမ်မှာအသင့်ရှိတဲ့ ပုဇွန်လေးလေးငါးကောင်ကို အခွံ ခွာပြီးခြေထားလိုက် တယ်။ ပုဇွန်မရှိလည်း ရှိတဲ့ပုဇွန်အခြောက်လေးထည့်ပေါ့။ 

မရှိတဲ့အဆုံးကြက်သားမုန့်နဲ့ချက်လည်း စားလို့ ကောင်းတာပါပဲ။ အရင်ဆုံး ကြက်သွန်နီလေး ဆီသတ် နနွင်းမှုန့်လေးနည်းနည်းပါထည့် ပုဇွန်ခြေထားတာ လေးပါထည့်ပြီး ပုဇွန်ငံပြာရည်လေးပါ တခါတည်းထည့်လုံးလိုက်တော့ ဟင်းရည်မှာငံပြာရည်နံ့သိပ်မထွက် တော့ဘူးပေါ့ ပြီးမှခြွေပြီးရေစစ်ထားတဲ့ မုန်လာပင်ပေါက်လေးတွေထည့်ပြီး ခနလုံးပေး ရေအသင့်တင့်ထည့်ပြီး ရေလည်းဆူ မုန်လာပင်ပေါက်လေးတွေလည်း နူးပြီဆိုမှ မန်ကျဉ်းမှည့်ရည်လေးထည့်ပြီး အရသာမြည်းကြည့်လို့ အဆင်ပြေပြီဆိုရင် မုန်လာပင်ပေါက်ချဉ်ဟင်းတစ်ခွက်ရပြီပေါ့။ ဆွေမျိုးတို့လည်း ပိတ်ရက်လေးမှာ ငါးပြေ မဆီပြန် ဘဲဥအာလူးကြော် မုန်လာပင်ပေါက်ချဉ်ဟင်းလေးနဲ့ မိသားစုစုံစုံညီညီလေးနဲ့ ထမင်းမြိန်မြိန်လေး စားနိုင်ကြပါစေလို့ဆုတောင်းရင်း နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံး အဆင်ပြေပျော်ရွှင်ကြပါစေ။
Royal
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 

Share on Google Plus

0 comments:

Post a Comment