ယဉ်တိုက်မှုမဖြစ်ရလေအောင်






နှစ်လမ်းသွားလမ်းကျဉ်းလေးထဲမှာ ကားမောင်းရတာ ယာဉ်အန္တရာယ်ဖြစ်နိုင်ချေ ရှုထောင့်ကကြည့်ရင် လုံးဝလုံခြုံမှုမရှိတဲ့အနေအထားပါ။ ကားလမ်းတစ်ခုတည်းပေါ်မှာ နှစ်စီးသုံးစီးဖြတ်သန်းသွားလာနေရ တာကြောင့် ဆန့်ကျင်ဘက်လားရာကလာတဲ့ကားနဲ့ ထိပ်တိုက်တိုးတိုက်မိတာမျိုးဖြစ်တတ်ပါတယ်။ ဒါပေမဲ့ လိုလျင်ကြံဆ နည်းလမ်းရဆိုတဲ့ပုံစံအတိုင်း ဒီလိုဆိုးဆိုးရွားရွားဖြစ်လာနိုင်စရာရှိတဲ့ ယာဉ်မတော် တဆ မှုမျိုးက ရှောင်ရှားနိုင်ဖို့ နည်းလမ်းကောင်းတွေလည်း ရှိနေတာပါ။

ညာဘက်ကပ်မောင်းပါ

နှစ်လမ်းသွားအဖြစ် အသုံးပြုနေရတဲ့လမ်းကျဉ်းလေးတွေကိုရောက်တိုင်း အမြဲညာက်လမ်းကြောင်း ကိုပဲရွေး ချယ်မောင်းနှင်သင့်ပါတယ်။ ကိုယ်နဲ့သိပ်မဝေးလှတဲ့အကွာအဝေးမှာ ထိမိတိုက်မိနိုင်စရာတစ်ခုခုရှိ တယ်လို့ ထင်ရင်ဟွန်းတီးပါ။ လိုအပ်ရင် 'မီး တောက်'ပြီးအချက်ပေးတာမျိုးလုပ်ပါ။ ကားမောင်းနေတဲ့အချိန်တိုင်း မျက်လုံးကိုသက်သောင့်သက်သာ အခြေအနေမျိုးဖြစ်အောင် ကြိုးစားထားသင့်သလို အရမ်းဝေးလွန်းတဲ့ အကွာ အဝေးမှာရှိနေတဲ့အရာတွေကို အများကြီးအာရုံမစိုက်မိအောင် ကြိုးစားသင့်သလို ကိုယ့်ရှေ့မှာ ရှိနေတဲ့ ကားတစ်စီးကို ကျော်တက်လိုရင်လည်း ကားနှစ်စီးအကြား တဖြည်းဖြည်းနီးကပ်လာချိန်မှာ ကိုယ်တိုင်မင်နဲ့ကိုယ် အကွာအဝေးကို ရေတွက်ရင်း သတိနဲ့ကျော်ဖြတ်သင့်တာပါ။

နေရာရမှကျော်တက်ပါ
အသွားအပြန်အသုံးပြုနေရတဲ့လမ်းကျဉ်းကျဉ်းမှာ ကားတစ်စီးနဲ့တစ်စီး ကျော်တက်ရတာလွယ်ကူတဲ့အ လုပ်တစ်ခုတော့မဟုတ်ပါဘူး။ ဆန့်ကျင်ဘက်ကလာနေတဲ့ ကားရှိ၊ မရှိသတိထားရတာခက်ခဲလွန်းပါတယ်။ ဒါ့အပြင် ရှေ့ကကားကွယ်နေတာကြောင့် မျက်နှာချင်းဆိုင်က ကားလာနေသလားဆိုတာလည်း အလွယ် တကူ သိရဖို့မဖြစ်နိုင်ပါဘူး။ အဲဒါကြောင့် ကားကျော်တက်ဖို့လုပ်ရင်းရှေ့ကကား ဘယ်လိုအချက်ပြနေ သလဲဆိုတာ ကြည့်ဖို့ ဘယ်တော့မှမမေ့သင့်သလို ကျော်တတ်နိုင်မယ့်နေရာအကျယ်အ၀န်း၊ ဆန့်ကျင် ဘက်က တစ်စုံတစ်ခု လာနေရင် ရှောင်ရှားနိုင်မယ့်အကွာအဝေးစတာတွေကို အကောင်းဆုံး တွက်ချက်ပြီးမှကျော်တက်ဖို့ ဆုံးဖြတ် သင့်ပါတယ်။

အချက်မပြရင်မကျော်နဲ့
ကိုယ့်ရှေ့မှာရှိနေတဲ့ကားက ကျော်ဖို့လမ်းမပေးရင် အရမ်းအရဲကိုးပြီး ကျော်မတက်သင့်ပါဘူး။ တတ်နိုင် သလောက်အရှိန်လျော့ပြီး ဒီကားနောက်မှာပဲ မှေးလိုက်သင့်ရင်လိုက်ရမှာပါ။ ကိုယ့်ကားက Manual ဖြစ်နေရင် ကားကျော်တက်ဖို့ပြင်ဆိုင်တိုင်း ဂီယာအသေးကိုရွေ့ထားဖို့ လိုအပ်သလို ကိုယ့်ရှေ့က ကား အပြင် နောက်မှာ ရော ကိုယ့်ကိုကျော်တက်လာမယ့်ကား ရှိနေသလားဆိုတာ နောက်ကြည့်မှန်ကတစ်ဆင့် အမြဲတမ်းကြည့်နေ ရမှာပါ။

ရှေ့မီးဖွင့်ထား

နောက်ဆုံးအရေးကြီးတဲ့အရာတစ်ခုကတော့ ကားကိုကျွမ်းကျွမ်းကျင်ကျင် ထိန်းချုပ်နိုင်ဖို့နဲ့ အယူအဆ တွေကို အကျွမ်းကျင်ဆုံး ဆ၀ါးနိုင်ဖို့ပဲဖြစ်ပါတယ်။ ကားတစ်စီးကို ဘယ်လိုအခြေအနေမျိုးမှာ ကျော်တက် မလဲ၊ ဘယ်လောက်အရှိန်အဟုန်နဲ့ ဘယ်လိုအကွာအဝေးရောက်ရင် ကျော်တက်နိုင်မလဲဆိုတာတွေက အတွေ့ အကြုံနဲ့ယှဉ်ပြီး ပေါ်ပေါက်လာနိုင်တဲ့အရာတွေပါ။ ဒါပေမဲ့ တစ်စီးနဲ့တစ်စီး ကျော်တက်တော့မယ် ဆိုရင် နောက်ထပ်ပြုလုပ်သင့်စရာ တစ်ချက်လည်းရှိနေပါသေးတယ်။ အဲဒါကတော့ ကိုယ့်ကရှေ့ကားကို ကျော်တက် တော့မယ်ဆိုရင် မီးဖွင့်ပြီးမှ ကျော်တက်တဲ့အလေ့အကျင့်ပါ။ ဖုန်ထူထပ်တဲ့လမ်းတွေ၊ ရုတ်တရက်မြင်နိုင်ဖို့ခက်ခဲ တဲ့နေရာမျိုးတွေမှာ မီးဖွင့်ပြီးကျော်တက်ရတာက ဆန့်ကျင်ဘက်ကလာနေတဲ့ကား ကိုယ့်ကိုသတိထား မိသွားနိုင်ပါတယ်။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment