အာရှတလွှားနာမည်ရလူကြိုက်များနေတဲ့ Pee Mak မင်းသား မာရီယို










Pee Mak လို့ပြောလိုက်ရင် မာရီယိုကိုတန်းပြီးမြင်လာသလို မာရီယိုဆိုရင်လည်း Pee Mak ကိုတန်းပြီးမြင်မိ မှာပါ။ ဒီတစ်ပတ်ရဲ့ Audience’s Choice ကဏ္ဍလေးအတွက်ကိုတော့ Pee Mak မင်းသားမာရီယို အကြောင်းရွေးထားပါတယ်။ သူကသိပ်မကြာသေးခင်ကပဲ Ponds’s Men Energy Charge ရဲ့ အရှေ့တောင်အာရှသံတမန်အနေနဲ့ ရန်ကုန်ကိုလာရောက်ခဲ့သူပါ။ 

အသက်(၁၆)နှစ်အရွယ်ကနေ အနုပညာလောကထဲဝင်လာခဲ့ပြီး မော်ဒယ်၊ ကြော်ညာနဲ့ သီချင်းတွေ မှာပါဝင်သရုပ်ဆောင်ထားပါတယ်။ မာရီယိုကို နာမည်ကြီးစေတာကတော့ The Love of Siam ဇာတ်ကား ပါ။ ဒီဇာတ်လမ်းတွဲမှာ Tong အနေနဲ့ပါဝင်သရုပ်ဆောင်ထားပြီး ထိုင်းနိုင်ငံမှာသာမက နိုင်ငံပေါင်းများစွာ ကိုလွှမ်းမိုးနိုင်ခဲ့ပါတယ်။ ၂၀၁၀ မှာရိုက်ကူးတဲ့ First Love ဇာတ်ကားမှာလည်း Chon အနေနဲ့ သရုပ်ဆောင် ထားပြီး အကောင်းဆုံးအမျိုးသားဇာတ်ကောင်ဆုကိုဆွတ်ခူးခဲ့ပါတယ်။ 

မြန်မာပရိသတ်အတော်များများကတော့ Pee Mak ဇာတ်ကားတွေမှာ မာရီယိုကိုစပြီး သတိပြမိလာကြပါ တယ်။ Pee Mak က Mae Nak Phra Khanong ဇာတ်ကားကိုပြန်လည်ရိုက်ကူးထားတဲ့ ထိုင်းဟာသ သရဲကားပါ။ Pee Mak ဇာတ်ကားက အာရှမှာအောင်မြင်မှုအကြီးအကျယ်ရရှိခဲ့ပြီး ထိုင်းဘတ်ငွေသန်း ၁၀၀၀ကျော် ၀င်ငွေစံချိန်တင်ခဲ့ပါတယ်။ မာရီယိုကလည်း Pee Mak ဇာတ်ကားနဲ့အတူ Thei Siam Dara Awards ကချီးမြှင့်တဲ့ အကောင်းဆုံးမင်းသားဆု Seventeen Choice Awards ကနေချီးမြှင့်တဲ့ ဆွဲဆောင်မှုအရှိဆုံးမင်းသားဆုတို့ကိုရခဲ့ပါတယ်။ 

ခုလိုအာရှတလွှားနာမည်ရလူကြိုက်များနေတဲ့ Pee Mak မင်းသား မာရီယိုနဲ့ သူ့အကြောင်းတစေ့တစောင်း အင်တာဗျူးဖြစ်ခဲ့ပုံကတော့ …

ခင်ဗျားအင်္ဂလိပ်စကားပြောကောင်းတယ်နော်။ ကျောင်းမှာသင်ခဲ့တာလား။
အများအားဖြင့်တော့အဖေနဲ့ပြောဖြစ်တာပါ။ 

ခင်ဗျားကဘာလူမျိုးလဲ။ ထိုင်းလူမျိုးစစ်စစ်လား။
ထိုင်းမှာမွေးခဲ့တာပါ။ ကြီးလာခဲ့တာလည်းထိုင်းမှာဘဲ။ အဖေကဂျာမန်လူမျိုးဖြစ်ပေမယ့် ဂျာမနီကိုတော့တစ်ခါမှမရောက်ဖူးပါဘူး။ 

ခင်ဗျားမှာချစ်သူရှိတယ်ဆိုတော့ တခြားမိန်းကလေးတွေဝန်းရံနေတော့ သူမနာလိုမဖြစ်ဘူးလား။
သူသ၀န်မတိုပါဘူး။ သူကကျွန်တော့်အလုပ်ကိုနားလည်ပေးတယ်။ ကျွန်တော့်ကိုပရိသတ်တွေ ချစ်တာကိုလည်းနားလည်ပေးတယ်။ ပြီးတော့ ကျွန်တော့်ဇာတ်ကားတွေကိုလည်းကြိုက်တယ်။ 

ခင်ဗျားက အရင်ကတည်းကမင်းသားဖြစ်ချင်ခဲ့တာလား။
ပထမဆုံးရုပ်ရှင်မှာက ငွေရဖို့အခွင့်အရေးရလို့ရိုက်ဖြစ်သွားတာပါ။ သရုပ်ဆောင်အတွက်မဟုတ်ဘူး။ ငွေကြေးကြောင့်ပါ။ လွန်ခဲ့တဲ့ Love of Siam ရိုက်တုန်းက ကျွန်တော်က (၁၈)နှစ်ပဲရှိသေးတာ။
အခုလိုအောင်မြင်မှုရနေတော့ ခင်ဗျားဘ၀ပြောင်းလဲသွားတာမျိုးရှိပါသလား။
အကြီးမားဆုံးအပြောင်းအလဲကတော့ အခုဆိုကျွန်တော်မှာအချိန်နည်းနည်းပဲရှိတော့တယ်။ သူငယ်ချင်းတွေနဲ့အပြင်ထွက်ရင်တောင် သရုပ်ဆောင်ရမယ့်ဇာတ်ကွက်ကိုလေ့လာဖို့ စောစောပြန်ရမျိုးပေါ့။  

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment