ကြက်ခြောက်စပ်၊ ပဲကြီးဆူးပုပ်နှပ်၊ မရမ်းပတက်စာဟင်းချို။










          ဒီတစ်ပတ်ပိတ်ရက်လေးမှာတော့ မယ်တော်မားသားစားချင်တဲ့ ဟင်းပွဲအတွဲအစပ်လေးပြန် ချက်မယ်။ ဆွေမျိုးတို့ရေ ရာသီစာလေးကတော့ မပါမဖြစ်ပေါ့နော်။ သူ့ရာသီနဲ့သူ ပေါ်တာလေးတွေက ရာသီအလိုက် ထမင်းစားလို့မြိန်တယ်လို့ ကြားဖူးတယ်လေ၊ အဓိကနေနဲပ ကြက်သားကိုခြောက်စပ်လေး ချက်လိုက်မယ်။ ပြီး တော့ ပဲကြီးကိုဆူးပုပ်ရွက်နဲ့ နှပ်ချက်လေးချက်မယ်။ အရည်သောက်အတွက်ကတော့ ရာသီပေါ်မရမ်းသီးနဲ့ ပတက်စာကို ဟင်းချိုလေးချက်လိုက်မယ်။ ဒါဆိုရင်တော့ မယ်တော်မားသား စားချင်နေတဲ့ ဟင်းပွဲအတွဲအစပ် လေးရပြီပေါ့နော်။ မယ်တော်မားသားဈေးကပြန်လာပြီး ဈေးခြင်းတောင်းလေးချလိုက်ရင် ကိုယ်ကချက်ရေးပြုတ် ရေးစရတော့တာပေါ့နော်။

ကြက်ခြောက်စပ်
          ကြက်သားကို CP ကြက်ရင်ပုံရွေးထားလိုက်တယ်။ သူ့ကိုအရိုးထွင် အသားကြီးဖယ်ပြီး ဖဲ့လို့ကောင်းမဲ့  အရွယ်တုံး၊ ဆားလေးနည်းနည်းထည့်နယ်ပြီး ကျက်ရုံလေးကြော်ထားလိုက်မယ်။ ပြုတ်ပြီးချက်လည်း ရပေမယ့် ကြော်ပြီးပြန်ချက်တာက ပိုမွှေးတဲ့အတွက် ကျွန်တော်ကတော့ ကြက်ခြေထောက်စပ်ချက်ရင် ကြော်ပြီးမှပဲချက် လေ့ရှိပါတယ်။ ကျက်ရုံကြော်ထားတဲ့ ကြက်ရင်ပုံသားကို အမွှာလေးတွေဖြစ်အောင် လက်နဲ့ဖဲ့ပြီးမွှထား ငရုတ်သီးခွဲခြမ်း၊ ကြက်သွန်နီဥသေးတစ်ဥလောက်နဲ့ ကြက်သွန်ဖြူတစ်တက်လောက်ကို ရောထောင်းပြီးမှ နနွင်း မှုန့်နည်းနည်းထည့်ပြီး ဆီသတ်၊ စိမ်းနံ့ပျောက်လို့မွှေးလာပြီဆိုမှ ပုဇွန်ငံပြာရည်နဲ့ကြက်သားမှုန့်လေး သင့်ရုံထည့် ဆီသတ်ပြီးမှ ခုနကမွှထားတဲ့ ကြက်သားလေးတွေထည့်ပြီး မီးနည်းနည်းလေးနဲ့ ခြောက်ခြောက်ကြွပ်ကြွပ်လေးရ တဲ့အထိ ဖြည်းဖြည်းချင်းကြော်လိုက်ရုံပေါ့နော်။ ဒါဆိုရင်တော့ ကြက်ခြေထောက်စပ် မွှေးမွှေးလေး တစ်ပွဲရပြီ ပေါ့။

ပဲကြီးဆူးပုပ်နှပ်
          ပဲကြီးကိုရေသေချာပြန်ဆေး၊ မကောင်းတာတွေဖယ်၊ ရေပြန်စစ်ထား၊ ကြက်သွန်နီဥလတ်တစ်ဥ လောက်ကို မထူမပါးလှီးပြီး ရွှေညိုရောင်လေးရတဲ့အထိ ကြော်ပြီးရင် ပြန်ဆယ်ပြီးဆီစစ်ထား၊ ကြက်သွန်ဖြူတစ်  တက်လောက်ကို အခွံခွာ ရေဆေးပြီး ဓားပြားရိုက်စဉ်းထားတာကို ဆီသတ်စိမ်းနံ့ပျောက်လို့  မွှေးလာပြီဆိုမှ ရေစစ်ထားတဲ့ ပဲကြီးထည့် နနွင်းမှုန့်နည်းနည်းပါထည့်ပြီး ခပ်နာလေးလုံးပေး၊ ဆားနည်းနည်းနဲ့ရောပြီး နူးအောင် တည်ထား၊ ပဲကြီးနူးခါနီးပြီဆိုမှ အရသာအိပြီး ဆီပြန်လာခါနီးမှခြွေပြီး ရေစင်စင်ဆေး၊ ရေစစ်ထားတဲ့ ဆူးပုပ်ရွက် ထည့်၊ နောက်ဆုံးမှ ကြက်သွန်နီကြော်လေးတွေကို အပေါ်ကနေ အုပ်ပေးလိုက်မယ်ဆိုရင် စားလို့ကောင်းမှာ သေချာတဲ့ ပဲကြီးဆူးပုပ်နှပ်ဟင်းတစ်ခွက် ရပါပြီ။

မရမ်းသီး ပတက်စာဟင်းချို
          အရင်ဆုံး ခုနကြက်ရင်ပုံက အသားဖယ်ထုတ်လို့ပိုတဲ့ ကြက်ရိုးလေးတွေကို ပုဇွန်ငံပြာရည်လေး ထည့် ပြီး နူးအောင်ပြုတ်ထား၊ ကြက်ရိုးနူးခါနီးမှ ကြက်သွန်နီခပ်ထူထူလေးလှီးထားတာရယ်၊ မရမ်းသီးကို အလုံးလိုက် အထဲက အစေ့အိမ်ကိုမထိအောင် မွှန်းထားတာကိုထည့်ပြီး မရမ်းသီးကအချဉ်ထွက်လာတဲ့အထိတည်ထား၊ မရမ်းသီးက အချဉ်ထွက်လာမှ အရသာအပေါ့အငံမြည်းကြည့်၊ အချဉ်အငံစိတ်ကြိုက်ရပြီဆိုမှ ရင့်တာ၊ မလိုတာ လေးတွေဖယ်ပြီးခြွေ၊ ရေစင်စင်ဆေး ရေစစ်ထားတဲ့ ပတက်စာလေးထည့်လိုက်ရုံပါပဲ။ ဒါဆိုရင်တော့ ကြက်ခြေ ထောက်စပ်လေးရယ်၊ ပဲကြီးဆူးပုပ်နှပ်လေးရယ်နဲ့ တွဲစားလို့အဆင်ပြေမှာသေချာတဲ့ မရမ်းသီးပတက်စာဟင်းချို ချဉ်ချဉ်မွှေးမွှေးလေး ရပြီပေါ့။
          ဒီတစ်ပတ်ကတော့ မယ်တော်မားသားအကြိုက်လေး ဦးစားပေးချက်ဖြစ်တယ်ဆိုပေမယ့် ကိုယ်လည်း စားလို့ကောင်းမှာ သေချာပါတယ်။ ဆွေးမျိုးတို့လည်း မိသားစုထမင်းဝိုင်းလေးမှာ အရသာစုံစုံလင်လင်နဲ့ စားလို့ မြိန်ကြပါစေလို့ ဆန္ဒပြုလိုက်ပါတယ်။ နောက်တစ်ပတ်မှ နောက်တစ်မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။
          အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။
Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 

Share on Google Plus

0 comments:

Post a Comment