လူဆိုတာအမှားနဲ့ကင်းတဲ့ သတ္တ၀ါမဟုတ်ပါဘူး။
ဒါကြောင့် နေ့ဓဒူဝလှုပ်ရှားနေရမှုတွေထဲမှာ အပြု
သဘောဆောင်တဲ့ အလုပ်တွေလုပ်နေတဲ့ကြားက အမှားတွေလည်းရောထွေးပြီး ပါသွားတတ်ကြတာပါ။ ဒါဆို
ရင် ဒီအမှားတွေကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်ကြမလဲ။ လူတစ်ဦးနဲ့တစ်ဦး ခံယူပုံချင်းမတူနိုင်သလို
ရင်ဆိုင်ရတဲ့ အခက်အခဲတွေကို ကျော်ဖြတ်ရာမှာလည်း ဖြေရှင်းပုံခြင်းကွဲပြားနေမှာ အသေအချာပဲဖြစ်ပါ တယ်။
တကယ် လို့ ကိုယ်က မော်တော်ကားမောင်းသူတစ်ဦးဖြစ်နေရင်ရော အမှားတွေကျူးလွန်မိတဲ့အခါ ဒီအမှားတွေကို
ဘယ်လိုရင်ဆိုင် ကျော်ဖြတ်မှာလဲ။ အထူးသဖြင့် ယာဉ်ထိန်းရဲက ကိုယ့်ကားကို တားဆီး လိုက်ချိန်မှာ
ဘယ်လို သူ့ကို ရင်ဆိုင်မလဲ။ ယာဉ်ထဲရဲကြောင့် စိတ်အနှောင့်အယှက်ဖြစ်ရသူတွေအတွက် သူတို့နဲ့ရင်ဆိုင်ရချိန်မှာ
အေးအေးညောင်းညောင်းနဲ့ ပြေလည်ရာပြေလည်ကြောင်း ကိစ္စပြီးပြတ်နိုင်စေဖို့ အကြံကောင်းလေးတွေမျှဝေ
ပေးချင်ပါတယ်။
သတိအနေအထား ရှိနေပါ
တကယ်လို့ ယာဉ်ထိန်းရဲက ကိုယ့်ကားကိုတားဆီးလိုက်ပြီဆိုရင်
ပထမဆုံးကိုယ့်ကိုယ်ကို ပြန်သတိ ပေးပြီး သတိအနေအထားနဲ့ အသင့်ဖြစ်နေဖို့လိုအပ်ပါတယ်။
ယာဉ်ထိန်းရဲတားပြီဆိုကတည်းက ကိုယ့်က အပြစ်တစ်ခုမဟုတ်တစ်ခု ကျူးလွန်ထားလိုက်တာကြောင့်လို့
သတ်မှတ်ခံထားရပါပြီ။ ဒီတော့ ကိုယ့်ဘက်က မှန်တယ်လို့ ထင်မြင်ယူဆနေတဲ့အခါ သူ့ကိုအကျိုးသင့်အကြောင်းသင့်
ဆီလျော်အောင် ပြန်ရှင်းပြနိုင်ဖို့ မဖြစ်မနေ လိုအပ်နေမှာပဲဖြစ်ပါတယ်။ ညဘက်ဖြစ်နေတဲ့အခါ
ကားအတွင်းပိုင်းမှာရှိနေတဲ့ကိုယ့်ကို သူမြင်နိုင် အောင် အတွင်းပိုင်းမီးကို ပထမဆုံးဖွင့်လိုက်ဖို့လိုအပ်မှာပါ။
ပြီးရင် တော့ နောက်တစ်ဆင့် လုပ်ရမှာက တင်ထားတဲ့ မှန်တွေကိုအောက်ကိုချလိုက်ဖို့ပါပဲ။
ဒါကတော့ ကိုယ့်ဆီစကားပြောဖို့ ယာဉ်ထိန်း ရဲရောက်လာချိန်မှာ မဖြစ်မနေပြုလုပ်ရမယ့်အရာ
တစ်ခုဖြစ်ပါတယ်။ တကယ်လို့များ ကိုယ်ကရေဒီယို ဒါမှမဟုတ် သီချင်းဖွင့်ထားရင်း ကားမောင်းလာခဲ့တာဆိုရင်တော့
ယာဉ်ထိန်းရဲ ကိုယ့်အနားကိုရောက် လာချိန်မှာ အလိုက်တသိ ပိတ်ပေးလိုက်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒါတွေက ဦးစားပေးအနေနဲ့ ပြုလုပ်ရမယ့်အရာတွေဖြစ်ပြီး နောက်တစ်ဆင့်အနေနဲ့ ဆိုရင်တော့ ကားစက်ကိုသတ်ပေးလိုက်ရမှာပါ။
ဒါမှသူ့ကို ကိုယ်ကအလေးထားပြီး ဆက်ဆံမှန်း သူသတိထားမိ သွားမှာဖြစ်သလို ကိုယ့်ကိုအပြစ်ရှာ ဖို့မောင်းတင်လာတဲ့သူ့ကို
အတိုင်းအတာတစ်ခုအထိ ပြေပြေပြစ်ပြစ်ဖြစ်သွား အောင် ဖန်တီးလိုက်သလို လည်း ဖြစ်သွားမှာအသေအချာပါ။
ဒီအဆင့်မှာ နောက်ဆုံးတစ်ခုအနေနဲ့ လုပ်ဖို့ကျန် ရှိနေသေးတာကတော့ ကားလက်ကိုင်ဘီးကို ထိန်းချုပ်မောင်းနှင်လာတဲ့
ကိုယ့်လက်နှစ်ဖက်စလုံးကို ယာဉ် ထိန်းရဲ ထင်သာမြင်သာရှိအောင်ထားတတ်ဖို့ပဲ ဖြစ်ပါတယ်။
လေးစားမှုပြသနိုင်ပါစေ
ကိုယ့်အနားကို ချဉ်းကပ်လာတဲ့ ယာဉ်ထိန်းရဲကို
''အရာရှိ''ဆိုတဲ့အသုံးအနှုန်းနဲ့ ယဉ်ယဉ်ကျေးကျေး ခေါ်ဆိုနိုင်ဖို့ လိုအပ်မှာဖြစ်ပါတယ်။
ဒါကတစ်ဖက်လူကို အလွန်အမင်းဝပ်တွားခယစေတဲ့ သဘောမျိုးနဲ့ မျက်နှာ လုပ်ခိုင်းတာမဟုတ်ပါဘူး။
ကိုယ့်ကို အပြစ်တင်ကြိမ်းမောင်းဖို့ရည်ရွယ်ချက်မျိုး တစ်ဖက်လူမှာ ရှိခဲ့ရင်တောင် အတိုင်းအတာတစ်ခုအထိ
သူ့ရဲ့ဒေါသတွေကို ချုပ်ငြိမ်းသွားစေအောင် ကိုယ့်ဘက်ကလေး စားမှုပြသခိုင်းတာ ဖြစ်ပါတယ်။
ဒီလိုခေါ်လိုက်ခြင်းအားဖြင့် ကိုယ့်မှာဆုံးရှုံးသွားတာမရှိသလို တစ်ဖက်လူကို လည်း အတိုင်းအတာ
တစ်ခုအထိ စိတ်ကျေနပ်မှုရရှိသွားစေမှာ အသေအချာပါ။ ဒါကြောင့် ဖြစ်နိုင်သမျှ သူ့ကိုလေးစားသမှုနဲ့
ဆက်ဆံ မိလိုက်ဖို့ လိုအပ်နေမှာဖြစ်ပါတယ်။
အမှန်တရားကိုပြောဖို့ ဘယ်တော့မှမမေ့ပါနဲ့
ကိုယ့်ကို စစ်ဆေးမေးမြန်းဖို့ ရောက်လာတဲ့ယာဉ်ထိန်းရဲကို
အဖြစ်မှန်တွေအတိုင်းဝန်ခံလိုက်ဖို့ ဘယ် တော့မှမေ့မနေသင့်ပါဘူး။ အမှန်အတိုင်းဝန်ခံလိုက်ခြင်းဟာ
ပြဿနာတစ်ဝက်လောက်ကို ဖြေရှင်းပြီးဖြစ်
လောက်အောင် ဖြစ်သွားလှတာမို့ ဘယ်လိုအခြေအနေ အချိန်အခါမျိုးပဲရောက်နေပါစေ အမှန်တရားကို
လက်ကိုင်ထားဖို့ ဘယ်တော့မှတွန့်ဆုတ်မနေသင့်ပါဘူး။
ကိုယ်က အမှန်တကယ်လုပ်ခဲ့မိတာ တစ်ခုအတွက် ဘယ်တော့မှ မလုပ်ခဲ့ဘူးလို့မငြင်းကွယ်သင့်သလို
လုပ်ခဲ့မိတဲ့အပြစ်တစ်ခုအတွက်လည်း မလုပ်ခဲ့မိသယောင် ဟန်ဆောင်မနေသင့်တာပါ။ ဒါပေမယ့် မလိုအပ်ဘဲ
အလွန်အမင်းစကားဝင်များနေတဲ့ အပြုအမူမျိုးကိုတော့ မလုပ်မိအောင် ရှောင်ရှားသင့်ပါတယ်။
ဖြစ်နိုင်ရင် နှုတ်ဆိတ်နေသင့်နေလိုက်ရမှာပါ။ ဒီနေရာမှာ အမှတ်ရသင့် တာက''နှုတ်ဆိတ်ခြင်းသည်
ထောင်တန်၏''ဆိုတဲ့ စကားပုံကို ဖြစ်ပါတယ်။
သူနဲ့သွားမငြင်းခုန်နဲ့
နောက်ထပ်အရေးကြီးတဲ့ အချက်တစ်ချက်ကတော့
''ယာဉ်ထိန်းအရာရှိနဲ့ စကားနိုင်သွားမလုဖို့ပဲ ဖြစ်ပါ တယ်။ ကိုယ်ဖြစ်တဲ့ကိစ္စမှာ ယာဉ်ထိန်းရဲစိတ်ဝင်စားမှုမြင့်မားလာအောင်
အလွန်အမင်းငြင်းခုန်ခြင်းက အကောင်းထက် အဆိုးဘက်ကို ပိုရောက်သွားစေမှာဖြစ်တာကြောင့်
သတိတရရှောင်ရှားသင့်တယ်လို့ ပြောချင်တာပါ။ တကယ်လို့ ကိုယ်ကအတ္တလွန်ကဲပြီး ငြင်းခုန်နေခဲ့မယ်ဆိုရင်
အပ်နဲ့ထွင်းရမယ့်ရောဂါက ပေါက်ဆိန်နဲ့ပေါက်ရတတ်သလို သတိပေးခံရရုံနဲ့ပြီးသွားနိုင်တဲ့
ဖြစ်ရပ်တစ်ခုက မလိုအပ်ဘဲရုံးရောက်၊ ဂတ် ရောက် ဖြစ်သွားနိုင်တဲ့အထိ ကြီးထွားသွားနိုင်တာကြောင့်ပဲ
ဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုပြဿနာမျိုးနဲ့
ရင်ဆိုင် ရပြီဆိုရင် ငြင်းခုန်ခြင်းနဲ့ဝန်ခံခြင်းကြားမှာ ဥာဏ်ကိုမျှတအောင်လွှာပြီး အသုံးပြုတတ်ဖို့လည်း
မဖြစ်မနေလိုအပ် မှာပါ။
အာကာထက်ဝေ
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment