ဝက်သားဆီပြန်၊ မန်ကျည်းရွက်သုပ်၊ အာလူးသခွားသီးအရည်သောက်။










ဆွေမျိုးတို့ရေ ဒီတစ်ပတ်နားရက်လေးမှာတော့ ၀က်ပေါင်သားလေးဆီပြန်ချက် မန်ကျည်းရွက် လေးသုပ် အရည်သောက်ကျတော့ ပအို့တောင်ယာဟင်းလေးပေါ့။ အရသာစုံစုံလေးနဲ့ စားကောင်းအောင် လည်းချက်ရသေးတယ်ဗျ။ ရာသီဥတုက အရမ်းပူတော့ မယ်တော်မားသားလည်း သိပ်ပြီးမစားနိုင်ဘူးလေ။ အဲဒါကြောင့် ကိုယ်နားရတဲ့ အားလပ်ရက်လေးမှာ မယ်တော်မားသားစားလို့ အဆင်ပြေအောင်လည်း ချက်ပေးဖြစ်တယ်။

ဝက်သားဆီပြန်
ဝက်ပေါင်သားလေးကို အတုံးခပ်သေးသေးလေးတွေတုံး ပုစွန်ငံပြာရည်လေးနဲ့နယ်ပြီး ခဏနှပ်ထား၊ အနှစ်များများလေးနဲ့ချက်မှာဆိုတော့ ကြက်သွန်နီများများလေးထည့်မယ်ပေါ့။ သရုပ်ကောင်း၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူကိုရောပြီး မညက်တညက်လေးထောင်းထားတာကို နနွင်းမှုန့်လေးထည့်ပြီး ဆီသတ် စိမ်းနံ့ပျောက် လို့မွှေးလာမှ ခုနကနှပ်ထားတဲ့ ၀က်သားထည့်ပြီးရေခန်းပြီး ဆီပြန်တဲ့ထိခပ်နာနာလေးလုံးပေး၊ ပြီးမှ ရေနည်း နည်းချင်းထည့်ပြီး နူးတဲ့အထိတည်။ နူးတဲ့အချိန်ကျ ဆီကျန်ရေကျန်လေးဖြစ်အောင်ထား၊ ဒါမှ အနှစ်လေး က ထမင်းနဲ့ နယ်စားရင် စားလို့ကောင်းမှာပေါ့နော်။

မန်ကျည်းရွက်သုပ်
မန်ကျည်းရွက်နုလေးတွေကို နည်းနည်းရင့်တာလေးတွေဖယ် အနုလေးတွေကြီးပဲ ရေစင်စင်ဆေး ရေစစ်ပြီး နည်းနည်းပြန်လှီးထား မြေပဲနဲ့ပုစွန်ခြောက်ကို မညက်တညက်ထောင်းထားပြီးရင် အားလုံးကို မြေပဲ ဆီနဲ့ဆားလေးသင့်ရုံထည့်ပြီး ခပ်ဖွဖွလေးနယ်။ အရသာမြည်းကြည့်လို့ အဆင်ပြေရင် ၀က်သားဆီပြန် ဟင်းနဲ့လိုက်ဖက်မှာသေချာတဲ့ အအီပြေမန်ကျည်းရွက်သုပ် ဟင်းတစ်ပွဲရပြီပေါ့။

အာလူးသခွားသီးအရည်သောက်
အာလူးကိုအခွံခွာ မထူမပါးလေးလှီးထား၊ သခွားသီးကိုလည်း အခွံခွာ သူ့ကိုတော့ ခပ်ထူထူလေး လှီးထား၊ ပြီးရင် ငရုတ်သီးခွဲခြမ်းမှုန့် နည်းနည်းနဲ့ ကြက်သွန်နီမထူမပါး လှီးထားတာကိုဆီသတ်၊ စိမ်းနံ့ ပျောက်လို့မွှေးလာပြီဆိုမှ ခုနက လှီးထားတဲ့အာလူးထည့်လုံး၊ ရေနည်းနည်းချင်းထည့်ပြီး နူးအောင်တည်။ အာလူးနူးခါနီးပြီဆိုမှ ရေကိုကိုယ်လိုသလောက်ထည့် သခွားသီးထည့်၊ အရသာအတွက်ကတော့ ဆားနဲ့ကြက် သားမှုန့်လေးထည့်ပေါ့နော်။ ဒါဆိုရင်တော့ အာလူးသခွားသီးအရည်သောက် ခပ်စပ်စပ်လေးရပြီပေါ့။ ပအို့လူမျိုး တွေ တောင်ယာထဲမှာ အလွယ်တကူချက်စားလေ့စားထရှိတဲ့ အရည်သောက်ဟင်းလေးတစ်မျိုးပေါ့။ 

ဒီတစ်ပတ်ကတော့ ဒီလောက်ပဲချက်ရအောင်လား၊ ဆွေမျိုးတို့ရာ နောက်တစ်ပတ်မှ နောက်တစ် မျိုးချက်ဖို့ ပြန်ဆုံကြတာပေါ့နော်။ အားလုံးအဆင်ပြေပျော်ရွှင်ကြပါစေ။

Royal

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment Journal မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

#အပတ်စဉ်စနေနေ့တိုင်းထွက်ပြီ #စိတ်ရွှင်လန်းဖို့စာဖတ်စို့
#Weekly #Saturday #ရှိတ်ပ်
 
 

Share on Google Plus

0 comments:

Post a Comment