ရွှေသမီး နဲ့ ခဏတာ







အနုပညာအလုပ်တွေကို တစ်ခုနဲ့တစ်ခုမထပ်အောင် လုပ်နေရတဲ့အပေါ်မှာ ကိုယ့်ရဲ့အနုပညာအပေါ် မှာထားတဲ့ ခံစားချက်တွေက ဘယ်လိုမျိုးလဲ …
အဓိကကတော့ စိတ်ပါပဲ။ စိတ်အပြောင်းအလဲလုပ်ပြီးတော့မှ တစ်ကားနဲ့တစ်ကား မတူအောင်လုပ် ရတယ်။ နောက်ပြီး ဇာတ်ညွှန်းကို သေချာဖတ်ပြီး နားလည်အောင် လုပ်ပြီးတော့မှရိုက်ပါတယ်။

ပရိသတ်တွေကိုအသစ်တွေ အမြဲတမ်းပေးနိုင်ဖို့အတွက် ဘယ်လိုမျိုးလေ့လာသလဲ …

အဓိကကတော့ အိုက်တင်ပိုင်းတွေကိုလေ့လာရတယ်။ ရိုက်ပြီးသမျှကားတွေရဲ့ သရုပ်ဆောင်တာကို ပြန်ကြည့်ပြီး တစ်ကားနဲ့တစ်ကား ဘာလေးတွေမတူသလဲ၊ ဘယ်လိုလေးတွေလုပ်သွားလဲဆို တာကိုပြန်ကြည့် တယ်။ ပရိသတ်တွေကတော့ အနုပညာရှင်တွေရဲ့ ကာရိုက်တာကိုကြည့်ကြတယ်။ သရုပ်ဆောင်တာ ကိုကြည့်ကြတာပေါ့။ ဒါကြောင့်မို့လို့ အ၀တ်အစားပိုင်းဆိုလည်း သေချာလေးပြင်ဆင်တယ်။ ပရိသတ်တွေက အသစ်အဆန်းတွေဆိုရင် ပိုကြည့်ချင်ကြတယ်။ ပိုပြီးစိတ်ဝင်စားကြတယ်။ ဒါကြောင့် ကိုယ့်ဘက်ကလည်း ပရိသတ် စိတ်ဝင်စားအောင်နဲ့ အကောင်းဆုံးဖြစ်အောင် လုပ်ရတယ်။

မျှော်လင့်ချက်တွေ၊ ယုံကြည်ချက်တွေ အများကြီးပေးဆပ်ထားတဲ့ အနုပညာလောကထဲမှာ ပြန်လည်ရယူနိုင်ဖို့ အတွက် ဘယ်လောက်အထိမျှော်လင့်ထားလဲ…
ပရိသတ်ကကိုယ့်ကိုချစ်တဲ့ အနုပညာရှစ်တစ်ယောက်ပေါ့။ ကိုယ့်ကိုယုံယုံကြည်ကြည်ချစ်ပေမယ့် ပရိသတ်တွေကိုချစ်တယ်။ အနုပညာကို ကိုယ်က၀ါသနာအရမ်းပါလို့ လုပ်ရတာဖြစ်တဲ့အတွက် ပရိသတ်တွေရဲ့ လက်ခုပ်သံ၊ အားပေးမှု၊ ယုံကြည်မှု၊ ချစ်ခင်မှုတွေကိုပဲမျှော်လင့်ပါတယ်။ အနုပညာရှင်တိုင်းမှာ ရည်မှန်းချက် တစ်ခုစီတော့ရှိကြတယ်။ ကိုယ်လျှောက်တဲ့လမ်းပေါ်မှာ မှတ်ကျောက်လေးတစ်ခုတော့ တင်ချင်ကြတယ်။ ရချင်ကြတယ်၊ ရှိချင်ကြတယ်။ အဲဒါပါပဲ ကျန်တာတွေကတော့ အများကြီးမျှော်လင့်ထားတာမရှိပါဘူး။

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဘယ်လိုအရည်အချင်းမျိုးတွေရှိသင့်တယ်ထင်လဲ …

သရုပ်ဆောင်ကောင်းတစ်ယောက်ဖြစ်ဖို့ ဆိုရင်တော့ အိုက်တင်ပိုင်းရော၊ ကိုယ်ရည်ကိုယ်သွေးရော၊ ပရဟိတစိတ်ဓာတ်ရော၊ ကိုယ်ချင်းစာတရားရောအကုန်ပါပါတယ်။ အကုန်လုံးပြည့်စုံမှလည်း အနုပညာရှင် ကောင်းတစ်ယောက်ဖြစ်မယ်လို့ ယုံကြည်တယ်။ မရှိသေးရင်လည်းပြုပြင်ရမှာပေါ့။ လူဆိုတာကတော့ အမြဲတမ်း တော့ Prefect မဖြစ်နိုင်ဘူး။ ကိုယ့်ရဲ့စီနီယာတွေရော၊ ဂျူနီယာတွေ၊ ဆရာသမားတွေရဲ့ စကားကို သေချာနားထောင်ပြီး Respect ပေးရမယ်လို့ထင်ပါတယ်။

ကိုယ့်ရဲ့အနုပညာအတွက် ၀ါသနာအတွက် အချိန်၊ ငွေကြေး၊ ဘ၀ဘယ်အရာကပိုပြီး ပေးဆပ်ရအများဆုံးလဲ…
အဓိကအချိန်ပေါ့။ ဒီအနုပညာအလုပ်က အခုလုပ်အခုအောင်မြင်တာမဟုတ်ဘူး။ တကယ်ကြိုးစားမှု တကယ်စိတ်နှစ်မှသာပန်းတိုင်ကို မြန်မြန်ရောက်တာပါ။ ညီမကတော့ အနုပညာအလုပ်ကို လုပ်တာ ၂ နှစ်ပဲရှိပါသေးတယ်။

ပြိုင်ဆိုင်မှုတွေပြင်းထန်တဲ့ အနုပညာလောကထဲမှာ ဘယ်လိုပုံစံမျိုးနဲ့နေထိုင်မလဲ…
ဒီအနုပညာအလုပ်ကို ၀ါသနာပါတာ ညီမတစ်ယောက်ထဲ မဟုတ်ဘူးလေ။ လူငယ်တွေကြားမှာရော အနုပညာအလုပ်ကိုစိတ်ဝင်စားကြတယ်။ ပိုပြီးတော့လည်း လုပ်လာကြတယ်။ အခုကအခွင့်အရေးတွေလည်း အများကြီးရှိလာပြီဆိုတော့ အားလုံးကဒီအလုပ်ကို စိတ်ဝင်စားကြတယ်။ ကြိုးစားကြတယ်။ တစ်ယောက်နဲ့တစ် ယောက်အပြိုင်အဆိုင်တွေလည်း ပေါ်လာကြတယ်။ အဲဒီအတွက်လည်း ကောင်းပါတယ်။ ကောင်းတယ်ဆိုတာ က ဒီအပြိုင်အဆိုင်လေးတွေရှိတဲ့အတွက် ကိုယ့်ကိုယ်ကိုယ်ကြိုးစားချင်စိတ်တွေ အရမ်းများလာတယ်။ ကိုယ့်ရဲ့ စိတ်ကိုပြင်ဆင်ထားရမယ်။ အလုပ်တစ်ခုကို ငါလုပ်နိုင်မလား၊ မလုပ်နိုင်လားဆိုတာကို ကြည့်ရမှာပေါ့။ ညီမက တော့ မှန်မှန်လေးနဲ့ ကိုယ့်ကြိုးစားမှုအတိုင်းသွားနေတာပါ။ ဘယ်သူနဲ့မှမယှဉ်ပြိုင်ပါဘူး။

အနုပညာရှင်တိုင်းက ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး သုံးသပ်တာချည်းပဲ။ ကိုယ်ကရောဘယ်လို ပုံစံမျိုးနဲ့သုံးသပ်လဲ…
ဇာတ်ကားတွေထွက်လာရင်လည်း သေသေချာချာလေး ပြန်ကြည့်ဖြစ်တယ်။ ငါဘယ်နေရာမှာ မကောင်းဘူး။ ဒါကြောင့် နောက်တစ်ခါ ဘယ်လိုလေးလုပ်မယ်ဆိုတာကို စဉ်းစားရတာပေါ့။ နောက်ပိုင်းတွေ မှာလည်းဆင်ခြင်ဖြစ်လာတယ်။ ကားရိုက်များလာတာနဲ့အမျှ ၀ါရင့်သရုပ်ဆောင်တွေနဲ့ ကားတိုင်းမှာဆုံဖြစ် တယ်။ သူတို့ကို ကိုယ်မသိတာလေးတွေ ဘယ်လိုလုပ်ရမယ်ဆိုတာကိုမေးပြီး သုံးသပ်တတ်လာတာပေါ့။

မျိုးဆက်သစ်တွေကြားမှာ ကိုယ့်နာမည်ပျောက်မသွားဖို့ အတွက်ဘယ်လိုပုံစံမျိုးနဲ့သွားဖို့ ပြင်ဆင်ထားလဲ…
ပရိတ်သတ်ရိုးမသွားအောင် ကာရိုက်တာတစ်မျိုးတည်း လုပ်လို့မရတော့ဘူး။ ဇာတ်လမ်းတွေပြောင်း ပြောင်းပြီး ကာရိုက်တာအစုံရိုက်ရတယ်။ ဒရာမာရော၊ ဟာသရော၊ ဖန်စီရော၊ ရိုမန့်တစ်အချစ်ကားတွေ ရောရိုက်မှ ပရိသတ်အမြင်ဆန်းပြီး မရိုးနိုင်မှာပါ။ ဖက်ရှင်ပိုင်းကိုလည်း တစ်ကားနဲ့တစ်ကားမတူအောင် သေချာလေးလုပ်ရတယ်။ ပရိသတ်တွေကတောင်းဆိုမယ်ဆိုရင် သီချင်းတွေလည်းဆိုမယ်ပေါ့။ ပရိသတ်ကို စိတ်ချမ်းသာစေချင်တယ်။ သူတို့ရဲ့ဘ၀အမောတွေပြေစေဖို့အတွက် ညီမကကြိုးစားပြီးလုပ်သွားမှာပါ။

အနုပညာရှင်တစ်ယောက်အနေနဲ့ အောင်မြင်ချင်တာလား၊ ကျော်ကြားချင်တာလား…
အဲဒီစကားလုံးက တူမလိုနဲ့ကွဲပြားသွားတာပေါ့။ အောင်မြင်တာကတော့ ပိုကောင်းမယ်။ ဒါကလည်း ကိုယ့်ကြိုးစားမှုပေါ်မှာ မူတည်တယ်လေ။ ကံ၊ ဉာဏ်၊ ၀ီရိယသေချာလေးလုပ်ရမယ်ဆိုရင် အောင်မြင်မှာပါ။ ကျော်ကြားတာကတော့ ကောင်းသောကျော်ကြားခြင်းရှိသလို၊ မကောင်းတဲ့ကျော်ကြားခြင်းမျိုးလည်းရှိတယ်။ ညီမကတော့ ကျောင်းသောကျော်ကြားခြင်းမျိုးပဲ လိုလားပါတယ်။

ကိုယ့်အနေနဲ့ဇာတ်ကားတွေရိုက်တဲ့နေရာမှာရော ခွဲခြားထားတာမျိုးတွေရှိလား
ရုပ်ရှင်ကားကြီးပဲရိုက်ရိုက်၊ ဗီဒီယိပဲရိုက်ရိုက် ညီမအနေနဲ့ သရုပ်ဆောင်ပိုင်းလျော့မသွားအောင် ကြိုးစားပါတယ်။ သရုပ်ဆောင်ပိုင်းမှာလည်း အတူတူပါပဲ။ အ၀တ်အစားပိုင်းလည်းပြင်ဆင်ရတယ်။ ဗီဒီယိုကား ကရိုက်ပြီးတာနဲ့ သုံးလလောက်နေရင်ထွက်ရော။ ရုပ်ရှင်ကားကြီးကျတော့ ရုံတင်ဖို့ကြာတယ်။ အဲဒါကြောင့် အ၀တ်အစားတွေကို သေချာပြင်ဆင်ရပါတယ်။ ခွဲခြားထားတာတော့မရှိပါဘူး။

အလှအပနဲ့ပတ်သက်တာတွေကို ပြောပြရမယ်ဆိုရင်…
မိန်းကလေးတစ်ယောက်အတွက် ပြီးပြည့်စုံတဲ့အလှအပကို ပိုင်ဆိုင်နိုင်ဖို့၊ စိတ်ထားလေးကောင်းဖို့က အဓိကကျတယ်လို့ထင်တယ်။ နောက်ပြီး ကိုယ်ကျင့်သိက္ခာလည်း ကောင်းဖို့လိုတယ်။ အလှအပနဲ့ ပတ်သက်ရင် တော့ Skin Care တွေသုံးဖြစ်တယ်။ မိတ်ကပ်ကိုတော့ ပွဲရှိမှလိမ်းတယ်။ မိတ်ကပ် လိမ်းလို့ရှိရင်လည်း ကိုယ့်ရဲ့မျက်နှာက မေးရိုးကိုသတိထားပြီးချရတယ်။ နောက်ပြီးမျက်လုံးပေါ့။ eyeshow အမဲရောင်ချယ်တွေ က မျက်လုံးကို ပိုပြူးစေတယ်။ ဒါကြောင့်မို့ သတိထားရတာပေါ့။ ဆံပင်အတွက်ဆိုရင်တော့ ဆိုင်မှာ တစ်ခါတလေ ပေါင်းတင်တယ်။ နောက်ခေါင်းလျှော်ခါနီးတိုင်း သံလွင်ဆီလိမ်းပြီးမှလျှော်တယ်။ ဆံပင်ကတော့ ခုနောက်ပိုင်းအနုပညာ အလုပ်တွေလုပ်မှ ကောက်တာ ဖြောင့်တာတွေလုပ်ဖြစ်တာဆိုတော့ မပျက်စီးသေးဘူး။ ဒါပေမဲ့ ဆံပင်ကိုတစ်ခေါင်းလုံး ကောက်ချင်တယ်။ သူငယ်ချင်းတွေ၊ မိတ်ကပ်ဆရာတွေက ဆံပင်ပျက်ဆီး မှာစိုးလို့ မလုပ်ခိုင်းဘူး။

မရှိမဖြစ်အသုံးဝင်တဲ့ကား
ကားဆိုတာကတော့ အနုပညာရှင်တွေအတွက် အရမ်းကိုအသုံးဝင်ပါတယ်။ တစ်နေရာနဲ့တစ်နေရာက အစပေါ့။ နောက်ပြီး အောက်ဒိုးထွက်ရင်လည်း အ၀တ်အစားလဲတဲ့အခါပဲဖြစ်ဖြစ်၊ ထမင်းစားတာပဲ ဖြစ်ဖြစ် နေရာမရှိရင် ကားပေါ်မှာပဲလုပ်ရတာလေ။ ဒါကြောင့်မို့ ကားဆိုရင် ညီမကခပ်ကြီးကြီးလေးပေါ့။ ကျယ်ကျယ် ပြန့်ပြန့်ရှိတာကိုပိုကြိုက်တယ်။ အရောင်တွေဘာတွေမရွေးဘူး။ သက်သောင့်သက်သာလေးဖြစ်ရမယ်ပေါ့။ ကားရှေ့ခန်းမှာ အရုပ်ကလေးတွေထားရတာကို ၀ါသနာပါတယ်။ ဒါပေမဲ့လည်းမထားဖြစ်ဘူး။ ကိုယ့်ပစ္စည်းနဲ့ တင်ရှုပ်ရှက်ကိုခက်နေတာပဲ။

ဖုန်းအသစ်ပေါ်တိုင်းလိုချင်တယ်
ဖုန်းပေါ်တိုင်း ချိန်းချင်တဲ့ဝါသနာပါတယ်။ ဖုန်းအသစ်ထွက်လို့ ကိုယ်ကမကိုင်နိုင်သေးဘူးဆိုရင် သူငယ်ချင်းဆီကခဏယူပြီး ကောင်းလား၊ မကောင်းလားဆိုပြီးစပ်စုကြည့်တယ်။ ဖုန်းအသစ်ကိုင်ချင်ပေမယ့် ကိုယ်သုံးနေတဲ့ဟာကို လဲပစ်ရမှာကိုလည်း နှမြောတယ်။ ညီမကဖုန်းဝယ်မယ်ဆိုရင် ကင်မရာလည်း ကောင်းတာကိုပဲ ရွေးဝယ်တယ်။

အဉ္ဇလီ



-------------------------------------------------------- ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape



Share on Google Plus

0 comments:

Post a Comment