ကားမောင်းရင်း အိပ်မငိုက်ရလေအောင်









ကားမောင်းနေချိန်အတွင်း အိပ်ငိုက်တတ်ပါသလား။ တကယ်တော့ ဒီဖြစ်ရပ်က ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖြစ်ရပ်တစ်ခုဆိုပေမယ့် အသက်နဲ့လောင်းကြေးထပ်ရလောက်အောင် အန္တရာယ်ကြီးမားတယ်ဆိုတာ အားလုံး သိကြမှာပါ။ သာမန်ထက်ပိုတဲ့ ခရီးအကွာအဝေးတစ်ခုကို မောင်းနှင်ရပြီဆိုရင် အထူးသဖြင့် ညဘက်သွားလာ ရတာမျိုးဖြစ်နေရင် ကားမောင်းသူအချို့က အိပ်ငိုက်တတ်ကြပါတယ်။ သတိထားနေတဲ့ကြားက ဒီလိုပြဿနာ မျိုးတွေဖြစ်လာပြီဆိုရင် ဘယ်လိုရပ်တန့်ပစ်ရမလဲ။ ကိုယ့်အသက် အန္တရာယ်ကိုမထိခိုက်အောင် ဘယ်လို နေထိုင်ရမလဲဆိုတာနဲ့ ပတ်သက်ပြီး အကြံဉာဏ်ပေးချင်ပါတယ်။

အစားအသောက်ဆောင်ထားပါ

ကားမောင်းနှင်သူအတော်များများ ကွမ်းစားတတ်ကြတာဟာ ဒီအချက်ကြောင့်ပဲလို့ တချို့ကဆိုကြပါ တယ်။ ပါးစပ်ကအနားယူချိန်မရလောက်အောင် လှုပ်ရှားရတာကြောင့် အိပ်ငိုက်တဲ့စိတ်ကိုအတိုင်း အတာတစ်ခု အထိလွင့်ပါးသွားစေမှာ အသေအချာပါပဲ။ ဒါပေမဲ့ ကွမ်းမစားတတ်သူတွေကတော့ အခြားပေါ့ပါးတဲ့စားစရာ တစ်မျိုးမျိုးကိုဆောင်ထားရပါလိမ့်မယ်။ ပန်းသီး၊ လိမ္မော်သီးစတဲ့အစားအစာတွေအပြင် သံပုရာ၊ ရှောက်သီး စတဲ့စားသောက်ကုန်တွေကို အခြေခံထုတ်လုပ်ထားတဲ့ အစားအစာတွက အိပ်ငိုက်ချင်စိတ်ကိုအတိုင်းအတာအ တော်များများအထိ လျော့ချပေးနိုင်မှာအသေအချာပဲဖြစ်ပါတယ်။ ဒီနေရာမှာတစ်ခုသတိထားရမှာကတော့ အစာစားခြင်းက အိပ်ငိုက်တာကိုလျှော့ချပေးနိုင်ဖို့ပဲဖြစ်သင့်ပြီး အစားကိုအာရုံစိုက်လွန်းတဲ့ ယာဉ်မတော်မဆမှု ဖြစ်တာမျိုး မရှိအောင်ရှောင်ရှားနိုင်ဖို့တော့ လိုအပ်မှာပါ။

သကြားရှောင်ပါ

အိပ်ငိုက်ပြေအောင်စားတဲ့အခါ သကြားပါတဲ့အစားအစာတွေကို ရှောင်ရှားသင့်ပါတယ်။ ဘာကြောင့် လဲဆိုရင် သကြားဟာ လူဦးနှောက်ကို သက်ရောက်မှုအတော်များများ ဖြစ်စေနိုင်တာကြောင့်ပါပဲ။ သကြား ပါဝင်တဲ့ အစားအစာတွေစားတဲ့အခါ အိပ်ငိုက်တဲ့စိတ်ဖြစ်လာတတ်သလို အချိန်နည်းနည်းကြာလာရင် ဦး နှောက်ကိုလေးလံထိုင်းမှိုင်းလာစေမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါကြောင့် အိပ်ငိုက်ပြေအောင်စားတဲ့ အစား အစာတွေထဲမှာ သကြားဓာတ်မပါအောင် တတ်နိုင်သလောက်ဂရုစိုက်ရပါလိမ့်မယ်။

ပီကယ်ဝါးပါ

တကယ်တော့ ပါးစပ်ကိုတမင် အလုပ်ပေးခိုင်းထားတဲ့သဘောပဲ ဖြစ်ပါတယ်။ ပီကယ်ဝါးနေတဲ့အတွက် ဘယ်လိုအကျိုးအမြတ်တွေ ရလာနိုင်စရာရှိလည်းဆိုရင်တော့ ရှင်းပါတယ်။ ပါးစပ်ကိုမနားရအောင် လှုပ်နေရတဲ့ အတွက် သမ်းဝေချိန်ရမှာမဟုတ်ပါဘူး။ ဒီတော့အိပ်ငိုက်မယ့် အန္တရာယ်ကိုအလိုအလျောက် တားဆီးပြီးဖြစ်နေ ပါလိမ့်မယ်။

တစ်ခုခုနဲ့အလုပ်များနေလိုက်ပါ
နေကြာစေ့ဝါးနေတာ၊ အာလူးကြော်လေးတွေစားနေတာ စတဲ့အချက်တွေကလည်း အိပ်ငိုက်နေတဲ့ စိတ်ကိုအတိုင်းအတာတစ်ခုအထိ လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ဒီနည်းလမ်းနှစ်ခုကတော့ လူတိုင်းအတွက် အလုပ်မဖြစ်နိုင်ပေမယ့် တချို့အတွက်အတော်လေး တာသွားလွန်းတာပါ။ ကားမောင်းရင်းအိပ်ငိုက်တတ်သူ တွေအတွက်တင်မကဘဲ အစည်းအဝေးခန်းထဲမှာငိုက်မြည်း နေတတ်သူတွေအတွက်ပါ အဆင်ပြေစေမှာ ဖြစ်ပါတယ်။

သီချင်းနားထောင်ပါ
စိတ်အနှောင့်အယှက်ဖြစ်စရာ ကောင်းလောက်အောင်ကို နိုးကြားနေစေမှာဖြစ်ပါတယ်။ ဒါပေမဲ့ ကား မောင်းနေတဲ့အချိန် အိပ်ငိုက်တတ်သူတွေအတွက်ကတော့ ဆေးနည်းကောင်းတစ်ခု ဖြစ်နေမှာအသေအချာ ပါပဲ။ ဒါပေမဲ့အိပ်ငိုက်ချင်သလိုဖြစ်နေတဲ့အခါ နားထောင်တဲ့သီချင်းက ကိုယ်အကြိုက်နှစ်သက်ဆုံးသီချင်း ဖြစ်မနေဖို့ လိုအပ်သလို ကာရန်မညီဘဲအိပ်ချင်စိတ်ကို ဖျောက်ပေးထားနိုင်တဲ့ဂီတမျိုး ဖြစ်နေဖို့လိုအပ်ပါတယ်။ ကျယ်ကျယ်လောင်လောင်ရှိနေပြီး စိတ်ဓာတ်နိုးကြားလာအောင် လှုံ့ဆော်ပေးနိုင်မယ့် သီချင်းမျိုးဖြစ်နေဖို့ လိုအပ်လှတာပါ။

မီးဖွင့်ထားပါ
ညဘက်မှာမောင်းနှင်နေရတဲ့ အခြေအနေမျိုးဆိုရင်တော့ ကားအတွင်းခန်းမီးကိုဖွင့်ထားဖို့ လိုအပ်ပါ တယ်။ အမှောင်ဓာတ်ဟာအိပ်ချင်စိတ်ကို နှိုးဆွပေးမယ့် Melatonin ဟော်မုန်းကိုထုတ်ပေးတတ်လို့ ကား အတွင်းပိုင်းမီးကို ဖွင့်ထားတာကလည်း ကိုယ့်ရဲ့ငိုက်မြည်းတတ်တဲ့စိတ်ကို မောင်းထုတ်ရာရောက်မှာပါ။

အာကာထက်ဝေ

--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment