Social Media ကို ဘယ်လိုသုံးမလဲ…









ထိရောက်တဲ့စီးပွားရေးဆက်ဆံရေးသမားတွေဆိုရင် စာရွက်တွေအများကြီးနဲ့ ရှည်လျားထွေပြားတဲ့ စာတွေပေးတာထက်ထိ ရောက်ပြီး တိုတောင်းတဲ့ memo လေးတွေက ပိုထိရောက်တယ်။ အပြည့်အစုံ report ကြီးထက် အကျဉ်းချုပ်ကောက်ချက်လေးတွေကပိုကောင်းတယ်။ presentation လုပ်မယ်ဆိုရင် စာလုံးရေထောင်ချီတဲ့ Slide တွေထက် အဓိကကျတဲ့ပုံလေးတွေနဲ့ပြတာက ပိုအဆင်ပြေတယ်ဆိုတာကို နားလည်နိုင်မှာပါ။ နည်းလေကောင်းလေဆိုတာကို ကျွန်တော်တို့အားလုံး သဘောပေါက်ကြပါတယ်။

ဒါပေမယ့်သမားရိုးကျစီးပွားရေးဆက်ဆံမှုတွေမှာ ဆရာတစ်ဆူဖြစ်နေတဲ့သူတွေတောင်မှ တကယ်တမ်းမှာ အွန်လိုင်းနဲ့ဆိုရင် အခက်အခဲတွေ့ကြရပါတယ်။ စာလုံးရေဘယ်လောက်ပါတယ်ဆိုတာက စတိုင်တစ်ခု ဆိုတာထက်ကို လိုအပ်ချက်တစ်ခုအနေနဲ့လုပ်ရတတ်တာမျိုး၊ အွန်လိုင်းမှာ ပြောကြဆိုကြရေးကြ သားကြပြီဆိုရင် တစ်ဘက်ကနားလည်လွယ်ရမယ်၊ ချိတ်ဆက်နိုင်မှုအားကောင်းရမယ်။ ဖြစ်နိုင်ရင် ဟာသလေးတွေစွက်တတ်ရမယ်စသည်ဖြင့် အဆိုပြုချက်တွေအများကြီးနဲ့မို့ လက်ရှိရင်ဆိုင်နေရတဲ့ စီးပွားရေးပြဿနာတွေထဲမှာ အရေးကြီးဆုံးပြဿနာတွေထဲက တစ်ခုဖြစ်လာပါတယ်။ ဒါကြောင့်မို့ ဒီနေရာမှာ Social Media တွေကနေတစ်ဆင့် message တွေ ဘယ်လိုပေးပို့နိုင်မယ်၊ ထိရောက်မှုရှိအောင် ဘယ်လိုလုပ်နိုင်မယ်ဆိုတာကို Guide Line လေးတွေပေးချင်ပါတယ်။

ပုံမှန်စီးပွားရေးစာတွေရေးတာနဲ့ အွန်လိုင်းစာတွေရေးတာ ဘာကွာသွားသလဲဆိုတော့ အဓိကက သာမန် စာရေးရင် formal အရမ်းဆန်ဖို့လိုပြီး Social Network က status တွေနဲ့ text message တွေ ကတော့ formal သိပ်မဆန်လည်း ပြဿနာတော့မရှိပါဘူး။ ဥပမာ အားဖြင့် သမားရိုးကျ news release headlines တွေကိုရေးသလိုမျိုး tweet တွေရေးတယ်ဆိုရင် ပျင်းစရာ တောင့်တောင့်ကြီးဖြစ်နေမှာပါ။ 

ဒါကြောင့်စကားပြောဆန်ဆန် tone နဲ့ ပေါ့ပေါ့ပါးပါးလေးရေးချလိုက်ရမှာပါ။ အဲဒီလိုရေးချင်တယ်ဆိုရင် ကိုယ်ရေးတဲ့စာကို အသံထွက်ပြီးရွတ်ကြည့်ရင်း အဆင်ပြေမပြေနားထောင်ကြည့်တာက နည်းလမ်းကောင်း တစ်ခုပါ။ ကိုယ့်ဖုန်းက text-to-speech နဲ့အသံထွက်ခိုင်းပြီး နားထောင်ကြည့်လည်းအလုပ်ဖြစ်ပါတယ်။

ဒါပေမယ့် သိပ်လည်းပေါ့ပေါ့ပါးပါးတော့ လုပ်လို့မရပြန်ပါဘူး။ လူအမျိုးမျိုးစိတ်အထွေထွေဆိုတဲ့အတိုင်း တချို့က စာကြီးပေကြီးဆန်ချင်သူတွေလည်းရှိပါတယ်။ ကိုယ့် Facebook profile မှာတောင်မှပဲ လူအမျိုးမျိုး ရှိနေတတ်တာမို့ ပရိုဆန်ဆန်ရပ်တည်နိုင်ရင်ပိုကောင်းပါတယ်။ အဲဒီလိုပြောလို့လဲ “သောက်ကျိုးနည်း” တို့၊ မြတ်စွာဘုရားတို့၊ သေစမ်းဆိုတာမျိုးတို့ လုံးဝမပြောရဘူးမဟုတ်ပါဘူး။ ဒါပေမယ့် တစ်ခါတလေ အစည်း အဝေးလုပ်ရင် ကြိတ်မနိုင်ခဲမရထွက်သွားတဲ့ စကားလုံးလောက်အဆင့်မှာပဲရှိသင့်ပါတယ်။

နောက်တစ်ခုက ကိုယ်ပြောတဲ့စကားဟာ ကိုယ့်စကားကိုကြားနိုင်မယ့် လူတွေရဲ့အနေအထားနဲ့ လည်းဆိုင် ပါတယ်။ ဥပမာ ရုံးကအစည်းအဝေးမှာပြောတဲ့စကားနဲ့ အပြင်မှာ လူ၅၀၀လောက်ကို မိန့်ခွန်းပြောတဲ့ စကား မတူပါဘူး။ ကိုယ့်အထက်အရာရှိကိုပြောတာနဲ့ ကိုယ့်ရုံးက သာမန်အောက်လက်ငယ်သား ၀န်ထမ်း ကိုပြော တာနဲ့လည်း မတူနိုင်ပါဘူး။ အဲဒီတော့ ကိုယ်ဘယ်လိုနေရာမှာ၊ ဘယ်သူတွေကို၊ ဘယ်လိုလူမျိုးတွေ ကို ဘယ်လိုပြောရမလဲဆိုတာကအရေးကြီးပါတယ်။ ဥပမာ Facebook မှာဆိုရင် မိတ်ဆွေပြော၊ သူငယ်ချင်းပြော ပြောကြတာ၊ ပုံတွေတင်တာကသိပ်အပြစ်ပြောစရာမဟုတ်ပေမယ့် Linkedin လိုမျိုးမှာတော့ ဒါကဂရုစိုက်ရမယ့်ကိစ္စဖြစ်လာပါပြီ။ နောက်မှတ်ထားရမှာက email သည် chatting မဟုတ်ပါဘူး။ အာလာပသလလာပပြောတmမျိုးကို email တွေမှာ ရှောင်နိုင်ရင်ကောင်းပါတယ်။ 

အလုပ်နဲ့ဆိုင်တာကိုပဲအဓိကပြောပြီး တိုတိုနဲ့ရှင်းရှင်းပြောတတ်ဖို့၊ အချက်အလက်ကိုနည်းနိုင် သမျှအနည်း ဆုံးနဲ့ အစုံလင်ဆုံးဖြစ်နိုင်သမျှ အဖြစ်နိုင်ဆုံးပေးရပါမယ်။ အင်တာနက်ဆိုတာ အစဉ်ထာဝရဖြစ် တယ်ဆို တာသတိရပါ။ ကိုယ့်အကြောင်းတစ်ခုခု အင်တာနက်ပေါ်ရောက်သွားရင် အဲဒါကိုလုံးလုံးလျားလျား ပြန်ဖယ်ရှားပစ်ဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ သတိထားပါ။ တကယ်လို့ ကိုယ်ကတစ်ခုခု Email ပို့လိုက် တယ်ပေါ့။ အဲဒါကို ပြန်ပြီးနောက်ပြန်ဆုတ်ဖို့ဆိုတာ မဖြစ်နိုင်တော့ဘူး။ အဲဒီတော့ အွန်လိုင်းပေါ် ကကိုယ့်အပြုအမူတွေဟာ ကိုယ်တိုင်တာဝန်ယူနိုင်၊ လက်နိုင်၊ ခြေနိုင်ဖြစ်တာမျိုး ဖြေရှင်းလို့ရနိုင်တာမျိုးလောက်ပဲ ဖြစ်သင့်ပါတယ်။

ဒီအချက်တွေကိုလိုက်နာသွားမယ်ဆိုရင် ကိုယ့်ရဲ့အွန်လိုင်းနဲ့ Social Mesia အပြုအမူတွေကြောင့် လုပ်ငန်းခွင်မှာ၊ မျက်နှာပျက်ရတာမျိုး၊ အခက်အခဲဖြစ်ရတာမျိုးတွေ လျော့ပါးသွားမှာပါ။ အဓိကသိရမယ့်အချက်က Online ဟာ မျက်နှာချင်းဆိုင်တွေ့ကြတာမျိုးမဟုတ်တဲ့အတွက် ပိုသတိထားဖို့လိုသလို၊ လိုတိုရှင်းထိရောက်မှုရှိဖို့လည်း လိုတယ်ဆိုတာကို အဓိကမှတ်သားထားစေချင်ပါတယ်။ ဒါဆိုရင်တော့ အရင်တုန်းကဘယ်လိုမှမရဘူးတဲ့ပုံစံနဲ့ကို လုပ်ငန်းခွင်ထဲမှာ လုပ်ဖော်ကိုင်ဖက်တွေ၊ စီးပွားဖက်တွေ၊ ဖောက်သည်တွေနဲ့ဆက်ဆံရေးမှာ ပိုမိုနီးကပ်ရင်းနှီးမှုရှိလာမှာပါ။

မင်းသုနောင်


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

Share on Google Plus

0 comments:

Post a Comment