အနုပညာရှင်ကြေးအမြင့်ဆုံးနှင့် ဖက်ရှင်အကျဆုံးအနုပညာရှင် ဆိုနမ်ကာပူး










ဒီတစ်ပါတ်ရဲ့ Audience’s Choice ကဏ္ဍအတွက်ကိုတော့ ဟောလိဝုဒ်ရဲ့နာမည်ကြီး မင်းသမီးတွေ ထဲက တစ်ယောက်ဖြစ်တဲ့ ဆိုနမ်ကာပူးအကြောင်းရွေးချယ်ထားပါတယ်။ ကာပူးက ဘောလိဝုဒ်ရုပ်ရှင်လောကမှာ အနုပညာကြေးအမြင့်ဆုံးသရုပ်ဆောင်တွေထဲကတစ်ဦးဖြစ်သလို အိန္ဒိယအနုပညာလောကမှာ ဖက်ရှင်အကျဆုံးအနုပညာရှင်အနေနဲ့ သတ်မှတ်ခဲ့ထားရသူပါ။ Filmfare Award ကိုလည်း (၅)ကြိမ်တိုင်လျာထားခံခဲ့ရပါသေးတယ်။ 

သရုပ်ဆောင် အယ်နီကာပူးရဲ့သမီးတစ်ဦးဖြစ်ပြီး အနုပညာသွေးပါလာသူပီပီ စင်္ကာပူနိုင်ငံက United World Collage Of South East Asia မှာ ပြဇာတ်နဲ့သရုပ်ဆောင်ပညာကိုသင်ယူခဲ့ပါတယ်။ လီလာ ဆန်ဘလီရဲ့ Black ဇာတ်ကားအတွက် လက်ထောက်ဒါရိုက်တာအနေနဲ့လည်း ပါဝင်ကူညီပြီးနောက်မှာတော့ Saawariy ဇာတ်ကားမှာပါဝင်သရုပ်ဆောင်ခွင့်ရလာပါတယ်။ 

အဲဒီကားနဲ့အတူ ဆိုနမ်က Filmfare Award for Best Female Subut ဆုလျာထားခြင်းခံရပါတယ်။ ဒီဇာတ်ကားအောင်မြင်မှုနဲ့အတူ I Hate Luv Storys ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခွင့်ရလာခဲ့ပါတယ်။ ဒီကြားကာလထဲမှာ ရိုက်ကူးခဲ့တဲ့ရုပ်ရှင်တွေက စီးပွားရေးအရအောင်မြင်မှုမရခဲ့ပေမယ့် Raanjhanaa ဇာတ်ကားက Best Actress ဆုလျာထားခြင်းခံရပြီး သူ့ဘ၀ရဲ့အလှည့်အပြောင်းကြီး တစ်ခုဖြစ်လာခဲ့ ပါတယ်။ ၂၀၁၄ ခုနှစ်က Koobsuat ၊ ၂၀၁၅ ခုနှစ် Dolly Ki Doli ဇာတ်ကားတွေက Filmfare Award for Best Actress ဆုလျာထားခြင်းခံခဲ့ရပြန်ပါတယ်။ Prem Ralan Dhan Payo ဇာတ်ကားမှာပါဝင် သရုပ်ဆောင်ပြီးနောက်မှာတော့ ဘောလိဝုဒ်ရုပ်ရှင်လောကရဲ့ ထိပ်တန်းမင်းသမီးတစ်လက်ဖြစ်လာပါပြီ။ 

ဆိုနမ်ကပူးက ရင်သားကင်ဆာလိုမျိုးအတွက် အလှူအတန်း အဖွဲ့အစည်းတွေမှာ တက်ကြွလှုပ်ရှားသူ အနေနဲ့ပါဝင်ခဲ့ပြီး သူမရဲ့ပွင့်ပွင့်လင်းလင်းအပြောအဆိုတွေးအခေါ်တွေကြောင့် အနုပညာလောကမှာ နာမည်ကြီးလူကြိုက်များလာပါတယ်။

ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment