ကားစပီကာ ဘယ်လိုတပ်ကြမလဲ…









နောက်ပိုင်းဝင်လာတဲ့ကားတွေမှာ Stack Speaker လို့ခေါ်တဲ့ စနစ်တွေပါဝင်လာပါတယ်။ မော်ဒန်ကား တွေအတွက် ဒီအသံစနစ်ဟာ အဆန်းမဟုတ်တော့ပေမယ့် Stack Speaker တွေဟာ ဆူညံလွန်းတယ် ဆိုတဲ့ အချက်ကိုတော့ လုံးဝလက်ခံကြမှာပါ။ ကံကောင်းတာတစ်ခုကတော့ ဈေးကွက်အတွင်းရှိနေတဲ့ စပီကာတွေနဲ့ ကားတွေရဲ့ အသံစနစ်ကိုတည်ဆောက်ဖို့ဆိုတာကလည်း ထင်သလောက်တော့ မခက်ခဲ ပါဘူး။ ကိုယ့်ကားမှာ စပီကာဘယ်လိုတပ်ဆင်မလဲဆိုတာနဲ့ ပတ်သတ်ပြီး နည်းနည်းလောက် အကြံပြု လိုက်ပါရစေ။


စပီကာရွေးပါ

ကားမှာတပ်ဆင်ဖို့ စပီကာရွေးပြီဆိုရင် ပထမဆုံးလုပ်ရမှာကတော့ ကိုယ့်စပီကာမှာ တပ်ဆင်မယ့် စတူ ဒီယိုစနစ်ကိုကြည့်ဖို့ပါပဲ။ တချို့စနစ်တွေက ရိုးရှင်းလွန်းပြီး ဗို့အားကိုလည်း သတ်မှတ်ပေးပါတယ်။ တချို့ကျ တော့ ဗို့အား(100) ဆိုပြီးသတ်မှတ်ထားပေမယ့် သူ့ထက်နည်းနည်းပိုပြီး ဗို့အားများသွားခဲ့ရင်တောင် ပြဿနာ မဖြစ်နိုင်တဲ့စနစ်မျိုးတွေရှိပါတယ်။ ဒါပေမဲ့တစ်ခါတစ်ရံမှာတော့ သတ်မှတ်ထားတဲ့ အတိုင်းအတာအဆုံးအထိ အသုံးပြုလိုက်ခြင်းက စပီကာတွေရဲ့ အရည်အသွေးကို စမ်းသပ်ရာရောက်ပေမယ့် စပီကာကိုဖျက်ဆီးလိုသလို မျိုးတောင်ဖြစ်သွားစေတတ်ပါတယ်။

စစ်ဆေးပါ

အနိမ့်ဆုံးစွမ်းဆောင်နိုင်ရည် ဘယ်လောက်အထိရှိနေလဲလို့ စမ်းသပ်ခြင်းကလည်း စပီကာတစ်ခုရဲ့ အရေးပါအရာရောက်ခြင်းကို စစ်ဆေးမှုထဲမှာအရေးပါတဲ့ ခေါင်းစဉ်တစ်ခုအနေနဲ့ ပါဝင်နေပါတယ်။ စပီကာတွေ ဟာ ပုံစံအမျိုးမျိုး အရွယ်အစားအမျိုးမျိုးနဲ့ ရှိနေတတ်ကြတာပါ။ ဒါ့ကြောင့် စပီကာတွေရဲ့ စွမ်းဆောင်ရည်တွေ ကို သိရှိအောင်ကြိုးစားခြင်း၊ ဘယ်လိုအရွယ်အစားမျိုးတွေ ဈေးကွက်ထဲမှာရှိနေလဲဆိုတာကို စေ့စုထားခြင်းက ကိုယ့်ကားနဲ့အသင့်တော်ဆုံး ရွေးချယ်ရာမှာ အရမ်းအသုံးဝင်နေမှာ မလွဲပါဘူး။

အရည်အသွေးကိုကြည့်ပါ
စပီကာတစ်ခုကိုဝယ်တော့မယ်ဆိုရင် အရည်အသွေးကို မဖြစ်မနေစဉ်းစားရမှာပါ။ ဒီနေရာမှာတစ်ခုပြော စရာရှိတာက ပေါင်းစပ်တည်ဆောင်ထားတဲ့ စပီကာတွေဟာ စက္ကူ၊ ကြွေ စတဲ့ပစ္စည်းတွေကို အခြေခံတည် ဆောင်ထားတဲ့ စပီကာတွေထက် စွမ်းဆောင်ရည်ပိုကောင်းတယ်ဆိုတဲ့ အချက်ကိုပါပဲ။

ဒီဇိုင်းရွေးပါ

အထက်ကအဆင့်တွေပြီးပြီဆိုရင်တော့ ကိုယ်ကြိုက်တဲ့ အနားသတ်ပုံစံမျိုးနဲ့ စပီကာမျိုးတွေကို ရွေး ချယ်နိုင်မှာဖြစ်ပါတယ်။ စပီကာတွေဟာ ဈေးကွက်အတွင်းမှာ ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ရှိနေတတ်တာကြောင့် ကျယ်ကျယ်ပြန့်ပြန့်နဲ့ စိတ်ကြိုက်ရွေးချယ်သွားနိုင်မှာပါ။ ဒါပေမဲ့ ဒီဇိုင်းကောင်းနေရုံနဲ့ မလုံလောက်ဘဲ ရုပ်ထွက် ရော၊ အသံထွက်ပါကောင်းတဲ့ စပီကာမျိုးရွေးချယ်တတ်ဖို့ မဖြစ်မနေလိုအပ်ပါတယ်။

ဘယ်လိုတပ်ဆင်မလဲ

ဒီအပိုင်းတွေမှာ များသောအားဖြင့် အကျပ်ရိုက်တော့တာပါပဲ။ ခုံတွေဖြုတ်ရမယ်၊ ကားအတွင်းပိုင်းက ကြိုးတွေကို ကိုင်တွယ်ရတော့မယ်။ ဒါတွေက အတားအဆီးတွေပါပဲ။ ဒီနေရာမှာ လုပ်စရာတစ်ခုရှိနေပါတယ်။ အဲဒါကတော့ ဘယ်ကားမှာမဆို မူလကတည်းကတပ်ဆင်ပေးလိုက်တဲ့ အသံစနစ်မျိုးတွေရှိနေတာပါ။ ဒီတော့ ကိုယ်က စိတ်ကြိုက်အသံစနစ်ပြန်လည်တည်ဆောက်ဖို့ဆိုရင် စပီကာအဟောင်းတွေကို မဖြစ်မနေဖြုတ်ချရ တော့မှာဖြစ်ပါတယ်။ အဲဒါကြောင့် မူလအရာတွေကိုမဖြုတ်ချခင်ကတည်းက တစ်ဆင့်ချင်းစီကို ဗီဒီယိုနဲ့မှတ် တမ်းတင်ပြီး ဖြုတ်ချသင့်ပါတယ်။ ဒီလိုဆိုရင် အားလုံးဖယ်ရှားသွားပြီးလို့ ကိုယ်ကစပီကာအသစ်လဲတပ်တော့ မယ်ဆိုရင် မှတ်တမ်းတင်ထားတဲ့အတိုင်း တစ်ဆင့်ချင်းပြန်လည်တပ်ဆင်လိုက်ရင် အတိုင်းအတာတစ်ခုအထိ အဆင်ပြေမှာမလွဲပါဘူး။

အရေးပါတဲ့အချိတ်အဆက်
စပီကာအသစ်ပြန်လည်တပ်ဆင်တဲ့နေရာမှာ ၀ါယာပိုင်းတွေက အရေးပါဆုံးအစိတ်အပိုင်းတွေအဖြစ် ပါဝင်နေပါတယ်။ ဘက်ထရီလမ်းကြောင်းအစ၊ အပူဒဏ်ခံနိုင်ရည်ရှိအောင် ဖန်တီးပေးရတာ အဆုံး သေချာ သတိထားပြီး ဆောင်ရွက်ပေးသင့်တာပါ။ ဒီလိုအဆင့်မျိုးကို ရောက်လာပြီဆိုရင်တော့ ကိုယ့်ထက်သိနားလည် သူတစ်ဦးဦးကို မဖြစ်မနေ အကူအညီတောင်းခံဖို့လိုပါတယ်။

အာကာထက်ဝေ


--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape


Share on Google Plus

0 comments:

Post a Comment