ကားလမ်းပိတ်တဲ့ ပြဿနာနဲ့ မကြုံအောင်ဘယ်လိုမောင်းမလဲ





မြို့ပြဘ၀မှာနေထိုင်လို့ ကားကျပ်တဲ့ဒုက္ခတွေကြောင့် စိတ်ညစ်နေပြီလား။ တကယ်တော့ ကားကျပ်တဲ့ ဒုက္ခက ဒီနေ့မြို့ပြဘ၀မှာ မဖြစ်မနေရင်ဆိုင်နေရတဲ့ ခေါင်းကိုက်ချင်စရာ ကိစ္စတစ်ခုဖြစ်နေတာပါ။ ကားတင် သွင်းခွင့်ဆိုင်ရာမူဝါဒတွေ ပြောင်းလဲလာချိန်ကတည်းက သိသိသာသာများပြားလာတဲ့ကားတွေကြောင့် နေ့စဉ် အလုပ်ကို အသွားအလာပြုလုပ်နေရသူတွေဟာ လမ်းပေါ်မှာ အချိန်တွေကုန်မှန်းမသိ ကုန်ဆုံးလာကြပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ရန်လိုပြီးကြမ်းတမ်းရိုင်းစိုင်းတဲ့ ကားမောင်းသူတွေကြောင့် ကားကျပ်တဲ့ပြဿနာနဲ့ ရင်ဆိုင်နေရသူတွေဟာ တစ်ပူပေါ်နှစ်ပူဆင့်ဆိုသလို နောက်ထပ်စိတ်ပျက်စရာတွေနဲ့ ထပ်ပြီးရင်ဆိုင်ရပြန်တာ ပါ။ ကိုယ်လည်း ဒီလိုကားကျပ်တဲ့ပြဿနာမျိုးနဲ့ ရင်ဆိုင်နေရပြီဆိုရင် ဘယ်လိုရှောင်ထွက်သွားမလဲဆိုတာ စဉ်းစားဖို့မဖြစ်မနေ လိုအပ်လာပါပြီ။ ဒီလို စဉ်းစားတဲ့နေရာမှာ ကိုယ့်ရဲ့နည်းလမ်းက အပြုသဘောဆောင်တဲ့ နည်းလမ်းတွေဖြစ်နေဖို့လည်း လိုအပ်နေသေးတာပါ။ ရှည်လျားပေမယ့် လူမများတဲ့လမ်းကိုရွေးမလား၊ စက်ဘီး ဒါမှမဟုတ် လမ်းလျှောက်ပြီး ကိုယ်အလိုရှိရာ နေရာကိုသွားမလား။ ကားလမ်းကျပ်တဲ့ပြဿနာကို ရှောင်လွှဲသွား နိုင်ဖို့နည်းလမ်းကောင်းတွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။



ကိုယ်ပိုင်ကားသုံးတာ လျှော့ချပါ

ဖွံဖြိုးပြီးနိုင်ငံအမြောက်အများမှာတော့ ကားကျပ်တဲ့ဒဏ်ကလွတ်ကင်းနိုင်အောင် ကိုယ်ပိုင်ကားသုံးစွဲမှု ကိုလျှော့ချဖို့ တချို့ကအကြံပြုကြတာပါ။ လက်လှမ်းမီတဲ့ ဈေးနှုန်းတစ်ရပ်နဲ့ ကားကိုဝယ်ယူနိုင်တဲ့နိုင်ငံအများ စုမှာ ကားအမြောက်အများက လမ်းပေါ်ရောက်နေတာကြောင့် ကားလမ်းပိတ်တဲ့ပြဿနာမျိုးတွေနဲ့ ရင်ဆိုင် ရလေ့ရှိပါတယ်။ ဒီလိုဖြစ်လာရင်တော့ အကောင်းလုပ်ရမယ့်နည်းလမ်းကတော့ တစ်ဦးချင်းစီက ကိုယ်ပိုင်ကား အသုံးပြုတာကိုလျှော့ချပြီး အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးစနစ်တွေကို အလွယ်တကူ သုံးစွဲသင့်တာပါ။ ထိရောက်တဲ့အများပြည်သူသုံး ဘတ်စ်ကားစနစ်တွေ၊ ရထားစနစ်တွေကိုအသုံး ပြုရင်းနဲ့ကားကျပ်တဲ့ပြဿနာ ကို ကောင်းကောင်းရှောင်ရှားနိုင်မှာ အသေအချာဖြစ်ပါတယ်။ ဒီလိုနည်းက ကိုယ်သွားလိုလာလမ်းကြောင်းကို လျင်လျင်မြန်မြန်ရောက်ရှိသွားစေနိုင်သလို ပိုပြီးသက်သောင့်သက်သာရှိစေမှာဆိုရင်လည်း ဘယ်သူမှငြင်း နိုင်မှာ မဟုတ်ပါဘူး။ နောက်တစ်ချက်က အများစုကသာ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးကို အားကိုး မယ်ဆိုရင် အချိန်ကုန်၊ လူပန်းသက်သာစေမယ့်အပြင် ပိုပြီးသက်သောင့်သက်သာရှိမယ့် အခြေအနေမျိုးကို လည်း ရရှိမှာမလွဲပါဘူး။ ပတ်ဝန်းကျင် ထိခိုက်ပျက်ဆီးမှုဒဏ်ကိုလည်း အရင်ကထက်ပိုပြီးထိ ထိရောက်ရောက် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ရင် လမ်းလျှောက်ပါ

သိပ်ပြီးလက်တွေ့မကျသလိုရှိပေမယ့် လုပ်နိုင်ရင်၊ လက်လှမ်းမီရင် အကောင်းဆုံးနည်းလမ်းဖြစ်တယ် ဆိုတာ ဘယ်သူမှငြင်းနိုင်မှာမဟုတ်ပါဘူး။ လမ်းလျှောက်ခြင်းက ကာယကံရှင်အတွက်လည်း အကျိုးများသလို ပတ်ဝန်းကျင်ကိုလည်း ထိခိုက်ပျက်ဆီးစေမှုလုံးဝ မရှိတာကြောင့် ကိုယ်သွားလိုရာနဲ့ သိပ်မဝေးသူတွေက ဒီလမ်း ကြောင်းကို ရွေးချယ်လေ့ရှိကြပါတယ်။ ယာဉ်ကျပ်တဲ့ဒဏ်ကိုလျှော့ချချင်တာကြောင့် တချို့က စက်ဘီးကို အသုံးပြုပြီး သွားလိုရာကိုသွားကြတာပါ။ စက်ဘီးစီးတာ၊ လမ်းလျှောက်တာစတဲ့နည်းလမ်းတွေနဲ့ ခရီးသွားလာ တာကိုတော့ ဗခအငလနွှမညျေစသမအအေငသည လို့ခေါ်ပါတယ်။ ကျန်းမာရေးအတွက်လည်း အပြု သဘောဆောင်တဲ့ တိုးတက်မှုတွေရှိလာစေမှာဖြစ်သလို ကားကထွက်လာမယ့် ကာဘွန်ဒိုင်အောက်ဆိုက်တွေ ကိုလျှော့ချပြီးသားလည်း ဖြစ်မှာကြောင့် ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ပြီးသားဖြစ်နေ မှာပါ။

နှစ်မျိုးစပ်အသုံးပြုပါ
ကိုယ်သွားရမယ့်ခရီးက အရမ်းဝေးလွန်းနေမယ်ဆိုရင်တော့ အများပြည်သူသယ်ယူပို့ဆောင်ရေးနဲ့ Active Transportation ကိုပေါင်းစပ်အသုံးသင့်ပါတယ်။ ဒါပေမယ့် ဒီလိုပြုလုပ်တော့မယ်ဆိုရင်တော့ ဖြစ်နိုင် သမျှ အိမ်ကစောစောလေး ကြိုတင်ထွက်သင့်တာပါ။ ဘာကြောင့်လဲဆိုရင် ကိုယ်သွားရမယ့် ခရီး ရဲ့ ၃ပုံ ၂ပုံလောက်ကိုကားနဲ့သွားပြီး ကျန်တဲ့၁ပုံလောက်ကိုတော့ လမ်းလျှောက်လိုက လျှောက်ပြီးသွားနိုင် အောင်ဖြစ်ပါ တယ်။ အချို့နိုင်ငံတွေမှာတော့ စက်ဘီးငှားရမ်းလို့ရတဲ့နေရာတွေ လွယ်လင့်တကူရှိနေတာကြောင့် ကားပေါ်က ဆင်းလိုက်ချိန်မှာ လမ်းဆက်မလျှောက်ချင်ရင်တောင် စက်ဘီးငှားပြီး လိုရာကိုခရီးဆက်နိုင်မှာပါ။

အာရုံစိုက်ပါ
တချို့ကားမောင်းသူတွေက ဘေးပတ်ဝန်းကျင်ကအသံတွေကို ဂရုစိုက်လေ့မရှိကြပါဘူး။ ဒါက တကယ့် ပြဿနာတစ်ရပ် ဖြစ်ပါတယ်။ ကားလက်ကိုင်ဘီးနောက်ရောက်ရင် ကိုယ့်ကမ္ဘာလေးနဲ့ ကိုယ်သီးသန့်ဖြစ်နေပြီ လို့ထင်နေကြတဲ့ ကားမောင်းသူအများစုဟာ ဒီပြဿနာမျိုးနဲ့ကြုံရလေ့ရှိပါတယ်။ ဒါကြောင့် ကိုယ်တိုင်က ဒီလိုကားမောင်းသူတွေထဲပါနေပြီဆိုရင် ဘေးပတ်ဝန်းကျင်နဲ့ ကိုယ့်ကားနောက်မှာရှိနေတဲ့ အသံတွေနဲ့ လှုပ်ရှား မှုတွေကို ဂရုစိုက်တုံ့ပြန်တတ်ဖို့ လိုအပ်မှာပါ။ ကိုယ့်နောက်မှာ အရေးကြီးတဲ့ကားရှိနေလား။ ရှိနေရင် မလိုအပ် ဘဲ လမ်းပိတ်မထားမိအောင် သတိထားရမှာဖြစ်သလို ကားရပ်တော့မယ်ဆိုရင် နောက်ကကားတွေ ဆက်သွား လို့ရအောင် လမ်းကြောင်းပေးပြီးမှလည်း ရပ်နားသင့်တာပါ။ ဒီလိုမှမဟုတ်ရင် ကိုယ့်ကြောင့် အများသူငါ သေချာ ပေါက် ဒုက္ခရောက်မှာ အသေအချာပဲ ဖြစ်ပါတယ်။
Share on Google Plus

0 comments:

Post a Comment