အကြောပြတ်ရာလေးတွေဆိုတာ
ခန္ဓာကိုယ်ဘယ်နေရာမဆိုဖြစ်နိုင်ပါတယ်။ အထူးသဖြင့် အမျိုးသမီးတွေ ဆို ကလေးမွေးဖွားပြီးရင်ပိုပြီးသိသာတာပေါ့။
အကြောင်းကတော့ အရေပြားတအားဆွဲဆန့်ခံရပြီး ကိုလာဂျင်တွေအားနည်းသွားလို့ပါ။ ဒီအကြောပြတ်ဒဏ်ရာလေးတွေက
ကျန်းမာရေးအတွက် အန္တရာယ်တော့ မရှိပါဘူး။ ဒါပေမယ့် မိန်းကလေးတွေအနေနဲ့ ဘောင်းဘီတို၊ အင်္ကျီတိုလေးတွေ ၀တ်လိုက်ရင် ခန္ဓာကိုယ်မှာယုံကြည်မှုနည်းနည်းလျော့သွားသလိုခံစားရတာပေါ့။
အဲဒီတော့ ၀တ်သမျှ ဖက်ရှင်ကျကျလျှောက်လှမ်းနိုင်ဖို့ အကြောပြတ်ဒဏ်ရာလေးတွေကို ဘယ်လိုကုသကြမလဲ။
သံပုရာရည်
သံပုရာရည်က
အကြောပြတ်ဒဏ်ရာသာမက အမာရွတ်၊ အမည်းစက်တွေကိုလည်း သက်သာပျောက်ကင်းစေပါတယ်။ သူ့မှာပါဝင်တဲ့
သဘာဝအက်ဆစ်ဂုဏ်သတ္တိက အကြောပြတ်ဒဏ်ရာတွေကို မှေးမှိန်ပျောက်ကွယ်သွားစေပါလိမ့်မယ်။
ကြက်ဥအကာ
ကြက်ဥအကာကလည်းသူ့မှာပါဝင်တဲ့
ပရိုတိန်းက အသားအရေကိုအားဖြည့်ပေးပြီး ကျုံ့နိုင်ဆန့်နိုင်အား ပိုကောင်းစေပါတယ်။ ကြက်ဥအကာရည်ကိုဒဏ်ရာပေါ်လိမ်းပြီး
ခြောက်သွားမှ ရေခပ်နွေးနွေးလေးနဲ့ ဆေးချလိုက်ပါ။
ကြက်ဆူဆီ
ကြက်ဆူဆီမှာပါတဲ့
ဗီတာမင် E နဲ့ K က အရေပြားကို သဘာဝအတိုင်းပြန်ပြုပြင်ပေးပါတယ်။ ကိုလာဂျင်ထုတ်လုပ်မှုကိုလှုံ့ဆော်ပေးပြီး
အရေပြားကို သဘာဝအတိုင်းဖြစ်အောင် ပြုပြင်ပေးပါတယ်။ ကြက်ဆူဆီကို အရေပြားပေါ်လိမ်းပြီး
အ၀တ်နွေးနွေးလေးနဲ့ မိနစ် ၂၀ လောက်ဖုံးအုပ်ထားပေးပါ။
သံလွင်ဆီ
သံလွင်ဆီမှာ
အစိုဓာတ်သန့်ရှင်းစေနိုင်စွမ်းနဲ့ အရေပြားကိုအားဖြည့်ပေးနိုင်စွမ်းတွေပါဝင်ပါတယ်။ ဒါတင်မက
free radical တွေကြောင့် ကိုလာဂျင်တွေပျက်စီးတာကိုကုသပေးပြီး သွေးလည်ပတ်မှုကောင်းစေပါတယ်။
သံလွင်ဆီခပ်နွေးနွေးကို အကြောပြတ်ဒဏ်ရာပေါ်မှာလိမ်းပြီးနှိပ်နယ်ပေးပါ။
သကြားညို
သကြားညိုသုံးပြီးကြေးချွတ်ပေးတာလည်း
သကြားညိုက အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်ဖို့အားပေးတဲ့အတွက် အကြောပြတ်ဒဏ်ရာတွေကိုကုသပေးရာမှာ
ကူညီပေးပါလိမ့်မယ်။
အာလူးရည်
အာလူးမှာ
ကျန်းမာတဲ့အရေပြားအတွက် လိုအပ်တဲ့ဗီတာမင်နဲ့ သတ္ထုဓာတ်တွေပြည့်စုံနေပါတယ်။ အာလူးကို
ပါးပါးလှီးပြီးအရေပြားပေါ်မှာပွတ်လိမ်းပေးပါ။ ခြောက်သွေ့သွားမှ ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါ။
ရှားစောင်းလက်ပတ်ဂျယ်
ရှားစောင်းလက်ပတ်ဂျယ်က
အရေပြားပြဿနာတွေကို ကာကွယ်ကုသပေးနိုင်ပါတယ်။ အရေပြားကိုအေးမြစေသလို အစိုဓာတ်ဖြည့်ဆည်းပေးပြီး
ကျုံ့နိုင်ဆန့်နိုင်အားကောင်းစေတဲ့အတွက် အကြောပြတ်ဒဏ်ရာတွေကိုကုသပေးနိုင်ပါတယ်။
Crystal
0 comments:
Post a Comment