ဝက်ခြံဘုကြီးတွေက
ဝက်ခြံ တွေထဲမှာ အဆိုးရွားဆုံးဖြစ်ပါတယ်။ ဒီဝက်ခြံအကျိတ်တွေက အရေပြားအောက်အလွှာမှာအရည်တွေပြည့်ပြီး
နူးညံ့နေတဲ့အလုံးကြီး သဖွယ်ဖြစ်နေပါတယ်။ ဒီဝက်ခြံအ ကျိတ်တွေက ထိလိုက်တဲ့အခါအ လွန်နာကျင်ပြီး
အရေပြားကိုပျက်စီးစေပါတယ်။ အမာရွတ်တွေထင် သွားစေနိုင်တဲ့အထိပြင်းထန်ပါတယ်။ အရေပြားနဲ့ချွေးပေါက်ကလေးတွေမှာ
အဆီတွေစုပြီး အဲဒီအဆီတွေ က ကြာလာတဲ့အခါ ချွေးပေါက်လေးတွေမှာပိတ်ဆို့ပြီး ၀က်ခြံအဖုကြီးတွေဖြစ်လာပါတယ်။
တစ်ခါတစ်ရံမှာ ဟိုမုန်းအပြောင်းအလဲ ကြောင့်ဖြစ်စေ၊ နေထိုင်မှုပုံစံကြောင့်ဖြစ်စေဖြစ်ပေါ်လာနိုင်ပါတယ်။
ကု သဖို့နည်းလမ်းလေးတွေရှိပါတယ်။
နနွင်း
ဒီဝက်ခြံအကျိတ်တွေကိုဖယ်
ရှားပစ်ဖို့ နနွင်းကိုသုံးပေးနိုင်ပါတယ်။ နနွင်းမှာရောင်ရမ်းနာကျင်မှု ကိုသက်သာစေတဲ့
ဃကမခကာငည ပါ ၀င်ပါတယ်။ ဒါတင်မကပါဘူး။ နနွင်းကပိုးမွှားတွေကိုပါသေစေနိုင် စွမ်းရှိပါတယ်။
နနွင်းမှုန့်၊ နှမ်းဆီကို ခပ်ပျစ်ပျစ်ရောစပ်ပြီးဝက်ခြံအကျိတ် ပေါ်မှာ (၁)နာရီခန့်အုပ်ထားပေးပါ။
တစ်နေ့(၂)ကြိမ်ပုံမှန်လုပ်ပေးမယ်ဆိုရင် ရက်အနည်းငယ်အတွင်း သိသာစွာကောင်းမွန်လာစေပါတယ်။
ပန်းသီးအရက်ဗီနီဂါ
ပန်းသီးအရက်ဗီနီဂါကိုလည်း
ဝက်ခြံအကျိတ်တွေအတွက်သုံးပေးနိုင်ပါတယ်။ ချေးချွတ်ပေးနိုင်စွမ်းရှိတဲ့အတွက် ပန်းသီးအရက်ဗီနီဂါက
အဆီတွေကိုစုပ်ယူသွားပြီး ရောင် ရမ်းနာကျင်မှုဝေဒနာကိုသက်သာစေပါတယ်။ ပန်းသီးအရက်ဗီနီဂါနဲ့
ရေကိုဆတူရောစပ်ပြီး ၀က်ခြံအကျိတ်အပေါ်မှာ (၁၅)မိနစ်ခန့်လိမ်းထားပေးပါ။ တစ်နေ့(၂)ကြိမ်ပုံမှန်
လုပ်ပေးသွားနိုင်ပါတယ်။ ပန်းသီးအရက်ဗီနီဂါကို ပျားရည်၊ ရေခပ်နွေး နွေးနဲ့ရောစပ်ပြီး
တစ်နေ့(၂)ကြိမ် သောက်ပေးမယ်ဆိုရင် အရေပြားရောဂါတွေကင်းစင်စေပါလိမ့်မယ်။
လက်ဖက်ပင်အဆီ
လက်ဖက်ပင်အဆီမှာလည်း
အရေပြားချွေးပေါက်လေးတွေ အ တွင်းဆုံးအထိသန့်စင်စေနိုင်ပြီး ၀က် ခြံတွေကိုခြောက်သွေ့သွားစေနိုင်စွမ်းရှိပါတယ်။
လက်ဖက်ပင်အဆီကို ဂွမ်းစလေးမှာဆွတ်ပြီး ညအိပ်ယာ ၀င်ခါနီးတိုင်းပုံမှန်လိမ်းပေးပါ။ ထိရှလွယ်
အသားအရေပိုင်ရှင်တွေ အနေနဲ့ကတော့ လက်ဖက်ပင် အဆီ တစ်ဆ၊ ရေ (၃)ဆရောစပ်ပြီး သုံးပေးနိုင်ပါတယ်။
မုန့်ဖုတ်ဆိုဒါ
မုန့်ဖုတ်ဆိုဒါမှာလည်းရောင်
ရမ်းနာကျင်မှုကိုသက်သာစေတဲ့ ဂုဏ်သတ္တိ၊ ပိုးမွှားတွေကိုသေစေ နိုင်တဲ့ဂုဏ်သတ္တိပါဝင်တဲ့အတွက်
ဝက်ခြံအကျိတ်တွေကို ကုသဖို့ အကောင်းဆုံးဖြစ်ပါတယ်။ မုန့်ဖုတ် ဆိုဒါက အရေပြားအတွင်းက
အ ဆီပိုတွေကို စုပ်ယူပေးနိုင်ပြီး အရေ ပြားဆဲလ် အသေတွေကိုဖယ်ရှား ပေးနိုင်ပါတယ်။ ဒါတင်မကပါဘူး။
မျက်နှာအသားအရေကိုပါ ၀င်းပစို ပြေစေပါတယ်။ မုန့်ဖုတ်ဆိုဒါနဲ့ သ ခွားသီးအရည်ကိုရောစပ်ပြီး
ဝက်ခြံ အကျိတ်အပေါ်မှာ လိမ်းပေးပါ။ ပြီးမှ ရေခပ်နွေးနွေးလေးနဲ့ဆေးချလိုက်ပါ။
လာဗင်ဒါအဆီ
လာဗင်ဒါအဆီနဲ့လည်း
ဝက် ခြံတွေကို ကုသနိုင်ပါတယ်။ လာဗင်ဒါအဆီမှာ ရောင်ရမ်းနာကျင်မှု ကိုသက်သာစေနိုင်စွမ်းရှိပြီး
အနာ ကိုမြန်မြန်ကျက်စေပါတယ်။ ပထမ ဆုံးဝက်ခြံအကျိတ် လက္ခဏာစပြ ကတည်းက လာဗင်ဒါအဆီကို
တစ်နေ့ ၂ကြိမ် ၃ကြိမ်လိမ်းပေးပါ။ လာဗင်ဒါအဆီနဲ့ မျက်နှာသစ် ဆပ်ပြာရောစပ်ပြီးသုံးပေးနိုင်ပါတယ်။
လက်ဖက်စိမ်း
လက်ဖက်စိမ်းမှာ
အသားအ ရေကို ကြည်လင်ဝင်းပစေတဲ့ သ ဘာဝ အင်တီအောက်ဆီးဒင့်ပါဝင် ပါတယ်။ ဒါတင်မကပါဘူး။
လက် ဖက်စိမ်းရဲ့ ရောင်ရမ်းမှုကိုသက်သာ စေနိုင်စွမ်းက အသားအရေပျက်စီးခြင်း၊ ယားယံခြင်းတွေကို
ကုသပေး ပါတယ်။ လက်ဖက်စိမ်းနဲ့ ရေရော စပ်ထားပြီးသားကို ဂွမ်းစလေးမှာ ဆွတ်ပြီး ၀က်ခြံအကျိတ်အပေါ်မှာလိမ်းပေးပါ။
(၁၅)မိနစ်ခန့်ထားပေး ပြီးရေအေးအေးနဲ့ ဆေးချလိုက်ပါ။
ပျားရည်
သဘာဝပျားရည်က၀က်ခြံတွေကို
ကုသပေးနိုင်ပါတယ်။ သူ့မှာ ပါဝင်တဲ့ အင်တီအောက်ဆီးဒင့်က Free Radical တွေကြောင့်ပျက်စီး
သွားတဲ့ အရေပြားကိုကုသပေးပါ တယ်။ ၀က်ခြံအကျိတ်ပေါ်မှာ ပျား ရည်တို့ထားပြီး ၁၀-၁၅မိနစ်ခန့်အုပ်ထားပေးပါ။
ပြီးမှ ရေခပ်နွေးနွေး လေးနဲ့ ဆေးချလိုက်ပါ။ တစ်နေ့ကို ၂-၃ကြိမ်ပုံမှန်လုပ်သွားပေးမယ်ဆို
ရင် ၀က်ခြံကင်းစင်ပြီး အသားအ ရေက တောက်ပစိုပြေလာပါလိမ့်မယ်။
ဝက်ခြံဖြစ်တတ်တဲ့အရေပြား
ကို ဆပ်ပြာအပျော့စားသာသုံးပေးပါ။ ဒဏ်ရာကို မကြာခဏထိ တွေ့ကိုင်တွယ်ခြင်းရှောင်ပါ။ အဆီအခြေခံထုတ်လုပ်
ထားတဲ့ ဃသျာနအငချ တွေ၊ နေ ရောင်ကာလိမ်းဆေးတွေအသုံးပြု ခြင်းရှောင်ကြဉ်ပါ။ ပုံမှန်အစိုဓာတ်ဖြည့်ပေးပါ။
ရန်နိုင်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု
ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...www.facebook.com/shapejournal
www.facebook.com/groups/weloveshape
0 comments:
Post a Comment