ချစ်သူကိုတောင်းပန်ပါတော့…













အမှားအယွင်းတွေရှိနေသမျှတော့ တောင်းပန်မှုတွေ၊ ခွင့်လွှတ်သည်းခံမှုတွေရှိနေဦးမှာပါ။ မိဘနဲ့သားသမီး၊ သူငယ်ချင်းအချင်းချင်းဆက်ဆံရေးမှာ တောင်းပန်မှုဆိုတာသိပ်ပြီးမလိုအပ်လှပေမယ့် ချစ်သူ နှစ်ဦးကြားဆက်ဆံရေးမှာတော့ လိုအပ်လာပါပြီ။ ဘာလို့ လဲဆိုရင် နှစ်ဦးသားကဘ၀ကြီးကို အတူတူရှေ့ဆက် သွားကြဖို့ရည်ရွယ်ထားတာမဟုတ်ဘူးလား။ ကိုယ်နဲ့တစ်သက်လုံးလက်တွဲသွားမယ့်သူနဲ့ စိတ်ထဲအခဲ မကြေစရာတွေ၊ အဖုအထစ်တွေ၊ ရန်ညှိုးတွေထားထားမှာလား။ အဲဒီတော့ချစ်သူကိုဘယ်လို တောင်းပန်ကြမလဲ…။

ရိုးသားမှုရှိပါ
'တောင်းပန်ပါတယ်'ဆိုတာ ဘယ်အခြေအနေမှာပဲဖြစ်ဖြစ် ပြောလို့ရတဲ့စကားပေါ့။ ဒါပေမဲ့ ကိုယ့်ဘက်က အမှားကျူးလွန်ပြီးစိတ် မပါဘဲ 'တောင်းပန်ပါတယ်'ဆိုတဲ့ စကားကနားထောင်သူ ကိုပိုပြီးစိတ် အနှောင့်အယှက်ဖြစ်စေသလို ကိုယ်ကိုယ်တိုင်အတွက်လည်း မကောင်းပါဘူး။ အဲဒီတော့စိတ်ပါလက်ပါ စိတ်လိုလက်ရတောင်းပန်လိုက်ပါ။ ချစ်သူနှစ်ဦးအတွက် ပဋိပက္ခတစ်ခု၊ စိတ်အခန့်မသင့် စကားနိုင်လုမှုတစ်ခုမှာ အနိုင်ရသူ၊ အရှုံးပေးရသူ ဆိုတာမရှိပါဘူး။ နှစ်ဦးသားကိုယ်ကျူးလွန်ထားတဲ့ အမှားတစ်ခုအတွက် ပြန်လည်ပြင်ဆင်မှုသာရှိတာဖြစ်ပါတယ်။

သီးသန့်တောင်းပန်
ကိုယ့်ချစ်သူကိုတောင်းပန်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ နှစ်ကိုယ်တည်းသီးသန့်တောင်းပန်ဖို့ပါပဲ။ ရုပ်ရှင်ဝတ္ထုတွေထဲမှာတော့ တောင်းပန်တာက လူတွေအများကြီးကြားထဲမှာ ကဗျာဆန်တာပေါ့။ ဒါပေမဲ့ အခုကိစ္စက လက်တွေ့ဘ၀မှာလေ…။

သူ့ခံစားချက်ကိုထည့်တွက်
တစ်ခေါက်တလေတော့လည်း သူ့နေရာက နေ၀င်ကြည့်ပြီး ကိုယ်ကျူးလွန်ထားတဲ့အမှားကို ကိုယ် တိုင်ဝင်ခံစားကြည့်ပါလား။ ကိုယ်ဘယ်လိုခံစားရ မယ်ဆိုတာသိရင် တကယ်ခံစားရတဲ့လူက ဒီထက်ပို ပြီး ဘယ်လောက်တောင်ထိခိုက်မယ်ဆိုတာ ကိုယ်ချင်းစာကြည့်ပါ။ အဲဒီတော့ ကိုယ့်တောင်းပန်မှုတွေက ရိုးသားပွင့်လင်းပါစေ။

ပြောလည်းပြော၊ နားလည်းထောင်
ကိုယ့်ဘက်ကတောင်းပန်ပြီး သွားတဲ့အခါ မှာတော့ သူ့ဘက်က ခံစားချက်ကိုနားထောင်ဖို့အချိန်လေးပေးပါ။ တောင်းပန်မှုတစ်ခုက နာကျင်ခံစားခဲ့ရတာတွေကို တစ်ပြိုင်တည်းကုသပေးနိုင်တာမဟုတ်ပါဘူး။ အဲဒီတော့ သူ့ခံစားချက်ကိုလည်း အချိန်ပေးပြီးနားထောင်ဖို့ ဘယ်တော့မှမမေ့ပါနဲ့။

ကိုယ့်အပြုအမူကိုရှင်းပြပါ
ကိုယ်တစ်စုံတစ်ခုမကောင်းတာ လုပ်လိုက်ပြီးတဲ့ အခါ ကိုယ့်ချစ်သူဘက်က ဒါနဲ့ပတ်သက်ပြီး ရှင်းပြ ချက်တစ်စုံတစ်ခုကိုလိုလာပါပြီ။ ဒါကြောင့်ကိုယ့် ဘက်ကအမှန်အတိုင်းပြောပြပါ။ လိမ်ညာပြောတာက အခြေအနေကိုပိုဆိုးသွားစေမယ်ဆိုတာတော့ သတိထားပါ။

အပြစ်တင်ဖို့မကြိုးစားနဲ့
အမှားလုပ်ရင်လုပ်တာကိုဝန်ခံလိုက်ပါ။ 'ငါ ဒီလိုလုပ်ရတာမင်းကြောင့်'ဆိုတဲ့ အပြစ်ကိုရှောင်ရှား တဲ့စကားတွေက ကိုယ့်ကိုယ်ကိုယ် သူရဲဘောကြောင်တယ်ထင်ရစေပါလိမ့်မယ်။

ချစ်ကြောင်းပြော
သူတို့ချစ်တဲ့တစ်စုံတစ်ယောက်ကြောင့် နာကျင်မှု ကိုခံစားရတဲ့အခါ လက်ရှိဆက်ဆံရေးတစ်ခုလုံးကို ပြန်စဉ်းစားဖို့အတွေးပေါ်လာစေပါတယ်။ အဲဒါကြောင့် ကိုယ့်အနေနဲ့ အမှားကျူးလွန်ရင်တောင်းပန်ရုံနဲ့ မပြီးပါဘူး။ သူ့ကိုချစ်ကြောင်းလေးတွေပါထည့် ပြောပေးပါ။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment