ချိုင်းချွေးထွက်ရင် ဒီလိုလုပ်ပါ…










ချိုင်းချွေးထွက်များတာက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုထိခိုက်စေတဲ့ ပြဿနာတစ်ခုပါ။ ဒါပေမဲ့လည်း ဘယ်လိုပဲတားတား လူတိုင်းချွေးထွက်ပါတယ်။ ဘယ်နေရာဘယ်လိုပဲ ချွေးထွက်ထွက် ချိုင်းချွေးမထွက်ရင် တော့ အကောင်းဆုံးပေါ့။ အဲဒါဆို ဒီချိုင်းချွေးထွက်တဲ့ပြဿနာကို ဘယ်လိုဖြေရှင်းကြမလဲ။

အစားအစာ
တချို့သောအစားအစာတွေမှာ ခန္ဓာကိုယ်တွင်းဓာတ်ပြုမှုဖြစ်စေတဲ့ ဓာတုတွေပါပါတယ်။ ကြက်သွန်ဖြူ ကော်ဖီတွေက လူကိုချွေးထွက်များစေပါတယ်။ အဲဒါကြောင့် ကဖိန်းများများသောက်လေ ချွေးထွက်လေပါပဲ။

ချိုင်းလိမ်းတောင့်သုံး
ချိုင်းချွေးထွက်သူတွေအနေနဲ့ rollon သုံးတာ အကောင်းဆုံးပါ။ သူတို့က ချိုင်းကြားကမကောင်းတဲ့ အနံ့အသက်တွေကိုဖယ်ရှားပေးပြီး ချိုင်းကြားအသားအရေကို ခြောက်သွေ့စေပါတယ်။

ချွေးနံ့ပျောက်ဆေးသုံး
ချိုင်းလိမ်းတောင့်က ခဏတာချွေးနံ့ပျောက်နေပေမယ့် ချိုင်းကချွေးဂလင်းတွေ ပိတ်ဆို့သွားစေဖို့ ချွေးနံ့ပျောက်ဆေးသုံးပေးရင် အကောင်းဆုံးပါ။

ပေါ့ပေါ့ပါးပါးဝတ်
ချွေးထွက်တာ အ၀တ်အစားကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အဲဒါကြောင့် လေ၀င်လေထွက်ကောင်းပြီး ပေါ့ပါးတဲ့အ၀တ်အစားမျိုးသာ ရွေးချယ်ဝတ်ပါ။

စိတ်ငြိမ်ငြိမ်ထား
ချိုင်းချွေးထွက်များတဲ့ အကြောင်းတစ်ခုကတော့ စိတ်လှုပ်ရှားလွန်းတာလည်း ပါပါတယ်။ အဲဒါကြောင့် စိတ်လှုပ်ရှားစရာတွေ၊ စိတ်ပူပင်သောကရောက်တာတွေ အတတ်နိုင်ဆုံးလျော့ပါ။ စိတ်တည်တည်ငြိမ်ငြိမ် ထားပါ။

စိတ်ဖိစီးမှုလျော့ချ
စိတ်ဖိစီးမှုတွေများလွန်းတာကြောင့်လည်း ချိုင်းချွေးထွက်နိုင်ပါတယ်။ အဲဒါကြောင့် စိတ်ဖိစီးမှုလျော့ကျ စေတဲ့ အစားအစာတွေစားပေးပါ။ စိတ်လှုပ်ရှားမလွယ်ပါနဲ့။

ဝဿန်
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment