ဆွဲဆောင်ခြင်းရဲ့နိယာမ…











Beatles အဖွဲ့ကပြောဖူးတယ် 'လူသားအားလုံးဟာအချစ်ကိုလိုအပ်တယ်'တဲ့။ နောက်အဆိုအမိန့်တစ်ခုက တော့'အချစ်က ကမ္ဘာကြီးကိုလည်ပတ်နေစေတာ'တဲ့။ ဒါပေမဲ့ ကိုယ်သွားတဲ့ လမ်းတစ်လျှောက် ပတ်ဝန်း ကျင်တစ်လျှောက် တခြားချစ်သူရည်စားအတွဲ တွေကိုမြင်တဲ့အခါတစ်ခါတလေတော့လည်း 'ကိုယ့်အတွက် အချစ်စစ်ကို ဘယ်လိုရှာဖွေမလဲ'ဆိုပြီး တွေးမိဖူးမှာပေါ့။ တကယ်တော့ တစ်ကိုယ်တည်းရှင် သန်နေရတဲ့ ဘ၀ကမကောင်းဘူး မဟုတ်ပါဘူး။ ကိုယ့်ကိုယ်ကိုယ် ဘယ်သူဆိုတာသိရဖို့ အချိန်တစ်ခုရှိတယ် လေ။ ပြီးတော့တစ်ခြားဘယ်သူ့ကိုမှ ခွင့်တောင်းစရာမလို တစ်ဖက်လူရဲ့ခွင့် ပြုချက်မလိုဘဲ လွတ်လွတ်လပ်လပ် ပျော်ရွှင်နိုင်တယ်။ ဒါပေမဲ့ နောက်ဆုံးမှာ တော့'ကိုယ့်ဖူးစာရှင်အစစ်ဘယ်တော့ တွေ့မှာလဲ'ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေး ခွန်းထုတ်ရလောက်တဲ့ အခြေအနေတစ်ခုရောက်လာမှာမဟုတ်ပါလား။

'အချစ်ဆိုတာဖိအားပေးလို့ဖြစ် ပေါ်လာတာမဟုတ်ဘူး'၊ 'အရက်ဆိုင်တစ်ခု၊ ပါတီတစ်ခုတက်လိုက်ရုံနဲ့ အချစ် ကိုတွေ့ရှိနိုင်တာမဟုတ်ဘူး'လို့ ပြောကြလိမ့်မယ်။ နောက်ဆုံးမျှော်လင့်ချက် နည်းနည်းလေးပဲ ရှိတော့တဲ့အချိန်၊ မျှော်လင့်ချက်မရှိတော့ဘူးလို့ထင်ရတဲ့ အချိန်မျိုးမှာ အချစ်ကပေါ်လာတယ် ဆိုပြီးပြော ကြလိမ့်ဦးမယ်။ ဒါတွေက အတိုင်းအတာတစ်ခုထိတော့ မှန်ကောင်းမှန်နိုင်မှာပေါ့။ ဒါပေမဲ့ ကိုယ့်ဘ၀လက် တွဲဖော်ကိုတွေ့နိုင်မယ့် ကိုယ့် ကိုယ်ကိုယ်ယုံကြည်မှု၊ မှန်မှန်ကန်ကန်နဲ့ စဉ်းစားတွေးခေါ်နိုင်မယ့် ဆွဲဆောင် မှုရဲ့နိယာမဆိုတာရှိနေပါတယ်။ ဒီ နိယာမကိုသုံးပြီးအချစ်ကိုဘယ်လို ရှာဖွေကြမလဲ…။

ကိုယ့်ကိုယ်ကိုယ်ယုံကြည်ပါ
ကိုယ့်ကိုယ်ကိုယ်အချစ်ခံထိုက်တယ်လို့မတွေးတဲ့လူတစ်ယောက်က အချစ်စစ်ကိုတွေ့ဖို့ဆိုတာခက်ခဲပါလိမ့် မယ်။ ဒီလိုတွေးတာကလွယ်တယ်လို့ ထင်ကောင်းထင်စရာရှိပါတယ်။ လူတိုင်း ကလည်းအချစ်ခံထိုက်တယ် မဟုတ်ပါလား။ ကဲ… ဒါဆိုကိုယ့်ကိုယ့်ကိုယ်မေးခွန်းထုတ်ကြည့်ပါ။ 'ကိုယ့်ကိုယ် ကိုယ် အချစ်ခံထိုက် တယ်လို့ယူဆထား ရင်တစ်ကိုယ်တည်းဖြတ်သန်းခဲ့ရတဲ့ အချိန်တွေကဘာကြောင့်ပါလဲ' 'အချစ်ကိုရှာဖွေနေ ပါတယ်''ချစ်ဖို့၊ အချစ်ခံဖို့အဆင်သင့်ဖြစ်နေပါပြီ'ဆိုပြီးအော်နေရတာလွယ်ပါတယ်။ ဒါပေမဲ့ ကိုယ့်ကိုယ် အချစ်ကနေသွေဖီစေတဲ့ ကိုယ့်ကိုယ်ကိုယ်သံသယတွေရှိနေတယ်ဆိုတာ နားလည်မှာမဟုတ်ပါဘူး။ အဲဒီတော့ ကိုယ်ဘာတွေသံသယ၀င်နေတာလဲ။ ကိုယ့်လိုသံသယ၀င်တတ်သူတွေဟာ အချစ်ကိုတွေ့နေပြီ လား။ ကိုယ့်ကိုယ်ကိုယ်မတင်မကျသံသယစိတ်တွေဝင် နေတိုင်းဒီမေးခွန်းနှစ်ခုသာမေးကြည့်ပါ။

ကိုယ့်ကိုယ်ကိုယ်ချစ်ပါ
ဒီစကားကြားရပါများလွန်းလို့ ရိုးအီနေလောက်ပါပြီ။ ကိုယ့်ကိုယ်ကိုယ် မချစ်တတ်ဘဲ တစ်ခြားလူတစ်ယောက် ကိုချစ်ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ ကိုယ့်ကိုယ်ကိုယ်ချစ်တတ်ဖို့ ကိုယ့်ရဲ့ခန္ဓာနဲ့ ၀ိဥာဉ်စိတ်ကို လွတ်လပ်ခွင့်ပေးထားဖို့ လိုပါတယ်။ အတွေးအမြင်ဆိုးတွေ၊ အယူအဆဆိုးတွေကနေဖြစ်ဖြစ်ပေါ့။ တစ်ချိန်က ကိုယ်ဟာလှည့်စားခံရသူ၊ အသည်းခွဲခံရသူဖြစ်ကောင်းဖြစ်လိမ့်မယ်။ အဲဒီအတွက်အရာရာကို သံသယ ၀င်နေသလိုကိုယ့်ကိုယ်ကိုယ်လည်းအပြစ်မကင်းသလိုခံစားရကောင်းခံစားရလိမ့်မယ်။ တကယ်တော့ဒီခံစားချက် တွေဟာကိုယ့်ကိုယ် ကိုယ်အချစ်စစ်က နေဝေးကွာစေဖို့ တံတိုင်းကြီးဆောက် ထားလိုက်သလိုပါဘဲ။ အဲဒီတော့ အကောင်းဆုံးက ကိုယ့်ကိုယ်ကိုယ် အကောင်းမြင်ပါ။ တကယ်လို့ ကိုယ် ဟာအသည်းခွဲခြင်း၊ လှည့်စားခြင်းခံရ သူဖြစ်ခဲ့ရလည်း ဒီအခြေအနေတွေကို အတတ်နိုင်ဆုံးအလျှင်အမြန်ရှာဖွေ တွေ့ရှိသွားတဲ့အတွက်ကျေးဇူးတင်လိုက်ပါ။ သင်ခန်းစာတစ်ခုအနေနဲ့ မှတ်ယူလိုက်ပါ။ အဆိုးတွေကအကောင်း အဖြစ်ပြောင်းလဲနိုင်ခြင်းက တကယ်ကိုစွမ်းအားပြင်းတဲ့အခြေအနေတစ်ခုပါ။ ဒီစွမ်းအားတွေကြောင့်ပဲ ကမ္ဘာကြီးနဲ့အတူကိုယ့် ကိုယ်ကိုယ်ချစ်တတ်လာပါတော့တယ်။
ဘယ်တော့မှအရှုံးမပေးနဲ့
အချစ်စစ်ဆိုတာ ဘယ်တော့မှလွယ် လွယ်ကူကူလာရိုးထုံးစံမရှိလို့အတတ် နိုင်ဆုံးစိတ်ရှည်ထားဖို့လိုပါတယ်။ အဆိုး တွေလာသလို အကောင်းတွေလည်းလာပါလိမ့်မယ်။ ကိုယ့်ဘက်ကသာ စိတ် ရှည်ရှည်နဲ့အရှုံးမပေးဖို့ဘဲလိုပါတယ်။
ကိုယ်လိုချင်တာကိုယ်သိပါ
ကိုယ်ဘာလိုချင်တယ်ဆိုတာ ကောင်းကောင်းမသိတဲ့လူတစ်ယောက် ကအချစ်စစ်ကိုလွယ်လွယ်ကူကူရှာတွေ့ ဖို့ဆိုတာဖြစ်နိုင်ပါ့မလား။ ပထမဆုံးကိုယ်ချစ်ရမယ့်သူဆီကနေ ကိုယ်ဘာ လိုချင်တာလဲဆိုတာဆုံးဖြတ်ပါ။ အဲဒီ တော့အကောင်းဆုံးက လူတစ်ယောက် အကြောင်းသိချင်ရင် သူနဲ့အတူအချိန်ကုန်ဆုံးကြည့်ပါ။ သူ့ဆီကနေဘယ် အချက်တွေကြိုက်တယ်၊ ဘယ်အချက်တွေမကြိုက်ဘူးဆိုတာဆုံးဖြတ်ပါ။ အကောင်းအဆိုးတွေဘယ်ဟာတွေကပိုများနေလဲ။ အဆိုးတွေကရော ကိုယ်ပြုပြင်ယူနိုင်တာတွေလား။ အားလုံးချင့်ချိန်ပြီးမှကိုယ့်လိုအပ်ချက်နဲ့နှိုင်းယှဉ်ချိန်ထိုးကြည့်တာအကောင်းဆုံးပါ။

Whitney
--------------------------------------------------------
ရသစုံလင် အနုပညာဖျော်ဖြေမှု ကောက်ကြောင်းများကို Shape Entertainment မှာ ဖတ်ရှုလိုက်ပါ ...

www.facebook.com/shapejournal
www.facebook.com/groups/weloveshape

 
Share on Google Plus

0 comments:

Post a Comment